InShot_20220822_130251400-mc
[00:00.30] - ချိုးရှီ မီးလောင်နေတဲ့ အခန်းထဲ ဝင်နေစဥ် လျှောက်လမ်းပေါ်၌ -
[00:02.05] ယီရှဲ့ : သူ ပြန်ထွက်လာနိုင်ပါ့မလား?
[00:03.56] နန်ကျူ : သေချာပေါက် ထွက်လာနိုင်လိမ့်မယ်
[00:05.80] ချန်းရှန်း : ချန်းရွှေ.. တောင့်မခံထားနဲ့တော့..
[00:10.05] ချန်းရွှေ? ဘယ်လိုလဲ? ဒဏ်ရာမရခဲ့ဘူးမလား?
[00:15.57] ချန်းရွှေ : သော့ရော ယူလို့ ရခဲ့ပြီလား?
[00:17.31] - ချိုးရှီ သော့ကို အခန်းပြင်ဘက် လှမ်းပစ်လိုက်သံ -
[00:19.05] ယီရှဲ့ : လင်လင် အထဲမှာ ပိတ်မိနေပြီ!
[00:19.81] ချန်းရှန်း : သော့ပဲ!
[00:21.55] ချန်းရွှေ : ကော! သော့အမြန်သွားယူပြီး တံခါးသွားရှာတော့လေ!
[00:23.81] ချန်းရှန်း : အင်း!
[00:25.30] - နန်ကျူ ဓားနဲ့ ချန်းရှန်းရဲ့ လည်ပင်းကို ထောက်လိုက် -
[00:26.55] နန်ကျူ : ပြန်ဝင်
[00:29.05] ချန်းရှန်း : ခင်ဗျား ဇရှိရင် သတ်ပစ်လိုက်လေ! ခင်ဗျား!
[00:30.80] ချန်းရွှေ : ကျုမုန်! နင် ဒါ ဘာလုပ်တာလဲ! ?
[00:33.80] နန်ကျူ : မင်း နောက်တစ်ခေါက် ပြန်ဝင်သွားလိုက်!
[00:36.06] ငါ သူ့ကို သွားကယ်ထုတ်လို့ရအောင်လို့!
[00:39.31] ချန်းရွှေ : နင်တို့ကို သုံးဆယ်စက္ကန့် ထပ်ပေးမယ်......
[00:41.05] နန်ကျူ : တစ်မိနစ်တိတိ..
[00:42.80] တစ်စက္ကန့်လေး လျော့တာနဲ့ မင်းအစ်ကို ဒီနေရာမှာပဲ သေသွားရလိမ်မ့ယ်..
[00:46.05] မင်း လာခဲ့လိုက်..
[00:48.55] တကယ်လို့ သူ့ဘက်က တစ်ခုခု တုံ့ပြန်တာနဲ့ သူ့လည်မျိုကို တစ်ခါတည်း ထိုးပစ်လိုက်
[00:52.81] ချန်းရွှေ : ကော!
[00:55.81] ချန်းရှန်း : ဝင်သွားလိုက်!
[00:57.06] နန်ကျူ : ယီရှဲ့.. အချိန် သေချာကြည့်ထားလိုက်..
[00:59.06] တစ်စက္ကန့်လောက်ပဲ ဖြစ်ဖြစ် လော့ချန်းရွှေဘက်က အချိန်စောပြီး ကြိုထွက်လာတာနဲ့ မင်း ချက်ချင်း ရှင်းပစ်လိုက်တော့
[01:04.06] ယီရှဲ့ : ကောင်းပြီ
[01:05.31] ချန်းရွှေ ကျုမုန် နင့်လို စကားဗလောင်းဗလဲ ပြောတတ်တဲ့ လူလိမ်!
[01:10.30] နန်ကျူ : လူလိမ် ဟုတ်လား?
[01:12.80] မင်း ပါးစပ်က အရှက်မရှိ ငါ့ကိုများ လူလိမ်လို့ ပြောထွက်ရဲသေးတယ်?
[01:14.80] ငါးမိနစ်ဆိုပြီး ပြောထားပြီးသားကို ကြိုစောထွက်လာတာက မင်းလေ!
[01:17.05] တကယ်လို့ သူ သေသွားလို့ကတော့ မင်းတို့ကိုပါ အရှင်လတ်လတ် ထည့်မြှုပ်ပေးလိုက်မှာ!
[01:21.80] - မီးလောင်နေသော အခန်းထဲ၌ -
[01:23.06] ချိုးရှီ : ဟို သားအမိ ပြန်လာနေပြီ..
[01:34.31] တံခါးကို သူ ဆွဲပိတ်တော့မယ်!
[01:42.55] ငါ လမ်းထပ် မလျှောက်နိုင်တော့ဘူး..
[01:45.55] သော့ သော့ သော့ကို နန်ကျူဆီ ရောက်အောင် ပေးလိုက်မှ ရမယ်!
[01:53.05] - သော့ကို အခန်းပြင်ဘက် လှမ်းပစ်လိုက် -
[01:57.05] အမြန် သွားနှင့်တော့!
[02:04.81] - ချိုးရှီ ကြမ်းပြင်ပေါ်မှာ ဒူးထောက်ကျလျက် တီးတိုးရေရွတ်နေမိခြင်း -
[02:18.56] ဒီတစ်ခေါက်က တံခါးထဲ ဝင်ရတဲ့ နောက်ဆုံးအကြိမ် တကယ်ဖြစ်သွားခဲ့ပြီပဲ......
[02:25.31] နန်ကျူ...... ငါ......
[02:32.30] ငါ ထင်ထားတာက...... ငါ ထင်ထားတာက......
[02:36.31] ငါတို့မှာ......
[02:39.55] အချိန်တွေ အများကြီး ရှိဦးလိမ့်မယ်လို့ ထင်ထားခဲ့မိတာ......
[02:44.06] - ဖြတ်သန်းလာခဲ့ရသမျှ ပုံရိပ်များကို ချိုးရှီ ပြန်မြင်ယောင်နေမိခြင်း -
[02:55.80] (ကျွန်တော်က လင်ချိုးရှီပါ.. မင်းကရော?)
[02:58.30] (နီဟောင်.. ကျွန်မက ရွမ်ပိုင်ကျယ်လို့ ခေါ်တယ်ရယ်)
[03:02.06] (မင်း ဘယ်သူလဲ? ဘယ်လိုဖြစ်ပြီး ငါ့အိမ်ထဲ ရောက်နေတာလဲ?)
[03:05.56] (နီဟောင်.. ငါက ရွမ်နန်ကျူ)
[03:09.56] (လင်ချိုးရှီ.. ငါ မင်းကို လိုအပ်တယ်)
[03:15.05] (လင်ချိုးရှီ.. ငါ မင်းကို အရမ်း သဘောကျတယ်)
[03:27.80] နန်ကျူ : ချိုးရှီ! ချိုးရှီ! ချိုးရှီ! ချိုးရှီ!
[03:34.80] - နန်ကျူ တံခါးဖျက်ပြီး ဝင်ရောက်လာခဲ့ -
[03:45.56] နန်ကျူ : ချိုးရှီ! ချိုးရှီ! ချိုးရှီ! ချိုးရှီ!
[03:53.30] ချိုးရှီ : နန်...... ကျူ......?
[03:59.56] နန်ကျူ : ငါ ရှိတယ်.. ငါ ရှိတယ်နော်......
[04:03.81] - နန်ကျူ ချိုးရှီကို ပွေ့ချီမလိုက် -
[04:29.05] နန်ကျူ : ငါတို့ သွားရအောင်..
[04:59.80] ချိုးရှီ.. မင်း တစ်ခုခုဖြစ်သွားရအောင်အထိ ငါ ထားခဲ့မှာ မဟုတ်ဘူး!
[00:00.00] ချန်းရှန်း : အရူး!
[00:00.00] ယီရှဲ့ : မင်း ငြိမ်ငြိမ်လေး နေရင် ကောင်းမယ်!
[00:00.00] မဟုတ်လို့ကတော့ ဒီဓားက မင်း လည်မျိုထဲ စိုက်ဝင်သွားလိမ့်မယ်!
[00:00.00] - နန်ကျူတို့ အခန်းပြင် ပြန်ရောက်လာနိုင်ခဲ့ -
[00:00.00] ယီရှဲ့ : ကျုမုန်! မင်းတို့ ပြန်ထွက်လာပြီ!
[00:00.00] နန်ကျူ : ချိုးရှီ အသက်ရှင်နေသေးတယ်..
[00:00.00] ယီရှဲ့ : မင်း တောင့်ခံနိုင်သေးရဲ့လား?
[00:00.00] နန်ကျူ : သော့က ဒီမှာ
[00:00.00] ယီရှဲ့ : ကောင်းပြီ
[00:00.00] - ချန်းရွှေလည်း မှန်ထဲက ပြန်ထွက်လာခဲ့ -
[00:00.00] ချန်းရွှေ : ကော!
[00:00.00] ချန်းရှန်း : ချန်းရွှေ.. မင်း ဘာမှ မဖြစ်ဘူးမလား!
[00:00.00] ချန်းရွှေ : မဖြစ်ပါဘူး.. ကျုမုန် သူ?
[00:00.00] သူ ဘယ်လိုဖြစ်ပြီး ရုပ်ပျက်ဆင်းပျက် မီးလောင်ခံထားရတာလဲ?
[00:00.00] ချန်းရှန်း : ငါ သူ့ကို သွားသတ်ပစ်လိုက်မယ်..
[00:00.00] ချန်းရွှေ : ကော.. သူတို့ကို ကူညီပေးလိုက်ပါ..
[00:00.00] ချန်းရှန်း : ဒါပေမဲ့ သူတို့ ခုနတုန်းက ငါတို့ကို ခြိမ်းခြောက်ပြီး ဖိအားပေးခဲ့တယ်လေ!
[00:00.00] နင့်ကို တစ်မိနစ်အထိတောင် ပြန်ဝင်ခိုင်းလိုက်သေးတယ်!
[00:00.00] တစ်စက္ကန့်လေးဆိုရင်တောင် အရမ်းကို အန္တရာယ်များနေပြီဟာကို!
[00:00.00] နင်သာ တကယ်လို့ ထပ်ပြီး တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် ငါ ဘယ်လိုလုပ်ရ......
[00:00.00] ချန်းရွှေ : ဒါပေမဲ့လည်း ငါက အစကတည်းက......
[00:00.00] ကော.. သူတို့ကို ကူညီပေးလိုက်ပါနော်..
[00:00.00] ကျုမုန်.. သူ့ပုံစံက အဲ့အချိန်တုန်းက ငါ့ကိုယ်ငါ ပြန်သတိရစေတယ်
[00:00.00] ချန်းရှန်း : ချန်းရွှေ နင်! ကောင်းပြီလေ
[00:00.00] ဟိတ်? အချိန် မရှိတော့ဘူး..
[00:00.00] ကျွန်တော် ခင်ဗျားကို ကျောပိုးပေးမယ်.. အတူသွားရအောင်
[00:00.00] နန်ကျူ : ကောင်းပြီ.. တံခါးက အရေးပေါ်ထွက်ပေါက်မှာ ရှိတယ်
[00:00.00] ယီရှဲ့ : ကျွန်တော် လင်လင့်ကို ကျောပိုးလိုက်မယ်
[00:00.00] ချန်းရှန်း : ချန်းရွှေ.. မင်းတစ်ယောက်တည်း အဆင်ပြေတယ်မလား?
[00:00.00] ချန်းရွှေ : ပြေပါတယ်.. အမြန်သွားတော့လေ
[00:00.00] ချန်းရှန်း : ကျုမုန်.. ခင်ဗျား နည်းနည်းလေးမှ မတွေးမိဘူးလား?
[00:00.00] ခင်ဗျား အဲ့အခန်းထဲ ဝင်သွားပြီး ပြန်မထွက်လာနိုင်တော့တာလည်း ရှိမယ်ဆိုတာကိုလေ?
[00:00.00] နန်ကျူ : မတွေးမိဘူး
[00:00.00] ချန်းရှန်း : သူက အရမ်း အရေးပါတာပဲလား?
[00:00.00] နန်ကျူ : ငါ သိတဲ့ တစ်ခုတည်းသောက..
[00:00.00] တကယ်လို့ အခန်းထဲ ဝင်သွားတဲ့ လူက ငါ ဖြစ်နေခဲ့မယ်ဆိုရင်..
[00:00.00] သူလည်းပဲ သေချာပေါက် လိုက်ဝင်ခဲ့ပြီး ငါ့ကို လာပြန်ရှာမှာပဲ..
[00:00.00] ချန်းရှန်း : ကျွန်တော်တို့ အရင်သွားနှင့်ပြီ! ဂရုစိုက်ဦး
[00:00.00] နန်ကျူ : ဂရုစိုက်......
[00:00.00] ချန်းရွှေ : ကော! နောက်တံခါးကျ တွေ့မယ်နော်!
[00:00.00] ချန်းရှန်း : အင်း.. ကိုယ့်ကိုယ်ကိုယ် သေချာဂရုစိုက်ဦး
[00:00.00] - တံခါးထဲ ဝင်သွားပြီး ချန်းရှန်းချန်းရွှေတို့ ပျောက်ကွယ်သွားကြ -
[00:00.00] ယီရှဲ့ : လက်စသတ်တော့ လော့ချန်းရွှေက လုံးဝ ထွက်လို့ မရဘူးပဲ.. တံခါးထဲမှာပဲ ရှင်နေနိုင်တယ်
[00:00.00] နန်ကျူ : အင်း.. ငါတို့လည်း သွားရအောင်
[00:00.00] - တံခါးအပြင်ဘက် ပြန်ရောက်သွားခဲ့ -
[00:00.00] - နန်ကျူ သတိလစ်သွား -
[00:00.00] ယီရှဲ့ : ရွမ်ကော! ဟယ်လို? 120 လား?
