Lrc Player

မယ်တင်

Big Bag
[03:00.02]·Synced by Guest·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:18.75] အရင်လိုပါပဲ ဖုန်တွေကြားထဲ ယိုင်တိုင်တိုင်လှည်းကြီးမောင်းရင်းနဲ့

[00:25.13] အရင်လိုပါပဲ အသံကြောင်တတ်တဲ့ မယ်ဒလင်လက်သံစမ်းနေခဲ့

[00:31.50] အရင်လိုပါပဲ ချဉ်ပေါင်ဟင်းနဲ့. ကြုံရာငါပစ်ထဲ့ ဝါးရင်းနဲ့

[00:38.14] အဆင်ပြေရင်လည်း ငါတွေးနေရင်းနဲ့ မယ်တင် ငါနင့်ကိုလွမ်းပါရဲ့

[00:44.25] ရောင်နီလာမဲ့ မိုးသောက်တိုင်းငါလွမ်းတယ်

[00:47.44] နေညိုရင်လည်း ထန်းတောထဲက လွမ်းတယ်

[00:50.89] တောင်ပေါ်တက်ရင်း ဖက်ခုတ်ရင် ငါလွမ်းတယ်

[00:54.34] မယ်တင် နင်လည်း ငါ့ကိုမမေ့ပါနဲ့

[01:04.70] အရင်လိုပါပဲ အိမ်ခေါင်မိုးလည်း ကြယ်ရောင်စုံလင်းလက်တောက်ပဆဲ

[01:11.35] အိမ်ပေါ်မှာလည်း ငါခေါ်တင်ထားတဲ့ ပိန်ညောင်ညောင် ခွေးတစ်ကောင်ရောက်နေတယ်

[01:17.72] မရည်ရွယ်ပါဘဲ ပေါင်ဖြစ်သွားတဲ့ နင်မှန်မှန်ချက်တဲ့ ထမင်းအိုးလည်း

[01:24.63] အဆင်ပြေမှဘဲ ငါပြန်ရွေးမယ် မယ်တင် နင်ငါ့ကိုစိတ်မကုန်နဲ့

[01:30.74] ဆီကုန်နေတဲ့ မီးခွက်ကြီးက လွမ်းတယ်

[01:33.92] ယောင်ချာချာနဲ့ ဝက်မကြီးလည်း လွမ်းတယ်

[01:37.38] ဖုန်တင်နေတဲ့ ကျောက်ပျဉ်ကြီးက လွမ်းတယ်

[01:40.56] မယ်တင် ငါလည်း နင့်ကိုလွမ်းပါရဲ့

[01:57.83] ဒီလိုနဲ့ပဲ ရွာမှာရှိတဲ့ လူတွေက မေးငေါ့နှာခေါင်းရှုံ့ခဲ့

[02:04.47] နင်ပြန်လာမှ အကုန်လိုက်တောင်းမဲ့ ငါယူတဲ့အကြွေးတွေ ဝိုင်းနေတယ်

[02:11.11] အရင်လိုပါပဲ ရွာအဝင်လမ်းထဲ ငါမှိုင်တွေငေးမောရင်းနဲ့ပဲ

[02:17.75] အဆင်ပြေရင်တော့ ငါသိပ်လွမ်းလို့ အိမ်အပြန်နင့်ကိုတွေ့ချင်ရဲ့

[02:23.86] လူတွေကလည်း အကြွေးတောင်းရအောင် လွမ်းမယ်

[02:27.05] ဗီဒီယိုရုံက ဦးတုတ်ကြီးလည်း လွမ်းမယ်

[02:30.77] ရွာသူတွေလည်း အတင်းပြောရအောင် လွမ်းမယ်

[02:34.22] မယ်တင် ငါလည်း နင့်ကိုလွမ်းပါရဲ့

[02:37.41] ဆီကုန်နေတဲ့ မီးခွက်ကြီးက လွမ်းတယ်

[02:40.60] ယောင်ချာချာနဲ့ ဝက်မကြီးလည်း လွမ်းတယ်

[02:43.78] ဖုန်တင်နေတဲ့ ကျောက်ပျဉ်ကြီးက လွမ်းတယ်

[02:47.24] မယ်တင် ငါလည်း နင့်ကိုလွမ်းပါရဲ့