ဒါဟာဘဝပါ
[00:40.79] ရေဒီယိုကိုဖွင့်ထားပါ အသံတွေထဲမှာ တစ်ခုခုမင်းရနိုင်တယ်
[00:48.31] အဆင်ပြေလာရင် ငိုလိုက်ပါ ကိစ္စပေါင်းစုံတံခါးခေါက်ထပ်ရောက်လာမယ့်
[00:55.48] သေမင်းနဲ့မင်းဟာ ငယ်သူငယ်ချင်းပါ သူဟာမင်းကိုအကောင်းဆုံး စောင့်ရှောက်ပါရဲ့
[01:03.20] ပြတင်းပေါက်ကနေ လေချွန်လိုက်ပါ အမှောင်ရိပ်ထဲမှာတစ်ယောက်ယောက်စောင့်ကြည့်နေမယ်
[01:10.96] ဒါဟာ ဘဝပါ မြေကြီးနဲ့ကောင်းကင်ကြားက ရသလောက်ပါပဲ
[01:18.50] ဒါဟာ ဘဝပါ အဖုံးဖွင့်ထားရင် မင်းအကြောင်းမင်းတွေ့နိုင်မယ်
[01:26.58] ဒါဟာ ဘဝပါ ကလေးလေးတစ်ယောက်လိုခြေထောက်ဆောင့် စိတ်ကောက်နိုင်တဲ့
[01:33.54] ဒါဟာ ဘဝပါ အဘိုးကြီးတစ်ယောက်လို တုတ်ထောက်ရပ်စောင့်နိုင်ရဲ့
[01:48.86] အစီခံတိုတွေ သွန်လိုက်ပါ ပြာခွက်ထဲမှာ အတွေးနဲ့ထပ်ဖြည့်နိုင်တဲ့
[01:56.29] ရယ်သံအတိုတွေယူလိုက်ပါ လူတွေအကြောင်းကို အကောင်းနဲ့ထပ်ဖြည့်နိုင်တဲ့
[02:03.73] အသည်းကွဲဖူးရင် မှတ်ထားပါ ရန်သူငါးပါးမှာ နောက်တစ်ယောက် ထပ်ဖြည့်နိုင်တဲ့
[02:11.17] မက်ကင်းနစ် တစ်ယောက်ခေါ်ပြင်လိုက်ပါ Congratulation မင်းကိုမင်းတွေ့မယ်
[02:18.95] ဒါဟာ ဘဝပါ မြေကြီးနဲ့ကောင်းကင်ကြားက ရသလောက်ပါပဲ
[02:26.30] ဒါဟာ ဘဝပါ အဖုံးဖွင့်ထားရင် မင်းအကြောင်းမင်းတွေ့နိုင်မယ်
[02:34.00] ဒါဟာ ဘဝပါ ထမင်းစားအသက်ရှင် စဉ်းစားမှားယွင်းနိုင်တဲ့
[02:41.74] ဒါဟာဘဝပါ စိတ်ကလွဲရင် အားလုံးသန့်ပြန့်နိုင်တယ်
[03:17.81] မှန်တယ်ထင်ရင် ဆက်တွေးပါ ဇာတာကောင်းရင် သတင်းကောင်းကြားရနိုင်တဲ့
[03:25.03] အကူအညီလိုရင်ယူလိုက်ပါ အပြင်ထွက် တွေးရင် အကောင်းပဲကြားရနိုင်ရဲ့
[03:32.50] မစဉ်းစားတတ်ရင် ကျော်လိုက်ပါ ဒီသီချင်းကို မင်းလည်းနားငြီးနိုင်ရဲ့
[03:39.94] စိတ်ထဲကအတိုင်း ဝန်ခံလိုက်ပါ ငါကို သွားမဲ့လမ်းမှာတံတားတွေ ခင်းထားတယ်
[03:47.81] ဒါဟာ ဘဝပါ မြေကြီးနဲ့ကောင်းကင်ကြားက ရသလောက်ပါပဲ
[03:55.17] ဒါဟာ ဘဝပါ အဖုံးဖွင့်ထားရင် မင်းအကြောင်းမင်းတွေ့နိုင်မယ်
[04:02.70] ဒါဟာ ဘဝပါ မင်းကလွဲရင် လူတိုင်းကရိပ်မိပါရဲ့
[04:10.28] ဒါဟာ ဘဝပါ ရသလောက်နဲ့ နေရဲဖို့ကြိုးစားနိုင်ရဲ့
