Lrc Player

စုံထောက် 007

Bobby Soxer
[03:42.24]·Synced by Guest·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:07.83] ရည်းစားတစ်ယောက်ကြောင့် ဒီလိုဖြစ်မယ် ဘယ်သူကကြိုပြီးသိမှာလဲ

[00:11.28] အနီးအနားတောက်လျှောက် ငါဘယ်သွားသွား သူလိုက်ချောင်းပြီးကြည့်တာ အမြဲ

[00:15.01] မသိမသာလည်းမဟုတ် ကုပ်ချောင်းချောင်းနဲ့ဆို ပိုပြီးသိသာတယ်

[00:18.72] ခြေရာခံလိုက်ကာ မျက်ဖြူစိုက်လာ ငါ့ရည်းစားက စုံထောက်ကြီးအထာနဲ့

[00:22.45] ဟော ပြောစရာ ဖြစ်ကုန်ပြီဟဲ့ သူ့ကိုယ်သူ ရှက်ဖို့ကောင်းတဲ့ အဖြစ်ကိုမသိဘဲ

[00:25.64] အချိန်ရှိတိုင်းရှာနေတာ ငါ့အပြစ်ကိုချည်းပဲ အချစ်ကိုကျီစယ်ပြီး သူကချစ်လိုသည့်ငနဲ

[00:29.35] အစ်အောက်တဲ့မေးခွန်းတွေ မဟားတရားသုံး အပ်ကြောင်းထပ်သောစကားကြောင့် ငါ့နားများထုံ

[00:32.80] ဘယ်ကိစ္စမှ သူက အားအားယားယား မလုပ် သူ့ကိုယ်သူထင်နေတာ ရှားလော့ဟုမ်း(စ်)

[00:36.79] ဟိုလိုလို ဒီလိုလို ပုံစံတွေအကုန်လုံး သိုင်းကွက်နင်း ငါ့အကြောင်းများ စုံစမ်းနည်းမျိုးစုံ

[00:40.50] ရွှေ့လိုက်တဲ့အကွက်တိုင်းက ရှေးရှေးတုန်းကလို နည်းနည်းပါးပါး ဒီ့ထက်ပိုပြီး ကြိုးစားကြည့်လိုက်ဦး

[00:44.75] အမြဲတမ်း သူရုပ်ဖျက်ကာ ငါ့အနောက်ကို လိုက် လိုက် ကြည့်တယ်

[00:52.19] အမြဲတမ်း သူ စိတ်မချနိုင် အနီးအနားမှာ တောက်လျှောက်ရှိတယ်

[00:59.37] အရှေ့ အနောက် တောင် မြောက် သတင်းတွေ လိုက်ကာ ဖြန့်ကြက်စုံစမ်းတတ်တဲ့ သူက စုံထောက်

[01:10.26] တစ်နေ့တာ သူ့ရဲ့လှုပ်ရှားမှုက မိုးလင်းကတည်းကစတယ်

[01:14.24] မနက် ငါကျောင်းသွားပြီဆိုရင်လည်း ရောက်တဲ့ အချိန်နောက်ကျသတဲ့

[01:17.70] သူငယ်ချင်းတွေနဲ့ အပြင်သွားပြီဆိုလည်း ယောက်ျားတွေများတယ်

[01:21.68] လူကို အစ်အောက်မေးမြန်းနေပုံက ဆားပုလင်းနှင်းမောင် အလားပဲ

[01:25.13] ရုပ်ဖျက်ရ လူကြားထဲမှာ ဂျိမ်း(စ်)ဘွန်း ဂိုက်ဖမ်းပြီး ငါ့ကိုလိုက် check တာ

[01:28.85] အမြဲတမ်း ငါ့မလှမ်းမကမ်းမှာ စုံထောက်လို ပုံစံဖမ်းမြဲသာ

[01:32.31] ပုံပန်းလည်းမကျ သူက ဖလန်း ဖလန်း သရုပ်ဆောင်နေသလိုပဲ ဇာတ်ဝင်ခန်းထဲမှာ

[01:36.29] စိတ်ပျက်စရာ မလိမ့်တစ်ပတ်များ အနောက်ကတကောက်ကောက်လိုက်နေတဲ့ ဂိုက်ပေးကြမ်းတဲ့ဆရာ

[01:39.74] ကလေးလိုလို အေး အို အို သူ့အကျင့်တွေကြောင့် ပတ်ဝန်းကျင်မှာ ရှက်စရာအချို့

[01:43.73] ပြဿနာကိုဆက်ရှာလို့ ငါ့အပေါင်းအသင်းတွေကြားမှာ မျက်နှာပျက်စရာမို့

[01:47.44] ဆိုးချက်ကလည်းအပို ပြောရခက်တဲ့အစ်ကို ဘာဆိုဘာမှ သူဂရုမစိုက်တာဆိုး

[01:50.90] စကာများကလည်းတစ်မျိုး အပြုအမူကလည်းဆိုး တကယ့် တကယ်တော့ သူကဦးစံရှားရဲ့အမျိုး

[01:54.88] အမြဲတမ်း သူရုပ်ဖျက်ကာ ငါ့အနောက်ကို လိုက် လိုက် ကြည့်တယ်

[02:02.32] အမြဲတမ်း သူ စိတ်မချနိုင် အနီးအနားမှာ တောက်လျှောက်ရှိတယ်

[02:09.49] အရှေ့ အနောက် တောင် မြောက် သတင်းတွေ လိုက်ကာ ဖြန့်ကြက်စုံစမ်းတတ်တဲ့ သူက စုံထောက်

[02:20.65] မလွယ်ပါဘူး တဖြေးဖြေးနဲ့ စိတ်တေတွထဲမှာ ဘယ်လိုမျုးပြောင်းလဲလာလဲဆိုတာ ပြောပြမယ်

[02:31.81] စိတ်တွေအမြဲ ရှုပ်ယှက်ခတ်နေရတာ အားလုံးသူ့ကြောင့်ပဲ

[02:35.52] မအိပ်မနေနဲ့ ပျာယာတွေခတ်ကာ ဘာတွေဖြစ်နေပြန်တာလဲ

[02:38.99] စိတ်လေတယ် ဘာဆိုဘာမှမသိတဲ့သူ ရူးကြောင်ကြောင်ငနဲ

[02:42.71] အရိပ်အခြည် မပြတ်ပါ အနားမှာရှိနေတတ်တာတွေက ဘာကြောင့်လဲ

[02:46.43] အမြဲတမ်း သူရုပ်ဖျက်ကာ ငါ့အနောက်ကို လိုက် လိုက် ကြည့်တယ်

[02:53.87] အမြဲတမ်း သူ စိတ်မချနိုင် အနီးအနားမှာ တောက်လျှောက်ရှိတယ်

[03:01.31] အရှေ့ အနောက် တောင် မြောက် သတင်းတွေ လိုက်ကာ ဖြန့်ကြက်စုံစမ်းတတ်တဲ့ သူက

[03:08.75] အမြဲတမ်း သူရုပ်ဖျက်ကာ ငါ့အနောက်ကို လိုက် လိုက် ကြည့်တယ်

[03:16.17] အမြဲတမ်း သူ စိတ်မချနိုင် အနီးအနားမှာ တောက်လျှောက်ရှိတယ်

[03:23.35] အရှေ့ အနောက် တောင် မြောက် သတင်းတွေ ငါ့အကြောင်းကိုလိုက်ကာ ဖြန့်ကြက်စုံစမ်းတတ်တဲ့ သူက စုံထောက်