သူ့မှာတမ်း
[00:12.36] -သူ့မှာတမ်း-
[00:14.87] သူတို့ အဆုတ်၊ ထားခဲ့မြှုပ်သည့်
[00:17.92] ဗုံးငုတ် တိုက်မှား၊ မောင်ပြောက်ကျားကို
[00:21.55] ရွာသားရွာသူ၊ မေးကြမြူသည်
[00:24.87] အူအူယမ်းငွေ့ ထတုန်းတည်း။
[00:27.92] “အမောင်ပြောက်ကျား၊ ချစ်သူအားကို
[00:30.70] ဘာများ မှာခဲ့လိုသနည်း။”
[00:34.04] “ငယ်ကကြင်မြတ်၊ မိသက်မှတ်ကို
[00:37.10] ခွင့်လွှတ်ခဲ့ကြောင်းပြောပါလေ။”
[00:40.45] “အမောင်ပြောက်ကျား၊ မိဘအားကို
[00:43.24] ဘာများ မှာခဲ့လိုသနည်း။”
[00:45.47] “မွေးသည့်မိခင်၊ မွေးဖခင်ကို
[00:48.52] ဦးတင်ခဲ့ကြောင်း ပြောပါလေ။”
[00:51.58] “အမောင်ပြောက်ကျား၊ တိုင်းပြည်အားကို
[00:54.13] ဘာများ မှာခဲ့လိုသနည်း။”
[00:56.60] “ခရီးမတ်တတ်၊ လမ်းခုလတ်တွင်
[00:58.84] ကိုယ်လွတ်ရှောင်ခွာ၊ ခွဲရပါ၍
[01:02.43] အားနာခဲ့ကြောင်း ပြောပါလေ။”
[01:05.78] ယမ်းငွေ့အူအူ၊ တလူလူနှင့်
[01:09.99] မေးမြူကြတုန်း၊ အနောက်ကုန်းတွင်
[01:11.67] နေလုံး ကွယ်လေပြီတကား။ ။
[01:15.85] မင်းသုဝဏ်
