Lrc Player

ကြားလား မြင်လား သူငယ်ချင်း

လင်းနွေဦး
[02:16.70]·Synced by Guest·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:00.01] ကိုဖြိုးဇေယျာသော်

[00:00.56] ၁၂ရက်နေ့ ဧပြီလ ၂၀၀၈ခုနှစ်

[00:01.67] (ထောင်တွင်းမှရေးသားပေးပို့သည့်ကဗျာ)

[00:02.23] ကြားလား

[00:03.34] မြင်လား

[00:04.72] မဝေဝါးနဲ့ သူငယ်ချင်း

[00:05.55] ငါပြောတာကို

[00:08.34] မင်းကြားပါစ

[00:10.26] ဒါမှမဟုတ်

[00:11.66] ငါ့စကားဟာနားခါးစေတာမို့

[00:14.47] မကြားသလိုများ

[00:15.60] နေ နေလိုက်တာလား

[00:17.80] သောကတွေတပွေ့တပိုက်နဲ့

[00:19.21] မင်းတို့ငါတို့ရဲ့ဘ၀

[00:20.60] ချွတ်ခြုံကျ

[00:21.71] ဒုက္ခတွေက အထွေထွေ

[00:23.66] ဒီအမှန်တရားတွေကို

[00:25.33] မကြားဘဲမနေလိုက်ပါနဲ့ သူငယ်ချင်း

[00:28.40] ‘မြင်အောင်ကြည့်ပါ’လို့

[00:29.80] ငါကပြောတော့

[00:30.63] မင်းကဖြေတယ်

[00:32.30] ‘မြင်တယ်လေ မြင်တယ်’

[00:32.86] ‘မြင်နေသားပဲ"တဲ့

[00:35.93] ဒါပေမယ့်

[00:36.77] မင်းရဲ့အမြင်က ဘာလဲ

[00:39.00] သတိပဋ္ဌာန်တရားတွေ

[00:40.95] ရှုမှတ်ပွားနေသလို

[00:42.91] ‘မြင်တယ်’ လို့မှတ်

[00:44.02] ‘မြင်သိစိတ်’ မှာတင်ရပ်နေရင်

[00:46.25] ဟောဒီ လောကီအရေးမှာ

[00:48.22] အလုပ်ဟာ မဖြစ်သေးဘူး သူငယ်ချင်း

[00:50.99] မင်းကြားနေတဲ့

[00:52.39] ငါ့စကားနဲ့ ပတ်၀န်းကျင်အသံ

[00:54.65] မင်းမြင်နေတဲ့ ပုံမှန်မဟုတ်

[00:56.59] လူလုပ်တဲ့လောကဓံ

[00:58.25] မင်းဝေဖန် ဆန်းစစ်ကြည့်ပါ

[01:01.25] ဒီကာလမှာ

[01:01.80] မကြားသလို မမြင်သလိုနဲ့

[01:04.03] ယောင်ယောင်ဝါးဝါးလုပ်နေဖို့ကို

[01:06.23] အချိန်တွေမပိုတော့ဘူး သူငယ်ချင်း

[01:09.02] မင်းတို့ငါတို့ ဘဝတွေဟာ

[01:11.76] ‘နမောတေ’ ဂါထာအခါခါရွတ်ရုံနဲ့ပဲ

[01:14.28] ဒီအချုပ်အနှောင်ထဲကလွတ်ကြမှာလား

[01:18.20] မင်းနဲ့ ငါ့ရဲ့လုပ်ရပ်များဟာ

[01:21.01] လတ်တလောအတွက်လဲမကြီးပွား

[01:22.98] နောင် နတ်သိကြားမလေးစားရင်နေပါ

[01:26.06] ‘အမှန်တရား’တော့ဖြစ်ဖို့လိုတယ် သူငယ်ချင်း

[01:29.68] ဒါပေမယ့်

[01:31.63] လိုချင်တာ‘အမှန်တရား’မှာ

[01:33.31] လိုနေတာ‘ရဲဝံ့ခြင်းများ’ဆိုရင်

[01:36.66] မျှော်လင့်ချက်သစ်ပင်

[01:38.05] မရှင်သန်နိုင်ဘူး

[01:40.00] မကြိုက်တာကို

[01:40.56] ငြင်းဖယ်လွှဲပြီး

[01:41.68] ကြိုက်တာကိုလဲ

[01:42.80] တောင်းဆိုရဲရမယ်

[01:44.48] မနှစ်သက်တာတွေ

[01:45.32] မဖြိုဖျက်နိုင်ဘဲ

[01:46.99] နှစ်သက်တာလဲ

[01:47.83] မထူထောင်နိုင်သမျှ

[01:49.50] ငါတို့ တော်လှန်ရေးက

[01:50.90] မပြီးဆုံးသေးဘူး သူငယ်ချင်း

[01:53.69] မင်းရဲ့နားကို အစွမ်းကုန်စွင့်ပါ

[01:56.20] (အသံစုံကို ကြားအောင်လို့)

[01:58.14] မင်းရဲ့အမြင် အစွမ်းကုန်ဖွင့်ပါ

[02:00.37] (မညီတာတွေ မြင်စေဖို့)

[02:02.60] ကြားလား

[02:03.16] မြင်လား

[02:04.28] မဝေဝါးနဲ့

[02:06.23] ငါပြောတာကို

[02:07.62] မင်းကြားပါစ သူငယ်ချင်း...