02 - Lat Khan Lite Mal
[00:18.23] ဘဝကိုဖြစ်သလိုနေ အချိန်တန် သေလွန်ကြ
[00:22.22] အဲ့ဒီ နှစ်ခုအလယ်မှာ မင်းနဲ့တို့တွေ့ကြ
[00:25.93] အဓိပ္ပာယ်ရှိစွာရယ် အကြင်နာတွေ ဝေမျှ
[00:29.94] အချစ်ကို ကိုးကွယ် တူညီမယ် ထင်မှတ်ခဲ့
[00:41.89] အိမ်မက်လို ခဏပါ တိမ်တွေလို ပြယ်လွင့်
[00:45.87] ငါ့ကိုစွန့်ခွာ မင်းက အချစ်သစ်နဲ့
[00:49.85] ငါနားလည်ပေးနိုင်တယ် ပျော်သလိုနေတော့
[00:53.58] နင်းချေခဲ့သူရယ် ဒီရင်ခွင် ကြေကွဲပါစေ
[01:04.47] ငါ (လက်ခံလိုက်မယ် လက်ခံလိုက်မယ် လက်ခံလိုက်မယ် လက်ခံလိုက်မယ်)
[01:21.74] လရောင်တွေ့မြင်ချိန် နေရောင်ကို အလွယ်တကူမေ့
[01:25.45] ဒီထက် ပိုပြည့်စုံတဲ့ ဘဝသို့ ဦးလှည့်
[01:29.17] ထွက်ပြေးသူ ဝဋ်လည်အောင် ကျိန်စာတွေ ငါမရှိ
[01:33.15] ကျန်ရစ်သူ အလွမ်းကဗျာ ချိုမြိန်စွာ ငါဟစ်ကြွေး
[01:43.78] ငါ (လက်ခံလိုက်မယ် လက်ခံလိုက်မယ် လက်ခံလိုက်မယ် လက်ခံလိုက်မယ်)
[02:25.77] ငါ မင်းကိုချစ်တယ် ကျန်တာငါမသိ
[02:29.48] အတိတ်ကို လွမ်းနေမယ် အမြဲခွင့်လွှတ်လျက်
[02:33.47] တခြားသူရင်မှာ ပျော်ပါစေ ထာဝရ
[02:37.45] တစ်ယောက်တည်း ဒီလွမ်းဝေဒနာ
[02:39.60] ကွယ်ရာမှာ ငါ့အသည်းကွဲ
[02:48.11] ငါ (လက်ခံလိုက်မယ် လက်ခံလိုက်မယ် လက်ခံလိုက်မယ် လက်ခံလိုက်မယ် လက်ခံလိုက်မယ် လက်ခံလိုက်မယ် လက်ခံလိုက်မယ် )
