Naung Ta
[00:06.72] ခေါင်းငြိမ့်ပစ်လိုက် စီစဉ်တဲ့ မိဘသဘောအတိုင်း
[00:13.72] နင်ထားပစ်ခဲ့လိုက် ငါ နေရစ်ခဲ့ပါ့မယ်...
[00:20.29] ဆင်ကိုစီးကာ မြင်းရံလိုက်
[00:23.72] ငွေပုံပေါ်စံစားလိုက်
[00:27.43] အသည်းမရှိတဲ့လူမိုက်လို့ နင်စွပ်စွဲသွားလိုက်လေ...
[00:35.43] နင်ကောင်းစားဖို့အရေးကို မျက်ကွယ်ငါပြုလို့
[00:41.43] အတ္တတံဆိပ်ကပ်လို့ မစဉ်းစားနိုင်ဘူးဟေ့
[00:48.57] နင်ကြာရင်သိလာမယ် ဒီအချိန်ငါလွန်တယ်
[00:54.86] ဘာမှထပ်ပြီး မမျှော်လင့်ချင်တော့ဘူးလေ
[01:02.57] ဒီဘဝ ဒီမျှလို့ပဲ နင်ဖြေသိမ့်လိုက်လေ...
[01:08.55] တို့အတိတ်နေ့ရက်လေး ပြန်မလိုချင်နဲ့လေ
[01:15.90] နောက်တစ်ယောက်လက်မျာ ပျော်ရွှင်ခြင်းများရပါစေ
[01:22.94] ကမ္ဘာကြီးပေါ်က အလှဆုံးနေရာလေးတွေ
[01:29.80] သူနဲ့ဆက်ပြီး လျှောက်သွားကာ ပျော်ပါးလိုက်လေ
[01:36.37] ငါချစ်တဲ့ မင်းကိုလေ အရောင်မမှိန်ချင်ဘူးလေ
[01:43.80] စိတ်လျော့လိုက်ပါ ကြာရင် သွေးအေးသွားမယ်လေ...
[02:20.69] နင်အားလုံးရဲ့အကြိုက် ထည်ဝါစွာ လမ်းလျှောက်သွားခိုက်
[02:25.83] ငါဟာ အသည်းကွဲဇာတ်လိုက်
[02:28.41] တစ်ဝက်ပဲပြုံးတော့မယ်
[02:32.41] ဒီမင်္ဂလာပွဲမှာ မင်းသာမိုက်
[02:35.83] ကျန်တာတွေငါလည်းမကြိုက်
[02:40.12] သတို့သားနဲ့ မလိုက် နင်ထွက်ပြေးသွားခဲ့တယ်...
[02:46.69] တစ်ခြားတစ်ယောက်ရင်ထဲကိုသွားမယ့် ခြေလှမ်းတို့
[02:53.55] မင်းဆုံးဖြတ်ချက်နဲ့ နောက်လှည့်ပြန်ပြေးခိုက်
[03:00.40] ပေတရာလမ်းပေါ်ဝယ် နင်ငြိမ်နေပါတယ်...
[03:07.55] ဘာမှထပ်ပြီး မမျှော်လင့်နိုင်တော့ဘူးလေ
[03:14.40] ငါ့အမှားတွေကြောင့် နင့်သွေးတွေ အပြင်ထွက်လို့နေ
[03:21.25] တို့ အတိတ်နေ့ရက်လေး
[03:24.97] ပြန်မရတော့ဘူးလေ
[03:28.13] နောက်ဘဝကြရင်
[03:29.84] နင် ဒီလိုဘေးမျိုးကင်းပါစေ
[03:35.57] ကမ္ဘာကြီးပေါ်က အလှဆုံးနေရာလေးတွေ
[03:41.87] နင်မသွားချင်မှန်း ငါမသိတာ ငါ့အပြစ်လေ
[03:48.36] အို ငါရဲ့ချစ်သူလေး
[03:52.07] အရာရာငြိမ်သက်ချိန်
[03:56.07] အချစ်စစ်တစ်ခုကို သေချာစွာ ဆုံးရှုံးခဲ့ပြီလေ...
[04:02.92] နောက်ဘဝကြရင် နင် ဒီလိုဘေးမျိုးကင်းပါစေ
