Lrc Player

A Yan Chit Tal So

Unknown artist
[03:39.92]·Synced by Guest·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:23.94] နင်ညာနေတာငါသိတယ်

[00:26.66] ဒါပေမယ့်ငါချစ်တုန်းပဲ

[00:30.04] ဖုန်းလေးလည်းမဆက်တာကြာ

[00:32.85] Online လေးထဲမှာ စကားလည်းမပြောဖြစ်တော့

[00:37.06] မင်းမေ့နေပြီလား

[00:40.44] နောက်တစ်ယောက်တွေ့လို့လားဟာ

[00:43.53] လွမ်းနေတာ ကျွန်တော့ရဲ့ချစ်သူ

[00:46.34] ပျောက်လို့သွားတာကြာ

[00:48.23] ဘုရားသွားကျောင်းတက်မယ်ဆို

[00:51.32] မင်းပဲအရမ်းချစ်တယ်ဆို

[00:54.12] အဓိပတိလမ်းလေးထက်မှာ

[00:56.93] ငါရှာနေတာ ခုထိမတွေ့ပါတို့

[01:00.24] တို့ရဲ့နှစ်ပတ်လည်ကို

[01:03.06] အပေါင်းအသင်းများ ဖိတ်မယ်ဆို

[01:06.15] ပြောခဲ့တဲ့စကားတချို့ရယ်

[01:08.68] ဆင်တူလက်စွပ်မောင်းကွင်းလေးဟာငို

[01:14.31] အို...အို...အို

[01:17.97] အေ့...အေး

[01:20.78] ဆင်တူလက်စွပ်မောင်းကွင်းလေးဟာငို

[01:24.05] မင်းမျက်နှာညှိုးမှာ

[01:25.45] မလိုအပ်မှာဆိုတာ ကိုယ့်သဘာဝ

[01:26.85] ငါ့အလွမ်းတွေ တိုးလာတိုင်း

[01:28.26] မထိန်းနိုင် မျက်ရည်မိုးရွာချ

[01:29.95] မင်းစိတ်ကြိုက်ဆိုးပါကွာ

[01:31.35] ခွင့်လွှတ်ပြီးသား ကိုယ့်ကမ္ဘာမှာ

[01:33.26] အချစ်ပျောက်လိုက်ရှာ

[01:34.38] ကျနော့အတွက်အရေးကြီးလို့ပါဗျာ

[01:36.07] တစ်နေရာမှာ နင်ရှိဖို့

[01:37.47] ဒီနေရာကို ချန်ထားသလား

[01:38.88] တို့နှစ်ယောက်အသက်ရှင်သရွေ့ကွဲ

[01:40.29] ဟိုးအမြင့်ကို ပျံသွားပါ

[01:41.98] ငါနေတာထရံကြားမှာဆို

[01:43.39] မင်းက အုတ်နံရံကြားမှာ

[01:44.98] အလိမ်အညာတွေကြောင့်

[01:45.45] ငါ့နှလုံးသားလေး လုပ်ကြံခံရတာ

[01:47.83] ငါ့မေတ္တာသက်ရှိထင်ရှားကို

[01:49.52] မြေမြုပ်ပြီး ရပ်ကြည့်ချင်သလား

[01:50.92] မင်းအသိုင်းအဝိုင်း မျက်စိဘဝင်မကျတာနဲ့

[01:52.88] အချစ်ကို ဖျက်ဆီးချင်သလား

[01:54.01] အရင်က ငါ့နတ်သမီး နင်ကအခုလို

[01:55.93] သူစိမ်းဆန်သွားတာမျိုး

[01:57.05] နင့်ဗိမ္မာန်နားမှာ ခိုနေတဲ့

[01:58.17] တိရစ္ဆာန်ကို ပိတ်ကန်ချတာမျိုး

[01:59.86] ရုပ်ရှင်တွေလည်းမကြည့်ချင်ဘူး

[02:01.27] မင်းမျက်နှာပဲ မြင်ယောင်လို့

[02:02.95] ချစ်သူသိစေ ခင်မောင်တိုးသီချင်း

[02:04.36] နားထောင်မျက်ရည် မစင်အောင်ငို

[02:05.76] နင်အမဲလိုက်နေကျ သမင်တစ်ကောင်မို့

[02:07.44] သတ်ဖြတ်ပြီးသမိုင်း တွင်အောင်ဆိုး

[02:08.85] ငါရှင်သန်ခြင်းကိုအဆုံးသတ်လိုက်ပြီ

[02:10.25] မင်းပဲအသက်ဆက်ရှင်အောင်လို့

[02:11.94] ဘုရားတက်ဆီမီးကပ် နင့်မွေးနေ့လက်ဆောင်

[02:14.09] ဖြည် မကြည့်ရက်တဲ့နေ့က

[02:15.49] ငါ့ကိုပေးတဲ့ကတိနဲ့

[02:17.18] လက်တွေ့မညီသည့်အတွက်

[02:17.99] ထားမသွားပါနဲ့လို့ ပြောတဲ့စကားတွေ

[02:19.67] အနားနားမှာဝဲ

[02:20.79] အခုတော့မင်းကို ဘယ်ရင်ခွင်မှာ

[02:22.48] သွားရှာရပါ့မလဲ

[02:24.35] ဘုရားသွားကျောင်းတက်မယ်ဆို

[02:26.87] မင်းပဲအရမ်းချစ်တယ်ဆို

[02:29.97] အဓိပတိလမ်းလေးထက်မှာ

[02:32.77] ငါရှာနေတာ ခုထိမတွေ့ပါတို့

[02:36.16] တို့ရဲ့နှစ်ပတ်လည်ကို

[02:39.00] အပေါင်းအသင်းများ ဖိတ်မယ်ဆို

[02:41.81] ပြောခဲ့တဲ့စကားတချို့ရယ်

[02:44.61] ဆင်တူလက်စွပ်မောင်းကွင်းလေးဟာငို

[02:47.91] ရှာပုံတော်ဖွင့်တဲ့ ချစ်သူ

[02:50.71] ဘယ်ဆီမှာများလည်း

[02:53.80] ရုပ်ရှင်ထဲလည်း မတွေ့ပါ

[02:56.62] ခုံတန်းလျားလေးတောင်မေ့နေပြီလေ

[02:59.98] မျှော်နေတာမင်းပဲ

[03:02.51] ဒီဂစ်တာ အိုလေးထဲမှာ

[03:05.88] မင်းများပုန်းနေခဲ့ရင်

[03:08.69] ဒီသံစဉ်တွေနဲ့ နင်ထွက်ခဲ့ပါတော့

[03:11.97] မင်းပဲ အရမ်းချစ်တယ်ဆို

[03:15.07] သီချင်းလေးတစ်ပုဒ်ဖြစ်တယ်ဆို

[03:17.88] အဓိပတိ လမ်းလေးထက်မှာ

[03:20.88] ငါရှာနေတာ ခုထိမတွေ့ပါတို့

[03:24.25] တို့ရဲ့ နှစ်ပတ်လည်ကို

[03:27.06] မင်းလေးရောက်လို့မလာတုန်း

[03:30.08] အပေါင်းအသင်းများပြောသွားတယ်

[03:32.88] မင်းရဲ့ချစ်သူလက်ထက်သွားပြီလို့ ဟိုး