Lrc Player

8.A Maye Yae Dote Kha Oh Lay

Unknown artist
[05:40.87]·Synced by Guest·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:39.82] အမေ ကျွန်တော့်ကို စိတ်မပျက်ဘူးလား

[00:46.20] အမေယုံကြည်မျှော်လင့်ထားသမျှ

[00:49.39] ဘာတစ်ခုမှ ဖြစ်မလာ

[00:52.84] ကိုယ်မှန်တယ်ထင်ရင်ပြီးရော

[00:55.77] ခေါင်းမာတတ်တဲ့ အကျင့်ကဆိုး

[00:59.48] အသက်သာကြီးလို့သွားတယ်

[01:02.69] ကျွန်တော့်အိမ်မက်များ မပြောင်းလဲ

[01:06.15] အဆုံးအရှုံးများနဲ့ ရင်ခုန်ရင်း...

[01:13.07] အမေ ကျွန်တော့်ကို စိတ်မညစ်ဘူးလား

[01:19.19] ဘဝမှာ အကြိမ်ကြိမ်အခါခါရှုံးလည်း

[01:22.64] မာနက အကြီးသား

[01:25.83] ကိုယ်ယုံကြည်ရာကို ဈေးကွက်

[01:29.03] တင်ရောင်းဖို့ ရှက်နေလို့တဲ့

[01:32.76] ပိုက်ဆံတစ်ပြားမှမရှိဘဲ

[01:35.95] ဂုဏ်သိက္ခာ ရှိချင်သေးသတဲ့

[01:39.40] ကဲ.. အမေ့ရဲ့ဒုက္ခအိုးလေးပေါ့

[01:48.99] ကံအကျိုးပေး နည်းရတဲ့အထဲ

[01:52.18] သူအပျင်းကလည်းကြီးသေး

[01:55.89] အိုး.. ခက်ရချည်ရဲ့ ဟူး..ဟူ

[02:02.27] ဆင်းရဲတွင်းနက်ပေမဲ့

[02:05.45] အမေ့ရဲ့သားပါ(ကျွန်တော်)

[02:09.17] မိုက်မိုက်မဲမဲ ရိုးသားနေဆဲ

[02:15.02] ရင်ခုန်သံ သီချင်းလေး ညည်းရင်းနဲ့

[02:18.75] ချစ်ခြင်းမေတ္တာအကြောင်း သင်ကြား...

[02:29.14] အမေ ကျွန်တော့ကို ခွင့်ပြုတော့

[02:33.64] (ခွင့်ပြုပါအမေ)

[02:35.50] ကျွန်တော်ဟာ ကမ္ဘာမြေကြီးရဲ့

[02:38.53] သီချင်းလေးတစ်ပုဒ်ပေါ့

[02:42.16] ရှင်သန်နေထိုင်ခြင်းအတွက်

[02:45.09] ပေးဆပ်ရင်း ပေးဆပ်ရင်း

[02:48.82] မိတ်ဆွေတချို့က ကဲ့ရဲ့

[02:52.27] ချစ်သူကလေ နားမလည်

[02:55.45] အမေ့ရဲ့ဒုက္ခအိုးလေး အသည်းကွဲ

[03:33.93] ကံအကျိုးပေး နည်းရတဲ့အထဲ

[03:37.11] သူအပျင်း..က ကြီးသေး

[03:40.86] အိုးဟိုဟိုးဟို.. ခက်ရချည်ရဲ့ ဟူး..ဟူ

[03:47.08] ဆင်းရဲတွင်း ဘယ်လောက်နက်မလဲ

[03:50.01] ကျွန်တော်က အမေ့ရဲ့သားပါ

[03:53.74] မိုက်မိုက်မဲမဲ ရိုးသားနေမြဲ

[03:59.60] ရင်ခုန်သံ သီချင်းလေး

[04:04.39] သီချင်းလေး ညည်းရင်းနဲ့

[04:08.66] ချစ်ခြင်းမေတ္တာအကြောင်း သင်ကြား..ဟူး

[04:21.16] အမေ ကျွန်တော့ကို ခွင့်လွတ်တော့

[04:26.22] (ခွင့်လွတ်ပါအမေ)

[04:27.82] ကျွန်တော်ဟာ ကမ္ဘာမြေကြီးရဲ့

[04:30.74] သီချင်းလေးတစ်ပုဒ်ပေါ့

[04:34.45] ရှင်သန်နေထိုင်ခြင်းအတွက်

[04:37.10] ပေးဆပ်ရင်း ပေးဆပ်ရင်း

[04:40.81] မိတ်ဆွေတချို့က ကဲ့ရဲ့ (ကျွန်တော့်ကို)

[04:44.30] ချစ်သူကလေ နားမလည်

[04:47.48] အမေ့ရဲ့ဒုက္ခအိုးလေး အသည်းကွဲ

[04:54.11] မိတ်ဆွေတချို့က ကဲ့ရဲ့

[04:56.78] ကိုယ့်..ချစ်သူကလေ နားမလည်

[05:00.49] အမေ့ရဲ့ဒုက္ခအိုးလေး အသည်းကွဲ

[05:05.36] အိုး.. အမေ့ရဲ့ဒုက္ခအိုးလေး အသည်း ဟိုး

[05:22.63] အသည်း..ကွဲ