Lrc Player

01 Shar Mal (ရှာမယ်)

Unknown artist
[03:20.28]·Synced by Guest·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:24.36] ကမ္ဘာမြေပြင်တွေ ဖြတ်သန်းလို့.....

[00:28.87] ရှာဖွေချင်တယ် နေရာတိုင်း

[00:30.89] ရှားပါးလွန်းတဲ့ အချစ်အစစ်အမှန်ကို

[00:33.56] တွေ့ရှိဖူးတဲ့အတိတ်များထဲ...

[00:38.07] အယောင်အဆောင်တွေပါ ရင်ထဲ

[00:39.93] မှားယွင်းအနက်နဲ့ အချစ်ကို ငါမတပ်မက်

[00:42.84] အရောင်တွေ စွန်းညစ်သွား...

[00:44.69] ငါလိုချင်တဲ့ပုံမရသလို

[00:46.82] ဆေးမှားသုတ်တဲ့ ပန်းချီကား

[00:49.48] အားလုံး လက်တွေ့ဘဝမှာ

[00:51.34] အနည်းနဲ့အများတော့ အမှားတွေ ကြုံရမြဲ

[00:54.00] ဘယ်တော့မှ နောက်ထပ်တော့ငါ

[00:55.86] ဖြားယောင်းအချစ်နဲ့ ထပ်မတွေ့ချင်တယ်...

[01:03.30] စတေးခဲ့ရတဲ့ ဒီအသည်းလည်း.....

[01:07.82] ခံနိုင်ရည်တွေ ကုန်ဆုံး

[01:09.67] ပေးဆပ်ခဲ့သမျှ အချည်းအနှီးတွေပဲ

[01:12.32] အိပ်မက်ခဲ့တဲ့ ဇာတ်လမ်းတွေ...

[01:17.11] ပုံပေါ်မပီပြင်လာဘဲ

[01:18.71] ခါးသီးလွန်းတဲ့ အချစ်တွေသာ အထပ်ထပ်

[01:21.62] ဒီရင်ခွင်ကွဲအက်သွား...

[01:23.75] ဘယ်လိုမှ ပြန်အဖတ်ဆယ်မရတော့တဲ့

[01:26.40] ဒဏ်ရာအလား

[01:28.26] အားလုံး လမ်းမထက်မှာ

[01:30.13] မှားကွေ့မိတဲ့ လမ်းတွေ ကြုံရမြဲ

[01:32.79] ဘယ်တော့မှ ငါ့ဘဝတစ်လျှောက်မှာ

[01:34.64] လမ်းခွဲဖို့အတွက် မချစ်ခဲ့ပါတယ်...

[02:05.37] ကြာလေအတွေးခက်လေ...

[02:07.22] ဒီကမ္ဘာမှာ အချစ်စစ်တွေ...

[02:09.35] ဒဏ္ဍာရီများထဲမှာပဲ ရှိခဲ့တဲ့ အဖြစ်တွေလားလေ

[02:14.13] ဒါမဟုတ်သေးဘူးအဖြေ....

[02:16.26] ငါမျှော်လင့်ထားတဲ့အချစ်...

[02:18.65] မြေလှန်ပြီးတော့ ရှာမယ် . . .

[02:23.17] အားလုံး လက်တွေ့ဘဝမှာ

[02:25.02] အနည်းနဲ့အများတော့ အမှားတွေ ကြုံရမြဲ

[02:27.67] ဘယ်တော့မှ နောက်ထပ်တော့ငါ

[02:29.56] ဖြားယောင်းအချစ်နဲ့ ထပ်မတွေ့ချင်တယ်...

[02:32.21] အားလုံး လမ်းမထက်မှာ

[02:34.07] မှားကွေ့မိတဲ့ လမ်းတွေ ကြုံရမြဲ

[02:37.00] ဘယ်တော့မှ ငါ့ဘဝတစ်လျှောက်မှာ

[02:38.58] လမ်းခွဲဖို့အတွက် မချစ်ခဲ့ပါတယ်...