Sin Thi Yar
[00:13.73] (ဟိုးရှေးရှေးတုန်းက
[00:15.58] တိုင်းပြည်တစ်ခုမှာ
[00:17.43] ဘုရင်ကြီးတစ်ပါး အုပ်စိုးလေသတဲ့
[00:20.88] သူဟာ တစ်နေ့မှာ
[00:22.48] တိုင်းခန်းလှည့်လည်ရင်း
[00:24.08] မိန်းမပျိုလေးတစ်ဦးကို
[00:25.93] မြင်မြင်ချင်း စွဲလမ်းသွားလေသတဲ့
[00:29.66] သူဟာ သူ့ရဲ့မူးမတ်တွေကိုခေါ်
[00:32.05] အားလုံးနဲ့တိုင်ပင် ညီလာခံလုပ်ကာ
[00:35.50] ဒီမိန်းမပျိုလေးကို ရှာဖွေဖို့
[00:37.10] တိုင်ပင်လေသတဲ့)
[00:39.75] ကဲ..မူးမတ်တို့ ဒီနေ့မှာအထူးမှတ်ဖို့
[00:42.67] ငါပြောချင်တဲ့အကြောင်းအရာဗူးတပ်လို့
[00:44.00] တိုင်းခန်းလှည့်လည်တုန်းရူးမတတ်မို့
[00:45.59] စွဲလမ်းရတဲ့မိန်းမပျို တစ်ဦးထပ်လို့
[00:47.19] ပေါ်လာလို့လိုက်ရှာ မူးမတ်တို့
[00:48.77] မီးခိုးတိုက်ကာ စူးစမ်းလိုက်ရှာ
[00:50.65] ပန်းကောင်းအညွန့်ကိုငါခူးဆွတ်ဖို့
[00:52.76] မှန်လှပါမင်းကြီးဖုရား
[00:54.10] မသင့်တော်ကြောင်းပါ မင်းကြီးဖုရား
[00:55.95] အဆင့်ကွာခြားကာ
[00:57.01] မေတ္တာထားစရာမဟုတ်ပါ မင်းကြီးဖုရား
[00:59.40] အရှင့်ရဲ့အပါးမှာကိုယ်လုပ်တော်များစွာ
[01:01.00] ရှိနေသားဗျာ
[01:02.34] ဟိတ်ကောင် မင်းတော်တန်တိတ်
[01:03.41] ငါ့ကိုတော်လှန်တဲ့သူပုန်စိတ်
[01:19.87] မင်းတရားကြီးဟာ
[01:21.46] သူရဲ့အလိုသဘောကို မလိုက်တဲ့
[01:23.86] စစ်သူကြီးကို ဒေါသထွက်ထွက်နဲ့
[01:27.06] နယ်နှင်ဒဏ်ပေးလွှတ်ခါ
[01:28.90] တာဝန်တွေကို ရပ်ဆိုင်းစေခဲ့တယ်
[01:37.14] အဲ့ဒီလိုနဲ့ မင်းတရားကြီးကို လုပ်ကြံဖို့
[01:41.65] အခွင့်ချောင်း နေတဲ့
[01:43.52] ပရောဟိတ်ကြီး ပါပဒါးဟာ
[01:45.38] စင်းသီးယားဆိုတဲ့ စုန်းမတစ်ယောက်ကို
[01:48.56] မင်းကြီးအနားကို တွန်းပို့ဖို့
[01:51.48] ကြိုးစားလေသတဲ့
[01:59.18] မှန်လှပါ မင်းကြီးဖုရား
[02:00.51] လုပ်ဆောင်သမျှမှာ မင်းကြီးမမှား
[02:02.38] ဒီအရုပ်ကောင်ကသာ
[02:03.44] အချုပ်ထောင်ကျရမှာပါ မင်းကြီးဖုရား
[02:05.56] တကယ်တော့ မင်းကြီးအနားမှာ
[02:06.88] ရှိနေသင့်တာက စင်းသီးယား
[02:08.49] ရုပ်ရည်ရူပါအဆင်းကြည့်မလား
[02:10.34] တောက်ပလွန်းတဲ့ ဝင်းသည့်အသား
[02:12.20] ဟေ ဘယ်သူလဲ စင်းသီးယား
[02:13.53] ငါလိုတဲ့ရုပ်ရည်နဲ့အရည်ချင်းရောဒင်းရှိလား
[02:15.39] ဘယ်မှာလဲဘယ်သူလဲဘယ်လိုလဲ မင်းသိလား
[02:16.98] မြန်မြန်သာပြောစမ်းပါ ပရောဟိတ်ကြီး ပါပဒါး
[02:18.84] မှန်လှပါ မင်းကြီးဖုရား
[02:20.18] အသင့်ရှိကြောင်းပါ မင်းကြီးဖုရား
[02:22.30] ဟောဒီမှာပါ စင်းသီးယား
[02:23.36] အသုံးတော်ခံဖို့ပါ မင်းကြီးအပါး
[02:26.55] ဟိုး တယ်လှသကိုး
[02:46.47] မင်းကြီးဟာ
[02:47.80] ပရောဟိတ်ကြီး ပါပဒါးနဲ့
[02:49.92] စင်းသီးယားတို့ရဲ့ လှည့်ကွတ်တွေထဲမှာ
[02:52.84] ကောင်းကောင်းကြီးကို
[02:54.70] လိမ်လည်ခံနေရပါတော့တယ်
[02:58.69] ဟိတ်ဒီမှာ ပရောဟိတ်ကြီး
[03:00.01] ကျွန်မကစိတ်ဒေါသိပ်ကြီး
[03:01.62] မချစ်သောသူကိုတော့ သိပ်ပြီး
[03:02.94] သည်းမခံနိုင်ဘူးနော် ပရောဟိတ်ကြီး
[03:05.06] သူ့စားတော်အုပ်ထဲ အဆိပ်သီး
[03:06.38] ရောလို့မွှေထည့်ကာ ကြိတ်ပြီး
[03:08.24] ထည့်ထားလိုက်စမ်း ပရောဟိတ်ကြီး
[03:09.84] နေ့မကူး ညထူးမယ် ပရောဟိတ်ကြီး
[03:11.97] စင်းသီးယားမင်းကြီးအနားကို ရောက်သွားတာက
[03:12.78] ကျွန်တော်အတွက်တော့ ရွှေတွင်းကြီးအလား
[03:14.88] မင်းကြီးတရားထက် စင်းသီးယားက
[03:16.22] ပိုအရည်ချင်းရှိသဗျ
[03:17.81] မင်းကြီးကတော့ ဖျင်းပြီး အ
[03:19.14] စစ်သူကြီးကို နင်းပြီးချတော့
[03:21.01] အပူပင်ကင်း အနှောက်ယှက်မရှိရ
[03:22.60] ကျွန်ုပ်တို့အတွက် လမ်းခင်းပြီးသမျှ
[03:24.45] Ha ha
[03:25.25] မင်းကြီးတရား မင်းကြီးတရား မင်းကြီးတရား
[03:28.43] သနားစရာကောင်းအောင်
[03:29.24] အရည်ချင်းမရှိတာ မင်းသိသား
[03:31.62] အခုချိန်မှာ မင်းကြီးတရားကို
[03:32.96] နတ်ဘုရားကယ်တောင်
[03:34.01] မရတော့ဘူးဆိုတာကို မင်းသိထား
[03:35.87] ငါ့နာမည်မှတ်ထား စင်းသီးယား
