01.Please
[00:11.32] အဖြေမရှိတဲ့အတွေးပေါင်းများစွာကငါ့ကိုခြောက်ခြားလိုက်
[00:17.43] ငါကြိုးစားသမျှလဲမထူး မယုံနိုင်ဘူး
[00:23.54] ကံကြမ္မာကိုယုံခဲ့တော့ငါဟာအရူး
[00:29.65] အို လူ စိတ်ကူးနဲ့လက်တွေ့မတူ
[00:35.49] ငါဟာ အပေါ်ယံကြည့်ပြီးဆုံးဖြတ်ခဲ့အရာရာကို
[00:41.60] မှန်တယ်ရင်တစွတ်ထိုးလုပ်မိတဲ့မတွေဝေတဲ့စိတ်ကို
[00:47.45] ငါပြောင်းလဲလိုက်တဲ့အခါ
[00:50.11] အချိန်ဟာနောက်ကျသွား
[00:53.29] ကံကြမ္မာရဲ့ခါးသီးမှုတွေကြား
[00:59.40] အခြေနေမှန်ကိုပြန်ပြီးရရှိတဲ့အချိန်မှာ
[01:05.51] ကိုယ်မှန်တယ်ထင်ရင်
[01:06.49] တစွတ်ထိုးမလုပ်တက်တော့ တွေဝေတဲ့စိတ်က
[01:11.26] ငါ့ကိုထိန်းချုပ်ထားတဲ့အခါ
[01:14.19] ဘယ်လိုရှေ့ဆက်သွားဖို့ရာ
[01:17.65] ကံကြမ္မာ မဖန်တီးခဲ့ပါကောင်းတဲ့အရာ
[01:23.23] အဖြေမရှိတဲ့အတွေးပေါင်းများစွာက
[01:26.43] ငါ့ကိုခြောက်ခြားလိုက်
[01:29.35] ငါကြိုးစားသမျှလဲမထူး မယုံနိုင်ဘူး
[01:35.46] ကံကြမ္မာကိုယုံခဲ့တော့ငါဟာအရူး
[01:41.31] အို လူ စိတ်ကူးနဲ့လက်တွေ့မတူ
[01:47.70] ငါဟာပညာတတ်ဘွဲ့ရ သို့ပေမဲ့
[01:49.02] လက်ရှိစီးပွားရေးမှာ ဆင်ဆာဖြတ်ခဲ့ရ
[01:50.61] အကြင်နာမက်တဲ့ငါ
[01:51.58] အထီးကျန်မှုတွေရဲ့ဒဏ်ကြောင့်
[01:52.73] ဟောဒီရင်ပါအက်ကွဲသွား
[01:53.53] Rich kid တွေနဲ့ယှဥ်ကာဖြတ်တဲ့ဘဝ
[01:54.86] နင်မပါတဲ့မနက်ညတွေကုန်ဆုံးခဲ့
[01:56.18] အရေးမပါတဲ့အင်တာနက်ထဲမှာ
[01:57.25] တဒင်္ဂမက်ခဲ့သမျှအိမ်မက်တွေ
[01:58.75] ရိုက်ချိုးပီး ဝင်္ကပါထဲထွက်မရ
[01:59.91] လစာလေးတစ်ပဲခြောက်ပြားနဲ့
[02:01.23] လုပ်ငန်းရှင်တွေကလာအသည်းဖောက်စား
[02:02.83] အဘယ့်ကြောင့်များ ပိုက်ဆံက
[02:04.16] လူသားတွေရဲ့လောဘကို
[02:05.22] အမြဲလိုလိုစွဲဆောင်ထား
[02:05.74] ဝဲခြောက်အလား
[02:06.55] လူတွေရဲ့စိတ်ဓာတ်တွေညစ်ညမ်းလာ
[02:07.62] ဆက်ဆံရေးတွေကျဲတောက်သွား
[02:08.42] စောက် pressure တွေပိချက်က
[02:09.48] နတ်ဘုရားမကလို့ ခန္ဓာမရှိတဲ့သရဲတောင်ဖျားမယ်
[02:11.86] ကံကောင်းခြင်းအလင်းရောင်လား
[02:12.92] ငါနေတဲ့ဟောဒီ့ ကမ္ဘာတစ်ဖက်မှာမထွန်းလင်းသေး
[02:14.52] လာဖက်ကာတွန်းရင်းဝေးသွားတဲ့
[02:15.85] ဘော်ဒါတချို့နာမည်တွေ
[02:16.65] ဘဝစာမျက်နှာအစွန်းတွင်ရေး
[02:17.44] ညာလျှက်လာအမွှန်းတင်နေတဲ့
[02:18.51] သာပေါင်းတွေကိုလဲ
[02:19.56] အဖျက်သနားမာန်နတ်ပမာညွှန်းချင်သေး
[02:20.54] ငါတစ်သက်စာနစ်မွန်းနေပစေ
[02:21.60] ငါ့ချစ်သူကိုတော့
[02:22.05] အမဲစက်တွေဘာအတွက်မှမစွန်းထင်စေ
[02:24.16] ကိုယ်တွေသာခေါင်းသုံးပေမဲ့
[02:25.23] အထက်လူကြီးကတော့ ဂျိုတွေပါရောင်းသုံးပေး
[02:26.55] ခင်ဗျားကတော့
[02:27.35] မြိုနေတာအကောင်းဆုံးတွေနဲ့
[02:28.15] ဘယ်လိုတွေလာမောင်းအုံးလေမလဲဆိုပီး အိပ်မပျော်နိုင်
[02:29.48] စဥ်းစားတာများပြီး ငိုနေတာအကောင်းဆုံးလေ
[02:31.25] မျက်ကွင်းတင်မကဘူး ငါ့မှာ
[02:32.13] ညိုနေတာတစ်ခေါင်းလုံးပေ
[02:32.93] အပိုတွေမပါအကောင်းဆုံးတွေးပီး
[02:34.00] ဒေါသမျက်ရည်တွေနဲ့ ညတိုင်လိုလို ငါ့မှာ
[02:34.79] စိုနေတာခေါင်းအုံးလေး
[02:36.11] အတိုင်းအဆမရှိနင်ပဲချစ်လွန်းလို့ လမ်းခွဲမယ်
[02:37.35] ငါတို့ဘဝကို ပိုင်းခြားပီးရင်ကွဲ
[02:38.95] အလုပ်ကိုထမင်းဂျိုင့်လေးဆွဲပီး
[02:40.01] ငါ့လိုသူတောင်းစားနဲ့လိုင်းကားမစီးချင်နဲ့
[02:42.12] နှလုံးသားလဲအတွေးများနဲ့ကြေမွငါ့မှာ
[02:43.20] ကျုံးဝါးခဲ့မေ့မရတဲ့အနေအထား
[02:45.06] အဆုံးအစမဲ့ ဝေးသွားခဲ့လေမှ
[02:46.12] အချစ်ရေ အပြုံးများနဲ့သူဌေးသားနဲ့နေပါ
[02:48.25] သာပေါင်းတွေလဲ အဝေးကိုသွားပါဒိုး
[02:49.56] ငွေမရှိတော့နှိမ်ကြ ဆေးတို့များစွာထိုး
[02:50.79] နောက်ဖေးသို့သွားကာငိုတဲ့အမေ့ကို
[02:51.85] မေးတော့ သူ့မှာ နောက်ထပ် ပေးစရာက
[02:52.92] အကြွေးတို့များလာလို့
[02:53.98] ကြားရင်ငါ့အဖေသွေးတိုးသွားမှာဆိုး
[02:55.32] တိတ်တခိုးပဲနံရံကိုပြေးလို့လွှားကာထိုး
[02:56.90] အဖန်ငါးရာငါးကမ္ဘာလို့ရှေးအဆိုများမှာဆို
[02:58.23] ငါဇွဲကြိုးမချတာ အဖေနဲ့ အမေ့ကိုအားနာလို့
[03:02.91] အဖြေမရှိတဲ့အတွေးပေါင်းများစွာကငါ့ကိုခြောက်ခြားလိုက်
[03:08.49] ငါကြိုးစားသမျှလဲမထူး မယုံနိုင်ဘူး
[03:14.35] ကံကြမ္မာကိုယုံခဲ့တော့ငါဟာအရူး
[03:20.46] အို လူ စိတ်ကူးနဲ့လက်တွေ့မတူ
[03:27.36] ကျေးဇူးပြု၍ငါအနားယူပါရစေ( please)
[03:30.56] ချစ်သူ မင်းလဲ တစ်ခြားသူအနားနေ
[03:33.21] ပိုက်ဆံက လောကမှာဒုတိယဘုရားသခင်ပဲ
[03:36.13] မနက်ဖြန်များ ငါလူ့ဘဝမှနားချင်တယ်
[03:39.06] ကျေးဇူးပြု၍ငါအနားယူပါရစေ (please)
[03:42.51] ချစ်သူ မင်းလဲ တစ်ခြားသူအနားနေ
[03:44.90] ပိုက်စံက လောကမှာဒုတိယဘုရားသခင်ပဲ
[03:47.81] အတုအပများကျင်လည် ငါလူ့ဘဝမှနားချင်တယ်
[03:50.74] အဖြေမရှိတဲ့အတွေးပေါင်းများစွာကငါ့ကိုခြောက်ခြားလိုက်
[03:56.32] ငါကြိုးစားသမျှလဲမထူး မယုံနိုင်ဘူး
[04:02.43] ကံကြမ္မာကိုယုံခဲ့တော့ငါဟာအရူး
[04:08.28] အို လူ စိတ်ကူးနဲ့လက်တွေ့မတူ
