Lrc Player

Nway A Lwan

Hlwan Paing
[04:00.04]·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:16.92] နွေ ဥဩတွန်ကျူးလို့နေ

[00:22.23] ရော်ရွက်လေးတွေ လွင့်ကြွေ

[00:26.23] နွေ စိန်ပန်းတွေလဲပွင့်ဝေ

[00:31.27] မင်းနဲ့ခွဲဖို့အချိန်ရောက်တော့

[00:35.00] အချက်ပေးသလိုပေ

[00:36.06] သစ်ရွက်ခြောက်တွေကြွေနေပြီ

[00:37.12] ဒီလိုနွေရာသီရောက်တဲ့အခါ

[00:38.70] သောကတွေဝေလေသည်

[00:40.04] မခွဲချင်ဘူး ဒီအပေအတေလေးနဲ့

[00:41.90] အခုတော့အလွမ်းနေ့ရက်တွေက

[00:42.95] ငါ့အတွက်တော့ရှည်လေသည်

[00:44.56] မင်းပို့တဲ့ဓါတ်ပုံလေးတွေကြည့်ရင်း

[00:46.68] အလွမ်းမိုးတွေက ငါ့မျက်၀န်းထက်မှာကျဆင်း

[00:49.07] နွေမှာဖူးပွင့်တဲ့ ပန်းတွေလှပါသော်ငြား

[00:50.66] မင်းနှုတ်ခမ်းပါးလေးကိုတော့

[00:51.99] မမှီနိုင်ဘူးပေါ့ကွာ

[00:53.31] အနေဝေးသွားလဲသတိရပေးပါ

[00:55.44] မင်းအကြောင်းတွေခေါင်းအစ

[00:56.50] ခြေအဆုံးထိငါမေ့မရ

[00:57.83] ကျောင်းတွေပြန်ဖွင့်ရင်

[00:58.89] အဟုတ်တကယ်တွေ့မလို့

[00:59.95] ပိုက်ဆံစုထားတယ်

[01:01.02] မင်းကြိုက်တဲ့မုန့်တွေ၀ယ်ကျွေးမလို့

[01:02.34] ချစ်လို့တောင်မ၀သေးခဏလေးပါ

[01:04.22] ပြောင်နေတဲ့နှဖူးလေးပေါ်

[01:04.75] အရင်လိုဆံပင်တွေကျသေးလား

[01:06.33] ငါ၀ယ်ပေးထားတဲ့ကလစ်လေးကော မင်းနဲ့လှသေးလား

[01:08.99] ဒီလိုနွေအခါမှာ

[01:10.06] မင်းအကြောင်းတွေလွမ်းတိုင်းချရေးသား

[01:11.12] နွေ .. လေညင်းတွေတိုးဝှေ့လေ

[01:15.37] ကိုယ့်အသည်းမှာဆွေးမြေ့ကာ အထီးကျန်လွန်းနေ

[01:19.88] နွေ .. ကျောင်းတွေပိတ်မယ့်အချိန်

[01:23.87] ကိုယ်တို့တစ်ကယ်ဝေးဖို့အချိန်တန်ပြီလေ

[01:28.93] နွေ .. တိတ်ဆိတ်တဲ့ နွေ

[01:32.64] ခြောက်သွေ့တဲ့ နွေ

[01:35.04] အလွမ်းများပြည့်နေ

[01:37.96] တစ်နေရာစီဝေးရမယ့်အရေး

[01:41.41] မဖြေနိုင်နှလုံးသားထဲ အလွမ်းတွေနဲ့ဝေ

[01:48.05] နွေ မနက်ဖြန်ဆိုကျောင်းတွေပိတ်ပြီဆိုတော့

[01:50.98] ငါနင့်ကိုရေလောင်းချင်တယ်

[01:52.57] နင်လဲငါ့ကိုရေပြန်လောင်းပါ

[01:54.17] နှုတ်ဆက်တဲ့အနေ့နဲ့သင်္ကြန်ကျောင်းမှာ

[01:56.02] အမှတ်တရနေနဲ့နင့်ရဲ့ခေါင်းမှာ

[01:57.88] ပန်တဲ့ပန်းလေးကို

[01:58.69] ငါ့ကိုလက်ဆောင်ပေးရင်ကောင်းမှာ

[02:00.54] သိပ်တိုတောင်းပါတဲ့ တက္ကသိုလ်ကျောင်းမှာ

[02:02.66] မင်းနဲ့တွေ့ဆုံခွင့်ရခဲ့တာ ငါကံကောင်းတာ

[02:04.78] ငါနေတဲ့အညာမြေက သစ်ပင်ထနှောင်းပမာ

[02:07.18] အဆူးခက်တွေရှိပင်မယ့်လဲ အရိပ်တော့ကောင်းတာ

[02:09.56] အချိန်တွေနှောင်းလာတော့

[02:10.64] တစ်ဖြေးဖြေးစိတ်တွေပြောင်းလာ

[02:11.71] မကောင်းတာကမင်းနဲ့ငါက

[02:12.76] တကယ့်ကိုဘော်ဒါကောင်းကွာ

[02:14.10] မင်းကသိပ်လှတဲ့ပန်းလေတပွင့်ပါ နွေ

[02:16.21] ငါကလမ်းကြား ကပန်းလေးအဆင့်သာလေ

[02:18.60] မင်းကိုတစ်ခမ်းတစ်နားနဲ့ လှမ်းငေးရင်းငါလေ

[02:20.72] ဖြစ်ချင်တာ မင်းဘေးကငြမ်းလေးအဖြစ်သာလေ

[02:22.85] အဆင့်ဆိုတာအရမ်းဝေးတော့လွမ်း၍မသင့်တာတွေ

[02:25.25] မြစ်ဆိုတာမခမ်းသ၍တော့လမ်းလေးမဖြစ်ပါလေ

[02:27.36] မင်းဆိုတဲ့ပန်းလေးကို နမ်း၍မသင့်ငါလေ

[02:29.75] အချစ်ကိုမျက်ကန်းလေးလို လှမ်းဖို့တွေကာဝေ

[02:32.40] မင်းတွက့်ငါ့ရဲ့အချစ်သက်သေ

[02:34.00] နာမည်ရေးထိုးခဲ့တဲ့ ခုံတန်းလေး

[02:36.65] နောက်နှစ်လဲရှိပါစေ

[02:37.99] သူမနဲ့ပဲကျွန်တော်ပြန်တွေ့ပါရစေ

[02:41.18] စာသင်ခန်းတဲ့က အမှတ်တရတွေ

[02:42.77] ပြန်လည်ကာမြင်ယောင်တယ် သူသိမလားလေ

[02:45.43] ကျောင်းထဲက ကောင်မလေးရေ

[02:47.56] မင်းကိုလွမ်းနေဆဲ ဒီကောင်ကလေးလေ

[02:49.68] နွေ .. လေညင်းတွေတိုးဝှေ့လေ

[02:53.40] ကိုယ့်အသည်းမှာဆွေးမြေ့ကာ အထီးကျန်လွန်းနေ

[02:58.71] နွေ .. ကျောင်းတွေပိတ်မယ့်အချိန်

[03:02.42] ကိုယ်တို့တစ်ကယ်ဝေးဖို့အချိန်တန်ပြီလေ

[03:07.73] နွေ .. တိတ်ဆိတ်တဲ့ .. နွေ

[03:11.72] ခြောက်သွေ့တဲ့ .. နွေ

[03:13.58] အလွမ်းများပြည့်နေ

[03:16.51] တစ်နေရာစီ ဝေးရမယ့်အရေး

[03:20.22] မဖြေနိုင် နှလုံးသားထဲ အလွမ်းတွေနဲ့ဝေ

[03:26.60] အခုတော့ကျောင်းတွေပိတ်ရောက်ခဲ့တာ နွေရာသီ

[03:28.20] သုံးလဆိုတာ ငါ့အတွက်တော့ရှည်ကြာပြီ

[03:30.59] မင်းနဲ့ဝေးရတဲ့ ဒီလိုအချိန်နွေရာသီ

[03:32.44] ကျောင်းပိတ်လို့ပျော်တဲ့သူ

[03:33.77] ငါမဟုတ်တာသေချာပြီ

[03:34.83] အို ကံ့ကော်ပန်းရနံ့လေးတွေ

[03:39.88] အရင်လိုနှလုံးသားထဲမှာ

[03:42.80] မမွှေးတော့ဘူး နွေရေ