10.Eain
[00:01.33] ဖေကြီး ဒီသီချင်းဟာ အဖေကြီးကို သား..
[00:05.48] မုန်းလို့ဆိုထားတဲ့သီချင်းမဟုတ်ပါဘူး
[00:07.34] အဖေကြီးရယ်
[00:08.66] သား..အဖေကြီးကို သားချစ်လွန်းလို့
[00:11.05] တောင်းဆိုတဲ့သီချင်းပါ
[00:13.71] ကမ္ဘာပေါ်မှာရှိတဲ့အိမ်တိုင်းအိမ်တိုင်း
[00:16.13] မိသားစုတိုင်း
[00:19.83] အဆင်ပြေနိုင်ကြပါစေလို့
[00:21.97] ကျနော် ဒီသီချင်းလေးနဲ့
[00:23.55] ဆုတောင်းပေးလိုက်ပါတယ်
[00:25.68] ရင်ထဲမှာ ပြွတ်သိပ်နေတဲ့
[00:27.28] ခံစားရတဲ့ဒဏ်ရာတွေကို
[00:29.13] လူတွေကနားထောင်ပေးမယ်
[00:30.19] ကလေးတစ်ယောက်ရဲ့ မှန်တာတွေကို
[00:32.06] ငါရေးတဲ့စာသားတွေက အဓိပ္ပာယ်ရှိပီး
[00:34.17] လက်ညောင်းနေလည်း
[00:35.50] ဒါတွေကိုမမှုဘူး ငါ့ဘဝရဲ့အက်ကြောင်းတွေပဲ
[00:38.70] မိသားစုကံကြမ္မာရဲ့
[00:39.76] ပြောင်းလဲမှုက မကောင်းခဲ့ပါ
[00:41.61] သိန်းရာကျော်တန်တဲ့အိမ်ကို
[00:42.95] စျေးတွေနှိမ်ပီးရောင်းခဲ့တာ
[00:44.54] နောက်ပီးတော့
[00:45.33] ဓမ္မဝိဟာရလမ်းကအိမ်ကိုပြောင်းခဲ့တာ
[00:47.73] ကျောက်မြောင်းက ၇လွှာမှာနေပီးတော့
[00:49.85] ဘဝကိုကျောင်းခဲ့တာ
[00:51.18] အချိန်ရှိသမျှကြိုးစားပီး
[00:52.25] အနာဂတ်အတွက် စိတ်ဓာတ်မကျခဲ့ပါ
[00:54.36] မိဘကိုပြန်ရှာကျွေးမယ်
[00:55.69] စိတ်ချ ဒီတစ်ခါ သားအလှည့်ပါ
[00:57.57] လေးစားတဲ့ကျနော့်အဖေက
[00:58.63] မိသားစုအတွက်ဦးဆောင်ပါ
[01:00.49] ဒါပေမယ့် မပြောင်းလဲဘူး
[01:01.82] နေ့တိုင်းပဲ အဖေက မထူးယောင်သာ
[01:03.67] အိမ်ထဲမှာနေနေရင်း စကားတွေကညတိုင်းထပ်လာတာ
[01:06.86] မင်းအဖေက အခုဘာလုပ်လဲမေး ဖြေရမှာခက်လာတာ
[01:09.79] အဲ့ဒီအကြောင်းကိုတွေးရင်း
[01:11.12] မျက်ရည်ကအလိုလိုပဲတက်လာတာ
[01:12.97] ရင်ဘတ်ထဲထိုးထည့်ထားတဲ့
[01:14.56] ဒဏ်ရာကလည်း နက်လာတာ
[01:16.16] အိမ်...ဘယ်အချိန်မှာ ပျော်စရာတွေရလာမှာလဲ
[01:19.35] အိမ်...ဒီအတိုင်းပဲ
[01:20.95] ကျနော်တို့ဒုက္ခတွေရဲ့ကြားက
[01:22.29] အိမ်...မျက်လုံးထဲကအရည်တွေခမ်းခြောက်နေပီ
[01:26.01] တစ်ချက်လောက်ကြည့်ပါ
[01:27.33] အားငယ်နေတဲ့မျက်လုံးတွေကို
[01:28.67] အိမ်...ခြောက်နာရီဆို အဖေရယ်ပြန်လာပေးပါ
[01:31.85] အိမ် မိုးချုပ်မှာကိုအရမ်းပဲကြောက်နေခဲ့တာ
[01:35.31] အဖေနဲ့အမေ အဆင်ပြေနေရင်သိပ်ကောင်းမှာအမြဲ
[01:38.50] ဒီစိတ်ဆင်းရဲမှုတွေကို
[01:39.82] ထားခဲ့ချင်တယ် အတိတ်ဟောင်းမှာပဲ
[01:41.68] အပြင်မှာဝေဖန်ခံ
[01:42.74] မောပန်းတဲ့အဖြစ်ကိုအမေမသိဘူး
[01:44.61] ကျနော်အိမ်ကိုပြန်လာတိုင်း
[01:45.93] ခြောက်နာရီဆို အဖေမရှိဘူး
[01:47.80] အလုပ်ထဲမှာ နာကျင်လွန်းတဲ့
[01:49.38] ဝေဒနာကိုပြောမလို့
[01:50.97] ဘာမှမကြားချင်ဘူး စိတ်ရှုပ်စရာတွေအမောဆို့
[01:54.16] တစ်ချိန်မှာတစ်ကိုယ်ကောင်းဆန်ပီး
[01:55.49] ထွက်သွားချင်တယ် အဝေးကို
[01:57.35] ဒါပေမယ့် မထားခဲ့နိုင်ဘူး
[01:58.68] ကျနော်သိပ်ချစ်တဲ့ အမေ့ကို
[02:00.27] အောင်မြင်မှုတွေရှိလာရင်
[02:01.88] ပျော်စရာတွေတွေးလို့
[02:03.75] သားတွေကိုမသနားဘူးလား
[02:05.07] အဖေ့ကိုကျနော်လေမေးမလို့
[02:06.93] သူငယ်ချင်း ရသ ဘိုလေး
[02:08.27] ချမ်းအေးဝင်းကို အားကျတယ်
[02:09.86] သူတို့မိဘတွေရဲ့နွေးထွေးမှုကို သူတို့မသိကြဘူး
[02:13.04] အိမ်မှာလည်း လိုချင်တာပေါ့
[02:14.62] ဒီလိုမျိုးတွေမရှိကြဘူး
[02:16.23] ငါတို့ရဲ့ အနာဂတ်ကို
[02:17.55] ငါကိုယ်တိုင်လည်းမသိရဘူး
[02:19.41] အရောင်အသွေးတွေစုံလင်နေတဲ့
[02:20.74] ဒီအိမ်ကလေးကို မဖျက်ဆီးပါနဲ့
[02:22.62] ၇လွှာကိုတက်လိုက်ဆင်းလိုက်လုပ်တဲ့
[02:24.49] အမေလည်း အသက်ကြီးပါတယ်
[02:25.82] မပျက်စီးပါကွယ်
[02:27.15] အဖေ့ကိုအမြဲတမ်းဂုဏ်ယူပီးသား
[02:29.01] အိမ်ထဲမှာ စိတ်ဆင်းရဲစရာစကားတွေကိုလည်း
[02:31.14] ထပ်မညည်းပါနဲ့
[02:31.93] အိမ်...ဘယ်အချိန်မှာ ပျော်စရာတွေရလာမှာလဲ
[02:35.11] အိမ်...ဒီအတိုင်းပဲ
[02:36.72] ကျနော်တို့ဒုက္ခတွေရဲ့ကြားက
[02:38.24] အိမ်...မျက်လုံးထဲကအရည်တွေခမ်းခြောက်နေပီ
[02:41.70] တစ်ချက်လောက်ကြည့်ပါ
[02:43.01] အားငယ်နေတဲ့မျက်လုံးတွေကို
[02:44.61] အိမ်...ခြောက်နာရီဆို အဖေရယ်ပြန်လာပေးပါ
[02:47.54] အိမ် မိုးချုပ်မှာကိုအရမ်းပဲကြောက်နေခဲ့တာ
[02:50.99] အဖေနဲ့အမေ အဆင်ပြေနေရင်သိပ်ကောင်းမှာအမြဲ
[02:54.18] ဒီစိတ်ဆင်းရဲမှုတွေကို
[02:55.50] ထားခဲ့ချင်တယ် အတိတ်ဟောင်းမှာပဲ
[02:57.64] အဖေ့ကိုရင်ထဲမှာ
[02:58.69] မမေ့နိုင်တာတွေပြောပြချင်တယ်
[03:00.56] အရင်ကရေခဲထုပ်ရောင်းတဲ့
[03:02.16] ဘဝကိုပြန်မရောက်ချင်ဘူး
[03:03.76] နောက်ပီးတော့ ကုန်စုံဆိုင်ရောင်းတဲ့
[03:05.35] အချိန်ကိုပြန်မသွားချင်ဘူး
[03:06.68] ရပ်ကွက်ကပေးတဲ့ဆန်ကို
[03:08.27] တန်းစီတဲ့လူပြန်မဖြစ်ချင်ဘူး
[03:09.88] ဆွေမျိုးတွေဆီမှာ
[03:10.95] ပိုက်ဆံချေးတဲ့အမေ့ကို မသနားဘူးလား
[03:13.08] ထမင်းသုတ်စားရတဲ့
[03:14.40] ကျနော်တို့အဖြစ်ကိုထပ်မမြင်ချင်ဘူး
[03:16.26] ကျနော့်ညီလေးကျူရှင်လခ
[03:17.58] မပေးနိုင်တာကို ကြည့်ရက်နိုင်လား
[03:19.45] လူတွေကဝိုင်းပီး
[03:20.51] အဖေ့ကိုပြောနေတာတွေကို မခံစားနိုင်ဘူး
[03:22.63] ဒါတွေကို ယောင်လို့တောင်
[03:23.69] ငါစိတ်နာလွန်းလို့ မတွေးချင်ဘူး
[03:25.82] စာမျက်နှာပေါ်မှာ
[03:26.89] လူတွေသိအောင်လို့လည်း မရေးချင်ဘူး
[03:28.75] ဒီသီချင်းကိုနားထောင်ပီး
[03:30.34] မိသားစုအတွက် အဖေမြင်နေပါစေ
[03:31.94] ကမ္ဘာပေါ်မှာရှိတဲ့အိမ်တိုင်း
[03:33.55] သာယာပီးတော့ အဆင်ပြေပါစေ
[03:34.87] အိမ်...ဘယ်အချိန်မှာ ပျော်စရာတွေရလာမှာလဲ
[03:38.06] အိမ်...ဒီအတိုင်းပဲ
[03:39.92] ကျနော်တို့ဒုက္ခတွေရဲ့ကြားက
[03:41.24] အိမ်...မျက်လုံးထဲကအရည်တွေခမ်းခြောက်နေပီ
[03:44.70] တစ်ချက်လောက်ကြည့်ပါ
[03:46.04] အားငယ်နေတဲ့မျက်လုံးတွေကို
[03:47.63] အိမ်...ခြောက်နာရီဆို အဖေရယ်ပြန်လာပေးပါ
[03:50.81] အိမ် မိုးချုပ်မှာကိုအရမ်းပဲကြောက်နေခဲ့တာ
[03:54.27] အဖေနဲ့အမေ အဆင်ပြေနေရင်သိပ်ကောင်းမှာအမြဲ
[03:57.48] ဒီစိတ်ဆင်းရဲမှုတွေကို
[03:58.55] ထားခဲ့ချင်တယ် အတိတ်ဟောင်းမှာပဲ
[04:00.05] အိမ်...ဘယ်အချိန်မှာ ပျော်စရာတွေရလာမှာလဲ
[04:03.35] အိမ်...ဒီအတိုင်းပဲ
[04:04.85] ကျနော်တို့ဒုက္ခတွေရဲ့ကြားက
[04:06.35] အိမ်...မျက်လုံးထဲကအရည်တွေခမ်းခြောက်နေပီ
[04:10.08] တစ်ချက်လောက်ကြည့်ပါ
[04:11.41] အားငယ်နေတဲ့မျက်လုံးတွေကို
[04:12.73] အိမ်...ခြောက်နာရီဆို အဖေရယ်ပြန်လာပေးပါ
[04:16.19] အိမ် မိုးချုပ်မှာကိုအရမ်းပဲကြောက်နေခဲ့တာ
[04:19.64] အဖေနဲ့အမေ အဆင်ပြေနေရင်သိပ်ကောင်းမှာအမြဲ
[04:22.56] ဒီစိတ်ဆင်းရဲမှုတွေကို
[04:23.89] ထားခဲ့ချင်တယ် အတိတ်ဟောင်းမှာပဲ
