05. Htipe Sone Mhar A May
[00:27.80] ရကောက်ကို နောက်ပစ်နဲ့ ရဲလေးရဲ့ဘဝကို မွေးခဲ့တဲ့အမေ
[00:30.72] ငယ်စဉ်က မသိပါဘူးအမေကျေးဇူး
[00:32.84] နားလည်ပြီးတော့ သိတတ်ဖို့လည်း မရှိခဲ့ပါဘူး
[00:35.77] ၁၉၉၆ခုနှစ် ဒုက္ခတွေ စရောက်ခဲ့ပီး
[00:38.97] မိသားစုဘဝ နွေးထွေးမှုပျောက်ကွယ်ခဲ့တယ်
[00:41.63] စီးပွားရေး ဆုံးရှုံးသွားကာ သားသုံးယောက်ကို ကျွေးမွေးခဲ့
[00:45.09] ငါရှိသရွေ့ ငါ့သားသုံးယောက် မငတ်စေရဘူး
[00:47.75] ပညာရေး မပြတ်နေရဘူး နေ့နဲ့ည သူ့ခမျာမှာတော့ ရင်လေးခဲ့တယ်
[00:52.00] ကျောင်းမုန့်ဖိုး အပြည့်အဝလေးတောင် မပေးနိုင်ခဲ့ပဲ
[00:54.39] ပညာတွေကို သင်ပေးခဲ့တယ်
[00:56.25] အမေတစ်ယောက်တည်း ခံစားနေဆဲ ညတွေဆို ရန်များစေခဲ့
[00:59.69] အဖေ ဒေါသထွက်တိုင်း အော်လို့ငိုခဲ့ရတာအမှန်တရားတွေပဲ
[01:03.15] ဒါတွေက မပျောက်သေးခဲ့ပါ
[01:05.00] မိသားစု ချမ်းသာဖို့အရေး နှောင့်နှေးခဲ့တာ
[01:07.15] အဆိုးရွားဆုံး နေ့ရက်တွေပဲ
[01:09.00] မနက်ဖြန်အတွက် စားဝတ်နေရေး ပြေလည်ပါမလား
[01:11.94] လက်ထဲမှာ ပိုက်ဆံငါးဆယ် အမေ့မျက်နှာ မကောင်းဘူး
[01:14.59] သူ့ရင်ထဲမှာ မြိုသိပ်ဝှက်ကွယ်ထားတယ်
[01:16.98] ညီအငယ်ဆုံး ဘာမှမသိဘူး
[01:18.57] အမေ့ကိုငါ ကူညီဖို့လည်း တစ်ပြားမှမရှိဘူး
[01:21.23] တစ်နေ့တာ ပြီးဆုံးဖို့အတွက်
[01:22.82] အမေ ဘယ်လိုလဲ
[01:25.75] အိမ်ပြန်နောက်ကျတဲ့အချိန် မျှော်နေမှာလား မနက် ဖြန်အတွက်
[01:32.64] ဒီမိသားစုစားစရိတ် ပူပန်နေလား
[01:36.37] အမေမငိုနဲ့ နောင်ဘဝများလည်း အမြဲတမ်း ပျော်နိုင်ပါစေ
[01:42.74] ♪
[01:43.27] မရပ်ခဲ့ဘူး တစ်ဘဝလုံးအတွက် ပေးခဲ့ အမေ့ရဲ့ အချစ်တွေ
[01:50.20] ကလေးတွေကို မြိန်ရေရှက်ရေ အသားတုံးတွေကို ချက်ကျွေးခဲ့တာ
[01:53.65] ငါးပိရည်နဲ့ အရိုးဟင်းတွေကအမေ့အတွက် ဟင်းလား
[01:56.30] ဒါတွေက အမေ့အတွက် တရားလား
[01:58.18] မြင့်မိုရ်တောင် ဘယ်လောက်မြင့်လို့လဲ နှိင်းယှဉ်ရင် နိမ့်နိမ့်လေးပဲ
[02:01.36] စိတ်ထဲမှာ တစိမ့်စိမ့်တွေးမြဲ မျက်ရည်တွေ စီးကျနေဆဲ
[02:05.08] ဆွဲကြိုးလေး သွားပေါင်ပီးတော့ စတူဒီယိုဖိုးတွေ ရှင်းပေးခဲ့တာ
[02:08.28] ရင်ထဲမှာ မီးတောက်တွေနဲ့ သံစဉ်တွေ တီးခေါက်နေခဲ့
[02:11.46] ♪
[02:11.72] ရဲလေးက အောက်ခြေကပဲ ဒီပုံစံနဲ့ တက်လာတာပါ
[02:15.18] ဘယ်တော့မှ အရှုံးမပေးဘူး
[02:16.77] ဟစ်ဟော့ပ်မြူးဇစ် တစ်နေ့လုံးအတွက် ပင်ပန်းခဲ့လို့
[02:19.16] အားအင်တွေလည်း ကုန်ခမ်းနေခဲ့ အဝတ်လျှော်ဆဲ
[02:22.10] အမေဘယ်လိုလဲ မေးခွန်းပဲ မေးနိုင်ခဲ့
[02:24.48] ကျွန်တော်ပေးတဲ့ ပိုက်ဆံနဲ့ဆို အမေလောက်ပါ့မလား
[02:27.40] မိသားစုတွေ သွားနေကြတဲ့ အဆင့်မြင့်နေရာတွေ
[02:29.51] အမေရောက်ပါ့မလား
[02:30.86] ဒုက္ခတွေ ကုန်ဆုံးသွားမှာ အကြွေးတွေလည်း ပျောက်ပြယ်သွားရင်
[02:33.25] ♪
[02:33.94] ပျော်စရာတွေလည်း ကြုံရတော့မှာ
[02:35.91] ♪
[02:36.44] အမေစိတ်ချမ်းသာ နေနိုင်ဖို့အတွက်
[02:38.03] ဒါ ငါ့ဘဝ အစစ်အမှန်ပဲ နှလုံးသားရဲ့ထိပ်ဆုံးမှာနေ အစားထိုးဖို့
[02:41.38] တစ်ယောက်မှမရှိဘူး ငါ့ဘဝရဲ့ ထိပ်ဆုံးမှာအမေ
[03:12.47] အမေ ဘယ်လိုလဲ အိမ်ပြန်နောက်ကျတဲ့အချိန်
[03:17.25] မျှော်နေမှာလား မနက် ဖြန်အတွက်
[03:22.30] ဒီမိသားစုစားစရိတ် ပူပန်နေလား အမေမငိုနဲ့
[03:28.96] နောင်ဘဝများလည်း အမြဲတမ်း ပျော်နိုင်ပါစေ
[03:32.95] မရပ်ခဲ့ဘူး တစ်ဘဝလုံးအတွက် ပေးခဲ့ အမေ့ရဲ့ အချစ်တွေ
[03:43.30] အမေ ဘယ်လိုလဲ အိမ်ပြန်နောက်ကျတဲ့အချိန်
[03:48.34] မျှော်နေမှာလား မနက် ဖြန်အတွက်
[03:53.13] ဒီမိသားစုစားစရိတ် ပူပန်နေလား
[03:56.76] အမေမငိုနဲ့ နောင်ဘဝများလည်း အမြဲတမ်း ပျော်နိုင်ပါစေ
[04:03.67] မရပ်ခဲ့ဘူး တစ်ဘဝလုံးအတွက် ပေးခဲ့
[04:08.71] အမေ့ရဲ့ အချစ်တွေ အမေမငိုနဲ့
[04:13.50] ( ငါရှိသရွေ့ငါ့သားသုံးယောက် မငတ်စေရဘူး )
[04:17.39] မနက်ဖြန်အတွက်
[04:20.59] ဒီမိသားစုစားစရိတ် ပူပန်နေလား အမေ
[04:25.13] ( မြင့်မိုရ်တောင် ဘယ်လောက်မြင့်လို့လဲ )
[04:27.80] နောင်ဘဝများလည်း အမြဲတမ်း ပျော်နိုင်ပါစေ
[04:31.24] မရပ်ခဲ့ဘူး တစ်ဘဝလုံးအတွက် ပေးခဲ့ အမေရဲ့
[04:36.82] အချစ်တွေ (ငါ့ဘ၀ရဲ့ထိပ်ဆုံးမှာအမေ)
