y2mate.com - န w klive s lynn
[00:11.89] ငါတို့ရဲ့ နေ့ရက်များဟာ ယောင်းသွေ့လို့လာ
[00:16.39] တောင်လေရူး နှင်ရာ လူးလွင့် မျောပါသွားတဲ့ ရွက်ဝါလေးများပမာ
[00:21.97] ကန်၊မြစ်၊ချောင်း၊ စိမ့်စမ်းများဆီမှ ရေစက်လေး တစ်ချို့ဟာ
[00:28.09] တစ်ချိန်မှာ မိုးအဖြစ် အေးချမ်းစေဖို့ရာ အပူခံကာ ငွေ့ရည်ဖွဲ့နေရှာ
[00:34.19] တစ်ခါ နွေရာသီကို ရောက်ခဲ့ပြန်ပေါ့ကွာ
[00:37.91] တံလျှပ်တွေသာ ပြေးလွှား
[00:40.30] ဒီလူတွေဟာ ဖျားမြဲ ဖျား
[00:42.43] ကမ္ဘာဟာ ဖျားမြဲ ဖျားနေတာ
[00:45.89] ပင်လယ်ပြင်ထဲကို ပျော်ဝင်သွား
[00:49.34] ရေခဲစိုင်များလား ငါတို့ အိပ်မက်များလား
[00:55.72] မရေရာ
[00:57.07] အဝါရောင်ပြောင်းသွားတဲ့သစ်ရွက်ကလေးတွေ
[00:58.91] မွေးဖွားရာသစ်ပင်အကိုင်းအခက်ဆီမှ
[01:01.04] မြေလွှာပေါ်သို့အတင်းထွက်ပြေးနေ
[01:02.36] အေးစက်ခြင်းနဲ့မတူကွဲပြားတဲ့အငွေ့သက်လေးတွေ
[01:04.49] ကျေးငှက်ကလေးတွေရဲ့သီဆိုသံလေပြေထဲ
[01:06.35] တရွေ့ရွေ့မျောလွင့်လို့အနွေးဓာတ်ပေးနေ
[01:08.21] စောစီးစွာကျရောက်တဲ့မနက်ခင်းတွေ
[01:10.07] နေရောင်ခြည်ဓာတ်အလင်းတွေ မြေပြင်ပေါ်သက်ဆင်းကြွေ
[01:13.01] ပန်းပေါင်းစုံပွင့်တဲ့ရာသီ အလှတရားကိုဖန်ဆင်းစေ
[01:15.91] တိတ်ဆိတ်ခြင်းဟာလည်း
[01:16.70] ဒီရာသီရဲ့ဂုဏ်သတ္တိကိုတဖက်တလမ်းကအသက်သွင်းနေ
[01:19.64] နွေဥတုရဲ့ကောင်းကင်ယံ
[01:21.50] ကြယ်ရောင်စုံထွန်းလင်းတောက်ပလို့ လင်းလက်နေတာ
[01:24.96] အလင်းရောင်များ အခမဲ့ဖြန့်ကြဲနေ ဒီနွေရာသီဟာ
[01:30.82] ကန်ရေပြင်ဟာခမ်းခြောက်ကူးပြောင်းသွားတယ်ကစားကွင်းအဖြစ်
[01:33.19] အပ်ချည်ကြိုးတန်းလန်းနဲ့
[01:34.25] စွန်လေးဝေဟင်မှာပျော်ပါးရင်းလွင့်
[01:36.12] ညနေဆောင်းရင်းရောင်နီသန်းတဲ့
[01:37.71] နေဝင်ချိန်တွေလှမ်းလို့ကြည့်မယ်
[01:39.04] ဘာကြောင့်မှန်းမသိ အရင်လိုဘဲ
[01:40.36] ဒီနွေမှာလဲအလွမ်းပိုမိတယ်တကယ်
[01:41.69] တစ်ခါ နွေရာသီကို ရောက်ခဲ့ပြန်ပေါ့ကွာ
[01:45.41] တံလျှပ်တွေသာ ပြေးလွှား
[01:48.09] ဒီလူတွေဟာ ဖျားမြဲ ဖျား
[01:50.21] ကမ္ဘာဟာ ဖျားမြဲ ဖျားနေတာ
[01:53.66] ပင်လယ်ပြင်ထဲကို ပျော်ဝင်သွား
[01:57.11] ရေခဲစိုင်များလား ငါတို့ အိပ်မက်များလား
[02:03.51] မရေရာ
[02:15.73] လွမ်းဆွတ်တမ်းတစရာတွေများနဲ့နွေရာသီပါ
[02:17.86] မရောက်ဖြစ်ကြာတဲ့စာသင်ခန်းလဲဖုန်တက်နေတာသေချာပြီကွာ
[02:21.04] အခန်းဒေါင့်ကပြန့်ကျဲနေသောနေကြာစိများမှာအဖြေများရှိမလား
[02:24.23] ဖွက်ထားတဲ့အလွမ်းတွေနေကြာပန်းကလေးတွေမှာဖွေရှာကြည့်ပါ
[02:49.46] တစ်ခါ နွေရာသီကို ရောက်ခဲ့ပြန်ပေါ့ကွာ
[02:53.18] အရင်နှစ်လိုပါပဲလား
[02:55.83] ဒီလူတွေဟာ ဖျားမြဲ ဖျား
[02:57.97] ကမ္ဘာဟာ ဖျားမြဲ ဖျားနေတာ
[03:01.67] ပင်လယ်ပြင်ထဲကို ပျော်ဝင်သွား
[03:04.86] ရေခဲစိုင်များလား ငါတို့ အိပ်မက်များလား
[03:11.25] မရေရာ
