Lrc Player

ရွာဖိတ်စာ MASTER

Unknown artist
[03:27.65]·Synced by Guest·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:20.68] ကျေးဌက်တို့ တွန်သံသာ

[00:24.66] နေ့ကောင်းရက်မြတ် နံနက်ခင်းချိန်ခါ

[00:28.38] အိုးသံခွက်သံ ဆွမ်းလောင်းလှူရင်တွက်

[00:32.37] ချက်ကြသူသူငါ

[00:36.61] ကိုချက်ကြီးအော်သံ နားစွန့်ကာ

[00:40.33] အရန်သင့်လောင်းလှူမှာ

[00:44.33] ရွာဓလေ့ထုံးစံ တဘက်ခြုံပုဝါ

[00:48.05] အမေ့ရဲ့ပုခုံးပေါ်မှာ

[00:52.02] ပန်းစံပယ်ပွင့်လေး ဆင်မြန်းကာ

[00:55.74] ကြည်ညိုသဒ္ဒါပွား အလှတိုးကာ

[00:59.73] အမေဟာ ကမ္ဘာမှာအထူးမြတ်ဆုံးမေတ္တာရှင်ပါ

[01:06.09] ကျွန်တော့် မွေးမြေကို လှမ်းခဲ့ပါ

[01:10.09] စစ်ကိုင်းမြို့ရဲ့ အနောက်မှာပါ

[01:14.07] ငါးထပ်ကြီးဘုရားမှာ ဆုပန်ကာ

[01:17.78] အလုံးစုံ ပြည့်စေမှာ

[01:21.78] ရွာကိုအလည်ရောက် တထောက်နားကာ

[01:25.49] ဧရာဝတီမြစ်ရဲ့ နေဝင်ဆည်းဆာ

[01:29.47] ကာလာပန်းချီပမာ ကျွန်တော့်ရဲ့ မွေးရပ်မြေအလည်လာ

[02:07.73] ရွာကြီးသူအလှ ငေးမောစရာ

[02:11.44] ရေခပ်ဆင်းချိန်မှာ

[02:15.69] မြေပဲနုတ်ချိန် ငရုတ်ကောက်ချိန်ဆို

[02:19.69] အလှမပြင်တက်ပါဗျာ

[02:23.15] ရှင်မတောင် သနပ်ခါး ပါးကွက်လိမ်းကာ

[02:26.86] မြန်မာဆန်ဆန် တောဓလေ့ ပျော်မွေ့ရာ

[02:30.85] ရွာအလှူမှာဆို မြို့အလှူလည်း လိုက်မမှီပါဗျာ

[02:37.12] ကာလသားတွေလည်းစည်းလုံးကာ

[02:41.12] ကွမ်းလက်ဖက်နဲ့ ဧည့်ခံမှာ

[02:45.36] သာရေး နာရေး ရှေ့ထွက်ကာ

[02:49.07] ကျရာမငြီးငြူပါ

[02:52.80] နေညိုချိန်ရောက် လူစုကာ

[02:56.81] ကိုရင်ကာဂိ ထန်းရေဝိုင်းမှာ

[03:00.80] လူစုံပြီဆို စလို့ ငြင်းပါပြီခင်ဗျာ