14.Yin Khwal Pin Lal (Party Mix)
[00:15.60] အဆုံးမဲ့သော ပင်လယ်ကြီးတစ်ခုလို
[00:19.33] နက်ရှိုင်းတဲ့မေတ္တာတွေငါပေးလည်း
[00:23.06] ရေလှိုင်းလုံးတွေလိုနင်ဆွဲချသွားလိုက်
[00:26.78] နင်မြှောက်ပင့်လိုက်နဲ့ကစားပါတယ်
[00:30.77] အပြင်မှာငြိမ်သက်ပြီး ရိုးရှင်းသလိုနဲ့
[00:38.21] နင်ဟာပွေလီရှုပ်ထွေးတဲ့ ပင်လယ်
[00:45.64] ဘယ်လောက်ထိ နှိပ်စက်အုံးမှာလဲ
[00:49.12] ချာချာလည်နေပြီ တကယ်မူးတယ်
[00:52.84] ငါဆုံးဆုံးမြှုပ်လို့မသွားခင် လက်ပစ်ငါကူးပြီး
[00:57.90] လွတ်မြောက်အောင် ထွက်ပြေးမယ်
[01:00.29] ငါ့ရင်ကိုခွဲတယ် ငါ့ရင်တွေကွဲတယ်
[01:04.28] ရင်ကွဲပက်လက် ငါခံစားခဲ့
[01:08.02] ငါ့ရင်ကိုခွဲတယ် ငါ့ရင်တွေကွဲတယ်
[01:11.99] နင်ရက်စက်တယ် ရင်ခွဲပင်လယ်
[01:30.34] ပူလောင်အက်ဆစ်တွေစီးဝင်တဲ့
[01:31.39] နင်ကအန္တရာယ်သိပ်များတဲ့ မီးပင်လယ်
[01:33.79] အဲ့ဒီမီးပင်လယ်ကြီးထဲ
[01:35.11] ငါကမာယာလှိုင်းတွေကို စီးချင်တယ်
[01:37.25] ခရီးမတွင်လည်း အလောင်ကျွမ်းခံကူးခက်
[01:39.11] ရှုးမိုက်စွာနဲ့ ခရီးနှင်ဆဲ
[01:40.97] လွတ်မြောက်ချင်လည်း မင်းအနမ်းချိုချိုတွေကြားမှာ
[01:42.57] ရုန်းထွက်မရ ဆက်ပြီးကျင်လည်
[01:44.98] ငါ့ကိုနှိပ်စက်ရတာ ပျော်တယ်ပေါ့ဟုတ်လား
[01:46.57] ရုပ်နဲ့တောင် မလိုက် ကောက်ကျစ်ပြီး ယုတ်မာ
[01:48.42] မဟုတ်တာတွေကိုပဲ ရွေးပြီးနင်လုပ်တာ
[01:50.30] တွေ့သမျှ မိန်းမနဲ့ပတ်သက်ပြီးရှုပ်တာ
[01:52.16] ကြောက်တယ် ရွံ့တယ် မုန်းတယ် ချစ်တယ်
[01:54.28] Feeling ပေါင်းစုံကြားရေတိမ် ငါနစ်တယ်
[01:55.87] မူးတယ်မူးတယ် ချာချာလည်မူးတယ်
[01:58.01] နင့်ရဲ့ ဝဲဂယက်ကြောင့် နေ့စဉ် ငါရူးတယ်
[01:59.87] နင်ပြောတဲ့ချစ်တယ်ဆိုတာ အပျော်အပျက်ပါပဲ
[02:01.72] နင်ပေးတဲ့ ငါ့နေရာက ပျော်တော်ဆက်ပါကွယ်
[02:03.58] ပျင်းတဲ့အချိန်မှ ငါ့ကိုခေါ်တတ်ပါတယ်
[02:05.18] အာ့တာကို ငါအမြှီးနှံ့ပြီး မျှော်တတ်ပါတယ်
[02:07.31] လူရာတောင်မသွင်းခဲ့ပါကွယ်
[02:08.63] ငါက တိတ်တိတ်ပုန်း လိုသုံးအဆင့်ပါပဲ
[02:11.04] ငါ့မာနကို အမှုန့်ချေပြီး နင်ဟားတိုက်လို့
[02:13.69] ချနင်းတာအမြဲ
[02:15.57] ဘယ်လောက်ထိ နှိပ်စက်အုံးမှာလဲ
[02:19.28] ချာချာလည်နေပြီ တကယ်မူးတယ်
[02:23.28] ငါဆုံးဆုံးမြှုပ်လို့မသွားခင် လက်ပစ်ငါကူးပြီး
[02:27.70] လွတ်မြောက်အောင် ထွက်ပြေးမယ်
[02:30.62] ငါ့ရင်ကိုခွဲတယ် ငါ့ရင်တွေကွဲတယ်
[02:34.34] ရင်ကွဲပက်လက် ငါခံစားခဲ့
[02:37.79] ငါ့ရင်ကိုခွဲတယ် ငါ့ရင်တွေကွဲတယ်
[02:42.07] နင်ရက်စက်တယ် ရင်ခွဲပင်လယ်
[03:00.43] တစ်ခါတလေ လှိုင်းနုနုကြား မိန်းမောသွားအောင်
[03:02.47] ငါ့ကိုချော့လိုက် တစ်ခါတလေ မင်းဖန်တီးတဲ့
[03:05.38] မုန်တိုင်းတွေကြောင့် ငါ့မှာမောဟိုက်
[03:07.52] တစ်ခါတလေ ဆွဲအားများကြား
[03:09.10] မင်းခေါ်ဆောင်ရာ ပက်လက်မျောလိုက်
[03:11.25] တစ်ခါတလေ ရိုက်ချက်ပြင်းပြင်းနဲ့
[03:13.10] ဟိုးအဝေးကြီး ငါ့ကိုပစ်ကာဆော့လိုက်
[03:14.95] မင်းကြောင့်ဘယ်လောက်ငါ စိတ်ဖိစီးလည်း
[03:16.55] အရိပ်တကြည့်ကြည့် ငါ အမြဲဖြည့်ဆည်းခဲ့
[03:18.68] ငါပြန်ရလိုက်တာအရှုံးတွေကြီးပဲ
[03:20.27] မျက်ရည်နဲ့ မျက်ခွက် အရက်တွေနဲ့ ညဉ့်နက်
[03:22.14] နေ့စဉ်နဲ့ရက်ဆက် အချစ်တွေကငတ်ပြတ်
[03:23.99] အလွမ်းတွေက ကျပ်ညပ် ဒဏ်ရာက အထပ်ထပ်
[03:26.12] ရင်ဘက်ကဟက်တက် နာရတာတဆက်ဆက်
[03:27.72] နင်တရားလွန်ရက်စက်လည်း
[03:28.78] ငါချစ်တယ် အသက်ထက်
[03:30.36] ငါဆုတောင်းမိတယ်
[03:31.44] တစ်နေ့ နင့်ကိုငါမုန်းနိုင်ပါစေ
[03:33.56] ဒါဝဋ်ကြွေးတွေဆိုလည်း ဒီဘဝတင်ဆုံးနိုင်ပါစေ
[03:37.54] ဒီအချစ်ကျိန်စာအောက်က လွတ်မြောက်လို့ ရုန်းနိုင်ပါစေ
[03:41.00] အမြန်ဆုံး နင်နဲ့ဝေးရာပြေးလို့ အရင်လို ငါပြုံးနိုင်ပါစေ
[03:45.77] ဘယ်လောက်ထိ နှိပ်စက်အုံးမှာလဲ
[03:49.50] ချာချာလည်နေပြီ တကယ်မူးတယ်
[03:53.48] ငါဆုံးဆုံးမြှုပ်လို့မသွားခင် လက်ပစ်ငါကူးပြီး
[03:58.00] လွတ်မြောက်အောင် ထွက်ပြေးမယ်
[04:00.38] ငါ့ရင်ကိုခွဲတယ် ငါ့ရင်တွေကွဲတယ်
[04:04.36] ရင်ကွဲပက်လက် ငါခံစားခဲ့
[04:08.10] ငါ့ရင်ကိုခွဲတယ် ငါ့ရင်တွေကွဲတယ်
[04:11.81] နင်ရက်စက်တယ် ရင်ခွဲပင်လယ်
