Lrc Player

Kyoe Pyar Khae Thaw Eain Htaung Myo

Sai Sai
[04:52.47]·Synced by Guest·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:23.30] စိတ်မှာ တအုံ့ နွေးနွေး

[00:24.64] ငါဆွေးမိတဲ့ အကြောင်းတစ်ခု

[00:25.97] တစ်ချို့လူတွေ နားလည်မလား

[00:27.29] ခံစားရတာ မကောင်းဘူး

[00:28.88] အခုအရွယ်အထိ မပြောင်းဘူး

[00:30.23] လိုအပ်ခဲ့တဲ့ တောင်းဆု

[00:31.81] ငယ်ငယ်က ငါ့ဘဝ

[00:32.88] ပြန်တွေးလိုက်ရင် ခေါင်းမူး

[00:34.73] ငါတို့မိသားစု တစ်နေရာစီ ကွာဝေးခဲ့

[00:37.66] တကယ်ဘုရားစူး အဖြေကိုလည်းရှာမတွေ့ခဲ့

[00:40.31] ဘာမှမဖြစ်သလို အထာလေးနဲ့

[00:42.70] ဟန်ဆောင်နေရတာလည်း

[00:43.76] အွန်း လတွေ နှစ်တွေ ကြာမြင့်ခဲ့

[00:45.89] ကျောင်းတက်တဲ့ နေ့တွေတုန်းက

[00:47.48] ငါတစ်ယောက်တည်း ကျောင်းသွားခဲ့

[00:48.81] အိမ်စာတွေ ပေးတဲ့နေ့က

[00:49.88] အိမ်စာမပြီးလို့ အဝေးပြေးခဲ့

[00:51.74] မိဘတွေခေါ်ခဲ့တဲ့ ငါ့အတွက်ကခက်ခဲ

[00:54.66] မိဘတွေ မခေါ်နိုင်ဘူး

[00:55.72] အတန်းရှေ့မှာ အရှက်တွေကွဲမျက်ရည်ဝဲ

[00:58.90] ငါအိမ်ပြန်ရောက်မှ ရှိုက်ငိုခဲ့

[01:00.23] အချိန်တွေ ကြာပေမယ့်

[01:01.30] ပြန်စဉ်းစားရင် လှိုက်ဖိုဆဲ

[01:03.15] တောင်ကြီးရဲ့ ဆောင်းတွင်းက

[01:04.21] သိပ်ချမ်းလွန်းလို့ ခိုက်တုန်ခဲ့

[01:05.55] ဒီလိုဘဝမျိုး

[01:06.88] ငါနေချင်လို့ပါ အသိုက်အမြုံနဲ့

[01:08.73] ဒါဘယ်လိုဘဝမျိုးလဲ...

[01:11.39] အဖြေကိုရှာရင်း မောနေတယ်..

[01:14.05] ငါလေတစ်ယောက်တည်း အားတွေငယ်

[01:16.97] ကံကြမ္မာရယ် ရက်စက်လေခြင်း

[01:19.64] အဝေးကြီးဝေးခဲ့ ဘဝတွေရယ်

[01:22.55] လူတွေကလည်း ပြောနေကြဆဲ

[01:25.20] အဖေရယ်အမေရယ် သိပ်ချစ်တယ်တဲ့

[01:28.13] ကြိုးပြတ်ခဲ့တဲ့ အိမ်ထောင်မျိုးပေါ့....

[01:31.84] ငယ်ငယ်တုန်းက မီးလင်းဖိုလေး

[01:32.91] ငါ့ကိုအမြဲတမ်းနွေးစေခဲ့

[01:33.97] အဖေနဲ့အမေနဲ့ ဘဝကိုငြိမ်းလို့အေးစေခဲ့

[01:36.90] ယုယထွေးပွေ့ခဲ့ နေ့နဲ့ညတို့ဝေးနေခဲ့

[01:39.81] အတွေးတွေနဲ့ ငါတစ်ယောက်တည်းဆွေးနေခဲ့

[01:42.47] ချစ်တဲ့ ဟိုအရင်အချိန်က

[01:43.79] တစ်ယောက်နဲ့တစ်ယောက်သိပ်ချစ်လို့တဲ့

[01:45.40] သဘောထားတွေ မတိုက်ဆိုင်တော့

[01:46.45] အပြန်ပြန် အလှန်လှန် အပြစ်ဖို့ခဲ့

[01:48.05] အမေကမနှစ်မျို့ခဲ့ ရစ်လို့တဲ့ ဂျစ်လို့တဲ့

[01:51.76] ငါ မျက်နှာငယ်တာ နှစ်ချို့ခဲ့

[01:53.62] အမေ့ကို သိပ်လွမ်းတဲ့အကြောင်း ငါ

[01:55.22] သီချင်းတစ်ပုဒ်လုပ် ရေးထားတယ်

[01:56.55] ဒီလိုမျိုး ပစ်ချ ထားခဲ့ မယ်ဆို

[01:57.87] ဘာ့ကြောင့်များ အမေမွေးထားလဲ

[01:59.46] ဒီဘဝကြီးထဲ အသက်ရှင်ခွင့်ကိုပေးထားလဲ

[02:02.39] ခုနှစ်ထပ်က ခုန်ချဖို့တောင်

[02:03.45] အကြိမ်ကြိမ် ငါတွေးပြီးထားတယ်

[02:05.05] မလုပ်နဲ့ ငါ့အသိစိတ်က ဆုံးဖြတ်တယ်

[02:07.96] နာကျင်စရာများ လွန်းလှတော့

[02:09.03] မသိစိတ်က မုန်းတတ်တယ်

[02:10.63] အရာရာမှာ ရှုံးတတ်တော့

[02:11.95] အတွေးအခေါ်တွေတောင် တုံးလာတယ်

[02:13.56] ကံဆိုးကောင် သွားလေရာမှာ

[02:14.88] မိုးတွေလည်း ထစ်ချုန်းရွာတယ်

[02:16.20] ဒါဘယ်လိုဘဝမျိုးလဲ...

[02:19.13] အဖြေကိုရှာရင်း မောနေတယ်..

[02:22.05] ငါလေတစ်ယောက်တည်း အားတွေငယ်

[02:24.70] ကံကြမ္မာရယ် ရက်စက်လေခြင်း

[02:27.63] အဝေးကြီးဝေးခဲ့ ဘဝတွေရယ်

[02:30.28] လူတွေကလည်း ပြောနေကြဆဲ

[02:33.20] အဖေရယ်အမေရယ် သိပ်ချစ်တယ်တဲ့

[02:36.13] ကြိုးပြတ်ခဲ့တဲ့ အိမ်ထောင်မျိုးပေါ့..

[02:50.21] အမေ့မျက်နှာ မတွေ့ရတာ

[02:51.27] အခုဆိုရင် ခုနှစ်နှစ်

[02:53.12] အဖေနဲ့ပါ အဆင်မပြေပါ

[02:54.18] ပြဿနာတွေ အလွန်အကျွံဖြစ်

[02:55.78] လူဆိုး တစ်ယောက် အဖြစ်

[02:56.85] ပတ်ဝန်းကျင်က သမုတ်ကြတယ် ရှုံ့ချတယ်

[02:59.77] ငါသိမ်ငယ်လာအောင် လုပ်ကြတယ်

[03:01.63] ဟုတ်ကဲ့ပါ အဖေရယ်

[03:02.69] ကျွန်တော်က သိုးမည်းပါ

[03:04.28] ဒါပေမဲ့ ဆိုးတတ်လာအောင်

[03:05.61] ဘယ်သူတွေ အရောင်ဆိုးခဲ့တာ

[03:07.20] ၀မ်းနည်းတာ အရိုးထဲက

[03:08.53] ငါ့စိတ်တွေ ညှိုးခဲ့တာ

[03:09.86] မျက်ရည်တွေလည်း...

[03:10.92] ရောကုန်ပြီ မိုးထဲမှာ

[03:12.79] ဒီလို အဖြစ်မျိုးတွေ

[03:13.84] ဘယ်နှစ်ယောက်မှာ ရှိသလဲ

[03:15.44] ဒီလိုအိမ်ထောင်မျိုး ဘယ်နှစ်မျိုးရှိသလဲ

[03:18.38] ခေါင်းငုံ့လို့ နေနေတတ်တော့

[03:19.71] လူတကာက စော်ကားတယ်

[03:21.30] ကိုယ်တိုင်က မမော်ကြွားလည်း

[03:22.63] နာမည်ဆိုးနဲ့ ကျော်ကြားတယ်

[03:24.22] တစ်ခုခုဆို အမြဲလိုလို

[03:25.55] အရှုံးပေးလို့ နေနေတတ်ပြီ

[03:26.87] စိတ်တွေ မကျေလည်တိုင်း

[03:28.21] နံရံကိုပဲ ပစ်ထိုးခဲ့ ငါ့ရဲ့ဘဝ

[03:31.12] အဖေမေကွဲတာ အဖြစ်ဆိုးတယ်

[03:32.72] ဒါပေမယ့်လည်း....

[03:33.78] ငါအိပ်ယာဝင်တိုင်း ရှိခိုးဆဲ.....

[03:35.37] ဒါဘယ်လိုဘဝမျိုးလဲ...

[03:38.04] အဖြေကိုရှာရင်း မောနေတယ်..

[03:40.95] ငါလေတစ်ယောက်တည်း အားတွေငယ်

[03:43.61] ကံကြမ္မာရယ် ရက်စက်လေခြင်း

[03:46.54] အဝေးကြီးဝေးခဲ့ ဘဝတွေရယ်

[03:49.47] လူတွေကလည်း ပြောနေကြဆဲ

[03:52.39] အဖေရယ်အမေရယ် သိပ်ချစ်တယ်တဲ့

[03:54.78] ကြိုးပြတ်ခဲ့တဲ့ အိမ်ထောင်မျိုးပေါ့....

[03:57.97] ဒါဘယ်လိုဘဝမျိုးလဲ...

[04:00.62] အဖြေကိုရှာရင်း မောနေတယ်..

[04:03.55] ငါလေတစ်ယောက်တည်း အားတွေငယ်

[04:06.46] ကံကြမ္မာရယ် ရက်စက်လေခြင်း

[04:09.39] အဝေးကြီးဝေးခဲ့ ဘဝတွေရယ်

[04:12.05] လူတွေကလည်း ပြောနေကြဆဲ

[04:14.98] အဖေရယ်အမေရယ် သိပ်ချစ်တယ်တဲ့

[04:17.62] ကြိုးပြတ်ခဲ့တဲ့ အိမ်ထောင်မျိုးပေါ့....