Lrc Player

Daddy

Unknown artist
[04:27.23]·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:25.06] ငယ်ငယ်ကဆို ကျွန်တော်ဟာလေ

[00:28.77] အရမ်းပဲဆိုးပါသတဲ့

[00:31.43] လိုချင်တာတောင်းလို့မရရင်လည်း

[00:34.08] တစ်နေကုန်ဂျစ်တိုက်တယ်တဲ့

[00:37.54] မူကြိုကျောင်းကို

[00:40.73] သူဟာကျောပိုးပြီး ပို့ပါတယ်

[00:43.91] ဒါကိုပြန်တွေးမိတဲ့အခါတိုင်း

[00:47.10] ရင်မှာလေဝမ်းနည်းလို့လာတယ်

[00:50.56] ဒယ်ဒီအခန်းကို

[00:53.21] ယောင်ယောင်ပြီးတံခါးခေါက်မိနေတယ်

[00:56.40] ဒီရင်ဘတ်ကြီးထဲကလိုပဲ

[00:59.59] ဟာလာဟင်းလင်းကြီးဖြစ်နေတယ်

[01:04.10] ဆာကူရာ ပန်းလေးတစ်ပွင့်လို

[01:09.69] ကြွေကျခဲ့ပြီ မဖြေနိုင်ဘူး

[01:15.79] ဒယ်ဒီ ဒယ်ဒီ

[01:23.49] ကျီးကန်းလိုတစာစာအော်နေမိပြီ

[01:28.80] ဒယ်ဒီ ဒယ်ဒီ

[01:35.98] မြင်နိုင်မယ်ဆိုရင်

[01:37.57] ငုံ့ကြည့်ပေးပါဆုတောင်းနေမိ

[01:42.62] လေပြင်းတစ်ချက်က

[01:43.41] ဖယောင်းတိုင်မီးကိုငြှိမ်းပစ်လိုက်တယ်

[01:45.28] သေခြင်းတရားရယ်

[01:46.07] အသည်းနှလုံးကိုအစိမ်းလိုက်ခွဲ

[01:48.20] သိပ်မိုက်မဲတဲ့

[01:49.26] ကျွန်တော်တစ်ယောက်ပဲသောင်ပြင်မှာလွင့်

[01:51.38] နောင်တနဲ့နောင်ကျဉ်နေရင်း

[01:52.98] အမှောင်ကမ္ဘာမှာယောင်ချာချာဖြစ်

[01:54.83] စာအုပ်အဟောင်းတန်းမှာ

[01:56.16] အချိန်တွေအတူတူဖြုန်းခဲ့ဖူးတယ်

[01:57.76] အိမ်မှာရေခန်းတဲ့နေ့တွေမှာ

[01:59.62] အတူတူရုန်းခဲ့ဖူးတယ်

[02:01.21] မကြာခဏငြင်းခုန်ကြရင်းနဲ့ စိတ်တွေဆိုးတယ်

[02:04.13] ဗျစ်တောက်ဗျစ်တောက်ကျွန်တော့်ကိုဟောက်

[02:05.99] ပြီးမှ အိပ်ရာနှိုးတယ်

[02:07.59] စဉ်းစားရင်း ရူးသွပ်လို့သွားပြီလား

[02:09.45] အကြိမ်ကြိမ်ပြန်မေး အဖြေကိုမတွေ့

[02:11.84] ဒါဟာကျွန်တော့်အတွက်တော့ ကမ္ဘာပြိုတဲ့နေ့

[02:13.96] ဒယ်ဒီကဘယ်မှာလဲ ကိုကိုရေဒယ်ဒီ့ကိုခေါ်ပေး

[02:17.15] ဒယ်ဒီကပြန်လာမှာပါကွာ ယုံပါနော်ညီမလေး

[02:20.35] အမှန်ကိုငါရှင်းပြလိုက်ဖို့

[02:21.95] ကြိုးစားလိုက်တိုင်းနှုတ်ကမထွက်

[02:23.54] မျက်ရည်တွေစို့တက်လာတယ် ရုတ်တရက်

[02:26.72] အခွင့်အရေးတစ်ခုလေးပဲ

[02:28.33] ဖြစ်နိုင်မယ်ဆိုကျွန်တော့်ကိုပေးပါ

[02:29.92] နောက်ဆုံးတစ်ခေါက်လောက်တော့

[02:31.25] ကျွန်တော့်ကိုဒီမှာကန်တော့ခွင့်ပေးပါ

[02:33.10] ဒယ်ဒီ .. ဒယ်ဒီ ..

[02:40.01] ကျီးကန်းလိုတစာစာအော်နေမိပြီ

[02:45.59] ဒယ်ဒီ .. ဒယ်ဒီ ..

[02:52.75] မြင်နိုင်မယ်ဆိုရင်

[02:54.62] ငုံ့ကြည့်ပေးပါဆုတောင်းနေမိ

[03:02.33] ဒယ်ဒီ ကျွန်တော့်ကိုမှတ်မိမှာလား

[03:07.10] ကျွန်တော်အဲဒီကိုရောက်လာရင်

[03:08.97] ကျွန်တော့်ကိုမှတ်မိဦးမှာလား

[03:11.08] အခုကော နေကောင်းရဲ့လား

[03:15.07] အစစ အဆင်ပြေရဲ့လား

[03:18.26] ကျွန်တော်ကတော့အရင်အိမ်မှာအရင်လိုပါပဲ

[03:24.11] ဒယ်ဒီ .. ဒယ်ဒီ ..

[03:31.54] ကျီးကန်းလိုတစာစာအော်နေမိပြီ

[03:37.12] ဒယ်ဒီ .. ဒယ်ဒီ ..

[03:44.03] မြင်နိုင်မယ်ဆိုရင်

[03:45.35] ငုံ့ကြည့်ပေးပါဆုတောင်းနေမိ

[03:49.60] ဒယ်ဒီ ..