Lrc Player

11.Tu Nha Ko Tine Pyi

Unknown artist
[03:48.02]·Synced by Guest·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:28.93] သာဝတိံသာကနတ်သမီးလေးတစ်ပါး

[00:31.48] နတ်သက်ကြွေကာ..

[00:33.61] မြန်မာပြည်မှာလူဖြစ်ပြီးတော့

[00:36.00] မွေးဖွားလာတယ်..

[00:38.12] ဣန္ဒြေပိုင်ရှင်ယဉ်ကျေးမှုနဲ့

[00:40.78] သူ့အလှတွေရယ်...

[00:42.91] မြင်လျှင်မြင်လျှင် မြင်ခြင်းပဲကွယ်

[00:45.58] ချစ်မိစေတယ်...

[00:47.71] ကိုယ့်နှလုံးသားက

[00:50.13] လက်ညှိုးထိုးပြခဲ့တယ်

[00:52.52] ရည်မှန်းထားတဲ့

[00:54.91] အချစ်ပန်းကောင်းတစ်ပွင့်မို့ကွယ်

[00:57.30] ဆွတ်ခူးလက်ကမ်းလှမ်းကြံရွယ်

[01:01.21] ကြွေပါတော့ကွယ်...

[01:12.10] ပေပေတေတေ နေဖြစ်ခဲ့သမျှ

[01:14.22] တို့ပြုပြင်မယ်..

[01:16.61] အိမ်ယာထူထောင် အတည်တကျဖြစ်ဖို့

[01:19.00] ကြိုးစားချင်တယ်..

[01:21.39] ကိုယ်ကြင်နာသူ ကိုယ့်ရည်းစားလေး

[01:23.79] တင့်တင့်တယ်တယ်...

[01:26.17] လူပုံအလယ်မှာ မျက်နှာပန်းလှဖို့

[01:28.58] တို့စွမ်းဆောင်မယ်...

[01:30.99] သူငယ်ချင်းများနဲ့

[01:33.39] အပျော်အပါးလည်းလျှော့ပါ့မယ်

[01:35.80] အိမ်မြဲပါ့မယ်

[01:38.19] သန်းခေါင်ညနက် လမ်းထွက်မလည်

[01:40.58] အရင်တုန်းကအချိုးမျိုးပြင်ကာ...

[01:44.29] လိမ္မာပါ့မယ်...

[02:07.14] ကြင်နာသူကိုရည်မှန်းကြိုးစား

[02:09.53] စွမ်းအားတွေရယ်..

[02:11.67] ဓူဝံကြယ်ကိုတောင်ဘက်အရပ်သို့

[02:14.31] ရွှေ့ပစ်လိုက်နိုင်တယ်...

[02:16.44] နာမည်ကျော်တဲ့သူရဲကောင်းတစ်ယောက်

[02:19.10] မဟုတ်ခဲ့ပေမယ့်...

[02:21.50] ပင်လယ်ပြင်ကို ပြာကျတဲ့အထိ

[02:23.88] မီးရှို့နိုင်တယ်...

[02:26.26] ညာလက်ရုံးနဲ့

[02:28.66] တည်ဆောက်ရမယ့်ဘဝရယ်

[02:31.05] ဘယ်လက်ရုံးနဲ့

[02:33.18] ကိုယ်သိမ်းပိုက်မယ့်အချစ်ရယ်

[02:35.83] ယောက်ျားကောင်းတစ်ယောက်ရဲ့သစ္စာနဲ့..

[02:39.55] ကြင်နာပါ့မယ်..

[02:50.46] သူရယ်ကိုယ်ရယ် ရှေ့သွားနောက်လိုက်

[02:52.60] ဆံထုံးနဲ့ယောင်နဲ့...

[02:55.01] အိမ်သူကြင်ဖော် နှစ်ယောက်တည်းသီးသန့်

[02:57.41] ဖြစ်တဲ့အခါမယ်...

[02:59.80] သူသူငါငါ ရေလဲသုံးတဲ့

[03:02.19] စကားလေးကိုကွယ်...

[03:04.59] အကြိမ်ကြိမ်အဖန်ဖန် ထပ်တလဲလဲမက

[03:07.25] ပြောပြောနေမယ်...

[03:09.38] ဒီလောကနဲ့

[03:11.76] အလွန်ဝေးတဲ့အရပ်တစ်ခုမယ်

[03:14.14] သမ္မာကျမ်းထဲက

[03:16.55] ကမ္ဘာဦး သမီးရည်းစားလို

[03:18.94] နှစ်ယောက်တည်းနဲ့ တို့ရဲ့တိုင်းပြည်ကို..

[03:22.66] ထူထောင်ကြမယ်...