Lrc Player

7.Myar Bayin

Unknown artist
[04:37.42]·Synced by Guest·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:27.69] ပျိုရွယ်စဉ်အခါက

[00:30.35] နှလုံးသားမှာ မာန

[00:32.73] ဦးနှောက်မှာ အသိဉာဏ်

[00:35.66] အသွေးအသားမှာ သတ္တိ ခွန်အားနဲ့

[00:40.70] ချိန်ရွယ်ရာကို

[00:43.63] ထုတ်ဖောက် ခတ်စေတဲ့

[00:46.02] မြားချက်စွမ်းရှင်

[00:48.68] တည်ငြိမ်လေသူ အို မြားဘုရင်

[00:56.40] ရန်သူကိုတောင်မှ

[00:59.05] ခွင့်လွှတ်နိုင်နေကျ

[01:01.45] အသိစိတ်မှာ သစ္စာ

[01:04.38] အမုန်းတရားမှာ ချစ်မြတ်နိုးခြင်းနဲ့

[01:09.43] ယုံကြည်ရာကို ရဲဝံ့လျှောက်နိုင်တဲ့

[01:14.73] ဘဝရဲ့ စွမ်းအင်

[01:17.39] ပိုင်ဆိုင်လေသူ အို မြားဘုရင်

[01:22.71] အရိုးသားဆုံး မြားတစ်စင်းကို

[01:24.85] အဝေးဆုံး ပစ်လွှတ်ဖို့

[01:27.75] အထွတ်အထိပ်ရောက်ခဲ့တဲ့ အတတ်ပညာတွေ

[01:32.81] အခိုးအငွေ့အဖြစ်နဲ့

[01:35.47] ထားရစ် ပျောက်ပျက်စေ

[01:38.38] လေးနဲ့ မြားရဲ့ ဒြပ်ထု ထုထည်ကို

[01:43.43] အတ္တ အဖြစ်နဲ့

[01:46.08] ပြောင်းလဲပစ်ခတ်ဖို့

[01:48.48] အကြမ်းတမ်းဆုံး ခရီးက

[01:51.14] အသင်ပြန်ခဲ့ပြီ

[01:59.12] လေးညှို့ကို ညင်သာစွာ

[02:04.44] အသင် တင်ပေရော့

[02:59.13] ရင်ဆိုင်စရာတွေနဲ့

[03:01.52] ပြည့်နှက် ကာနေတဲ့

[03:04.19] အဆုံးအဖြတ်ကို လက်ခံ

[03:06.84] အပြောင်းအလဲကို ရွေးချယ် တွက်ချက်ကာ

[03:12.15] ဖြူစင်သူတွေ ရှုံးနိမ့် ထွက်ခွာတဲ့

[03:17.20] ဘဝ စက်ဝန်းကို

[03:19.86] ချိန်ရွယ်ပါလေ အို မြားဘုရင်

[03:25.17] အရိုးသားဆုံး မြားတစ်စင်းကို

[03:27.56] အဝေးဆုံး ပစ်လွှတ်ဖို့

[03:30.20] အထွတ်အထိပ်ရောက်ခဲ့တဲ့ အတတ်ပညာတွေ

[03:35.54] အခိုးအငွေ့အဖြစ်နဲ့

[03:37.93] ထားရစ် ပျောက်ပျက်စေ

[03:40.86] လေးနဲ့ မြားရဲ့ ဒြပ်ထု ထုထည်ကို

[03:45.90] အတ္တ အဖြစ်နဲ့

[03:48.56] ပြောင်းလဲပစ်ခတ်ဖို့

[03:51.21] အကြမ်းတမ်းဆုံး ခရီးက

[03:53.61] အသင်ပြန်ခဲ့ပြီ

[04:01.57] လေးညှို့ကို ညင်သာစွာ

[04:06.89] အသင် တင်ပေရော့