Lrc Player

05.Nwe Ote Aww

Unknown artist
[04:57.04]·Synced by Guest·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:20.10] နွေဥဩရယ် အသံချိုတယ်

[00:24.88] အဝေးမှာ သီရင့်ကျူးလို့

[00:31.00] လွမ်းတေးများဖွဲ့ ဆိုတယ်

[00:37.12] ဘယ်ဘဝကံအကြောင်းရယ် ကြောင့်

[00:41.64] လူမတွေ့ရာ သူရှောင်ပုန်း

[00:46.69] တေးဆိုရင်းကြားသူလွမ်းအောင်ချွဲတယ်

[00:56.78] အရောင်အဆင်းရယ် မထည်ဝါလို့

[01:01.29] အားငယ်နေတာများလား

[01:07.39] ခြောက်သွေ့ တဲ့တော တောင်မှာ

[01:13.51] နောင်ဘဝအတွက် ဆုပန်မြဲ

[01:18.57] အထီးကျန်တစ်ကိုယ်ရည်တည်း

[01:23.08] တစ်နှစ်တစ်ခါ ချစ်တဲ့သူကို တမ်းတရှာ

[01:32.93] ဆုတောင်းရယ် မပြည့်နိုင်တယ်

[01:37.47] အသံချိုအေးလေး ရှိပါလည်း

[01:42.51] ရုပ်အဆင်းက နုံချာတယ်

[01:47.82] ဪ စိတ်မနာသူ ရှိမလား သူ့ဘဝရယ်

[01:59.78] ဝဋ်ကြွေးရယ် မပြေလည်တော့

[02:04.29] ရှိစေပေါ့ ဥဩငယ်

[02:10.42] ခုဘ၀ ပေးဆပ် နိုင်မှ

[02:17.31] နောင်ဘဝမှာ ချစ်သူနဲ့

[02:21.29] ဖော်မကွဲကွာ ရွှေလက်တွဲ

[02:26.08] နွှဲနိုင်ဖို့ ဆုမွန်တောင်း ပေးလိုက်တယ်

[03:10.21] ဆုတောင်းရယ် မပြည့်နိုင်တယ်

[03:14.47] အသံချိုအေးလေး ရှိပါလည်း

[03:19.52] ရုပ်အဆင်းက နုံချာတယ်

[03:24.84] ဪ စိတ်မနာသူ ရှိမလား သူ့ဘဝရယ်

[03:36.81] ဝဋ်ကြွေးရယ် မပြေလည်တော့

[03:41.07] ရှိစေပေါ့ ဥဩငယ်

[03:47.45] ခုဘ၀ ပေးဆပ်နိုင်မှ

[03:53.56] နောင်ဘဝမှာ ချစ်သူနဲ့

[03:58.08] ဖော်မကွဲကွာ ရွှေလက်တွဲ

[04:03.13] နွှဲနိုင်ဖို့ ဆုမွန်တောင်း ပေးလိုက်တယ်