Chit Thu
[00:14.22] ချစ်သူ
[00:14.42] ချစ်သူ အရုဏ်ဦးနဲ့အတူ
[00:20.98] ကူဖေးမလှယ်ပါ အားအင်တွေပေးသူ
[00:28.11] အတိတ်တွေ နေပါတော့
[00:31.81] ချစ်သူရေ အရှေ့ဖက်လျှောက်လို့
[00:37.21] အနောက်ကို ပြန်လည်လှမ်းလို့ မကြည့်ချင်ဘူး
[00:42.03] ဝေးစဉ် ဆောင်းနှင်းပွင့် အတွေးတွေကြား
[00:49.15] မအေးမြတော့ပါလား
[00:52.29] ပူလောင်တယ် တွေးမိတိုင်း
[00:55.42] နံနက်ခင်းလဲ
[00:59.69] သစ်ခက်တို့ မြက်တို့အလှတွေ
[01:02.45] မှေးဖျော့လို့
[01:06.71] ဒို့အတိတ်တွေရယ် အို ဝိုးတဝါးပါကွယ်
[01:21.16] ကောင်းကင်
[01:23.73] ကြည်လင်တဲ့နေ့အစဉ်
[01:27.44] တိမ်ဆိုင်နဲ့ မိုးသားများလဲ
[01:29.73] ကင်းစင်စိတ်ကူးယဉ်
[01:34.87] အတွေးစဉ် မှိုင်တွေကာ ကိုယ်ငေးကြည့်နေရင်း
[01:41.97] လှမ်းကြည့်လိုက်တော့
[01:44.24] နေ့တွေ အချိန်တွေ မင်းနဲ့
[01:46.80] ဒို့အတူပဲ
[01:49.37] အနားမှာ အမြဲမခွဲတမ်းပဲနေတာ
[01:56.19] အကြောင်းပြုသက်သေထား
[01:59.88] ရင်ခုန်ဖွယ်အနမ်းများနဲ့
[02:02.73] ရွှေရောင်နေ့တွေ
[02:06.99] အတွေးသစ်နဲ့ အချစ်နဲ့
[02:08.98] အသစ်တွေအားလုံးပေါ့
[02:14.10] အမြဲကျန်းမာစေ ဒို့နှလုံးသားတွေလေ
[02:20.94] အမြဲဝေးပါစေ အတိတ်ရဲ့အရိပ်တွေလေ
