1.Bawa Sat Tine A Tu
[00:28.87] ရာသီအချိန်မီ လွှတ်လိုက် မုတ်သုံ
[00:32.85] လေစိုင်ဆုံရယ် အချစ်ပန်းတို့ ဖူးပြီမို့
[00:39.49] ပန်နော်မေရယ် နှလုံးသားထက်မယ်
[00:42.69] အချစ်ဆုံး ချစ်သူမို့
[00:47.99] တော်ဝင်အမည်တွင် ပန်းတကာ့ပန်းလို
[00:51.71] လေပြည်သယ်ရာ အမြဲသင်းပျံ့ နိုင်ဖို့
[00:58.63] တစ်ပင်ဆို တစ်ပင်သာ တယုတယ ပျိုးခဲ့တယ်
[01:06.59] ရင်ပြင်တော်ပေါ် အနောက်မြောက် ထောင့်က
[01:11.11] ညောင်ညိုပင်အို အရိပ်ရဲ့ အောက်မှာလေ
[01:16.68] အတူယှဉ်ထိုင်ကာ ဦးချပန်းလျှူ
[01:20.14] တောင်းဆုပန်စဉ်
[01:25.19] သံသရာအလယ်မှာ မလွတ်မြောက်သေးခင်
[01:28.37] ကျင်လည်လေရာ ဘဝဆက်တိုင်းအတူတို့
[01:36.07] ကြည်ဖြူနိုင်သူနှစ်ဦးပဲ ဖြစ်ပါရစေ
[02:04.76] ကြင်နာသူရေ ထားဂတိသစ္စာသွေဖယ်ယိုင်ကာ
[02:09.54] ပျက်သုဉ်းပြီး ဖောက်ပြန်ရင်
[02:14.87] အန္တရာယ်ရန်စွယ် အဆုံးမရှိငရဲမယ်
[02:18.05] သက်ဆင်း မြုပ်စေဖို့
[02:23.61] ကျိန်စာကိုယူ တောင်းဆုလွဲသူ
[02:26.54] နေပင်လယ်မှာ စွဲမြဲကျွမ်း လောင်လို့
[02:34.50] ကြမ္မာဂြိုလ် ရင်မှာ အဆိပ်လူးမြား ဆူးထိစေ
[02:42.21] ရင်ပြင်တော်ပေါ် အနောက်မြောက် ထောင့်က
[02:44.87] ညောင်ညိုပင်အို အရိပ်ရဲ့ အောက်မှာလေ
[02:51.78] အတူယှဉ်ထိုင်ကာ ဦးချပန်းလျှူ
[02:55.23] တောင်းဆုပန်စဉ်
[03:00.28] သံသရာအလယ်မှာ မလွတ်မြောက်သေးခင်
[03:03.72] ကျင်လည်လေရာ ဘဝဆက်တိုင်း အတူတို့
[03:10.91] ကြည်ဖြူနိုင်သူနှစ်ဦးပဲ ဖြစ်ပါရစေ
