12.A Twae Htel Ka A Yate
[00:24.76] အခွင့်သာမယ့် အခိုက်အတန့်ကိုစောင့်မျှော်လျက်ပါ
[00:34.06] အရေးယူလို့ ပြောပြစရာ တွေးစဉ်ဆက်ကာ
[00:42.31] နေ့စိတ်ကူးအိမ်မက်ရှည် နိုးလာခဲ့တော့
[00:54.25] ရှေ့မြင်ကွင်း မင်းရောက်နေ မင်းတစ်ယောက်တည်းနော်
[01:06.47] တစ်ခွန်းဆိုခွင့်ပြုလှည့်ပါ ပြောစရာရှိလို့
[01:15.76] နားထောင်မလား စကား စ ရုံထွက်ရှောင်သွားလို့
[01:24.53] ရပ်ကျန်ရင်းငေးကြည့်သူ သွေးဆူရစ်တော့
[01:36.75] စိတ်မှာ တေးထားလိုက်ပြီ နောက်တစ်ခါတစ်ခေါက်ပေါ့
[01:48.70] ထပ်တစ်ဖန်မင်းရှိတဲ့အချိန် တို့လာခဲ့တယ်
[01:57.47] စကားတွေမပြတ်သေးပါ အစပြန်ဆက်မယ်
[02:07.04] အနားမှာမင်းရှိမယ့်အခါ တို့အိပ်မက်တို့
[02:18.20] လွမ်းမျက်ဝန်း စိုးမိုးသူမင်းတစ်ယောက်တည်းပေါ့
[02:37.04] အတွေးထဲကအရိပ်နောက်ကို နင်းလိုက်နေခြေရာလေးတွေ
[02:49.00] ကြားရတဲ့မင်းအကြောင်းတွေ လွင့်ပျံ့နေ အတိုင်းသားပဲဟေ့
[02:59.89] ရောက်ခဲ့တဲ့လမ်းတစ်ဖက်မှာ ပင့်သက်ဝေလှည့်ကြည့်နေတုန်း
[03:11.58] ဝေလေညင်းတိုက်ခတ်နေ ကိုယ့်ရင်ထဲပေါ့
[03:23.27] စောင့်မျှော်ဆဲတို့ရှိရာ အရောက်လာလှည့်တော့
[03:35.22] ပိတောက်ပင်ရိပ် အမိုးအောက်မှာ
[03:37.87] တို့တစ်ယောက်တည်းလေ
[03:43.98] မင်းလာလမ်း ငေးကြည့်နေ
[03:46.91] အချစ်ရေ လှမ်းခဲ့
[03:53.29] အမုန်းရန်ငြိုးရှိခဲ့ရင် လွင့်ကွယ်ပျောက်တော့
[04:04.47] ဆုပန်ရင်း စိုးထိပ်ဆိတ်ငြိမ်ဆဲပေါ့
[04:16.69] လှမ်းမီဖို့ကြိုးစားသူ ကိုယ့်ထံပါးက
[04:26.25] ပုန်းရှောင်လို့ဝေးဝေးကို မသွားပါနဲ့တော့
[04:34.76] ကိုင်းမှီကျွန်း ကျွန်းကိုင်းမှီ မျှဝေရင်းနဲ့
[04:45.91] ဆိုးတူကောင်းတစ်လှည့်ရှိစေ တို့အညီအမျှပေါ့
