04.Pan Chit Thu (3)
[00:23.04] အမှောင်...ယံကြီးစိုးတဲ့ညရယ်
[00:28.61] တို့ နှစ်ယောက်ရဲ့ည အမှောင်ယံထဲ
[00:34.19] တိတ်ဆိတ်ခြင်းက လွှမ်းမိုးလို့
[00:38.97] ငြိမ်သက်ဆဲ တို့ရဲ့အမှောင်ယံညထဲ
[00:44.81] ဟိုး... ဟို... ဟိုး... အဝေးကြီးက
[00:50.12] ငြိမ်သက်ဆဲ
[00:51.18] ဆည်းလည်းသံကို ကြားတယ်
[00:56.23] လေ... ပြေညင်းရယ်
[00:58.08] ငြိမ်သက်ဆဲ ညမှာ
[01:01.28] အသာအယာတိုးလို့ တိုက်ခတ်နေ
[01:07.66] သင်းပျံ့မွှေးတဲ့ ပန်းရနံ့တွေ
[01:12.96] ဆောင်ယူ သယ်လာ လေညှင်းရယ်...
[01:18.55] လေယူရာ ယိမ်းနွဲ့မယ့်
[01:20.93] ပန်းလေးတစ်ပွင့်ရယ်
[01:25.19] ညင်သာစွာ ဖူးပွင့်လို့
[01:27.85] စောင့်မျှော်နေဆဲ ...
[01:32.09] ပန်းချစ်သူ တို့လက်နဲ့ကွယ်
[01:35.00] ခူးဆွတ်ဖို့ စိုးရွံ့လို့နေတယ်
[01:40.33] ကြင်နာသူသာ
[01:41.66] ခူးဆွတ်သူ ဖြစ်ပါ့စေလေ
[01:47.78] ဆွတ်ယူမယ် ဟန်ပြင်ကာပင်
[01:49.63] ယုယစွာ ထွေးပွေ့ထားပါမယ်
[02:20.47] ဘယ်လို လူလာ ခူးဆွတ်မယ်
[02:25.78] တို့ချစ်တဲ့ သူ့ရင်ခွင်ထဲ
[02:31.35] နား...ခိုအိပ်စက်လွန်းလှလို့
[02:36.40] မျှော်လင့်ဆဲ ပန်းချစ်သူ သူလာနိုး
[02:42.50] ဟိုး.. ဟို.. ဟိုး.. အဝေးကြီးက
[02:47.29] ပေါ်လာနိုး ပန်းချစ်သူ စောင့်စားရင်း...
[02:53.67] အသာအယာဆွတ်ယူ
[02:55.54] ရင်မှာသိမ်းထားမယ်
[02:58.71] အိုလေ ပန်းလေး တစ်ပွင့်ရယ်
[03:04.29] ပန်းကို ချစ်တဲ့ ပန်းချစ်သူ
[03:09.61] ကိုယ်တိုင် ချူကာ ဆွတ်ခူးမယ်
