01 - Way Lay Kaung Lay Pal
[00:17.42] မာယာနယ်မြေက ခဏနောက်ပြေးကြစို့
[00:21.58] ဟန်ဆောင်တာတွေ ယုံလွယ်ရင်လေ
[00:23.71] ငြိမယ် ဒီနှောင်ကြိုး
[00:25.73] အပြောင်းလဲများရဲ့ကြား
[00:30.52] အွန်း...ဒို့နှစ်ယောက်ရဲ့ဘဝများ
[00:35.56] မောပန်းတဲ့နှလုံးသားလေးကို
[00:37.14] နှစ်သိမ့်နိုင်ဖို့ သွားစို့
[00:41.93] အမုန်းများနဲ့ ဝေးလေကောင်းလေပဲ
[00:48.58] အောင်မြင်တာတွေနဲ့
[00:50.70] ကျော်ကြားခြင်းများအတွက်
[00:52.82] အချိန်တွေငွေတွေကုန်ခံကာလေ
[00:55.21] ဘဝကိုဖျော်ဖြေခဲ့
[00:57.60] ဒါတွေတိမ်လိုပဲလား
[01:00.15] အွန်း..အားလုံးပျောက်ကွယ်သွား
[01:07.24] ဘဝနဲ့ရင်းပြီးအမှားမှန်မသိချင်ဘူး သွားစို့
[01:13.25] အဆွေးများနဲ့ဝေးလေကောင်းလေပဲ
[01:56.09] အနိုင်ယူချင်တာ တစ်လှည့်
[01:58.21] ရှူံးနိမ့်ခြင်းများတစ်လှည့်
[02:00.33] ငိုသံရယ်သံ ဆူညံကာရယ် ဝိုင်းရံနေတဲ့ငရဲ
[02:05.02] တို့နှစ်ယောက် အရိပ်လိုငြိတွယ်
[02:09.01] အွန်း..ခဏလောက်ဝေးချင်တယ်
[02:14.57] ရိုးသားတဲ့နှလုံးသားလေးကို
[02:16.44] အစွန်းထင်းမခံနဲ့ သွားစို့
[02:20.70] အားလုံးနဲ့ဝေးလေကောင်းလေပဲ...
[02:27.33] ဝေးလေကောင်းလေပဲ
[02:29.99] အဆိုးများနဲ့ဝေးလေကောင်းလေပဲ
[02:35.84] ဝေးလေကောင်းလေပဲ
[02:39.02] အမုန်းများနဲ့ဝေးလေကောင်းလေးပဲ
[02:43.54] ဟူး..ဝေးလေကောင်းလေပဲ
[02:45.65] ဟူး..ဝေးလေကောင်းလေပဲ
[02:47.78] အားလုံးနဲ့ဝေးလေကောင်းလေပဲ...
[02:52.30] ဟူး..ဝေးလေကောင်းလေပဲ
