Lrc Player

11. Jip Pa Si Moe Tain

Unknown artist
[07:12.54]·Synced by Guest·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:40.18] ငယ်ငယ်က ချာတိတ်အရွယ် ကျောင်းနေတုန်း

[00:44.95] လူတကာလိုမဟုတ်ဘူး အရမ်းကိုဆိုး

[00:49.74] လူလိမ္မာတော့ မဖြစ်ချင်ခဲ့

[00:53.71] ကဲ အခုတော့ ဘယ့်နှယ့်လဲ

[00:58.23] စာသင်ဖို့ဆိုတာ စိတ်တွေပျက်

[01:03.28] ဘီတယ်လ်သီချင်း ကျက်နေခဲ့

[01:07.79] ကမ္ဘာကျော်ကဗျာတွေဖတ်ပြီး အချစ်ကိုတွေ့

[01:11.78] အသည်းကွဲတတ်ပြီလေ

[01:16.72] ငါဟာ မတည်ငြိမ်တဲ့ မိုးတိမ်ပဲ

[01:21.24] ကနေတဲ့ ဇာတ်လမ်း မှားနေပြီ

[01:26.01] ဘယ်လိုနေထိုင်ရမလဲ ဘဝဆိုတာ

[01:30.00] ပြဇာတ်တစ်ပုဒ်ပါပဲ

[01:34.51] ပီကာဆိုဘဝ ငါလေရခဲ့ချင်တယ်

[01:39.56] ဝါရင်ဘီတင်လိုလဲ ဖြစ်ချင်တယ်

[01:44.09] ဘီလီယန်ဒေါ်လာများထက် အဖိုးတန်တဲ့

[01:47.55] စိတ်ကူးများရှိနေတယ်

[01:51.27] ဒါတွေဘယ်တော့ဖြစ်မလဲအချစ်

[01:55.78] နေရာအခွင့်အရေးလေး ပေးလိုက်စမ်း

[02:00.31] ဘယ်လိုဖြစ်မလဲ ကြည့်နေ

[02:05.37] အချိန်နဲ့တိုင်းတာမယ်

[02:13.32] ငါဟာမတည်ငြိမ်တဲ့ မိုးတိမ်ပဲ

[02:18.12] ငါဟာ ဂျစ်ပစီဟေ့ ခရီးနှင်နေ

[02:22.89] ကြိုတင်ကာဇာတ်ညွှန်းဖတ်မလာသူ

[02:26.35] မင်းသားတစ်ယောက်ပါပဲ

[02:31.13] ငါ့ကို ဘာထင်ထင် ဘာဖြစ်လဲ

[02:36.18] အိုကွယ် အချစ်လေးရှိနေတယ်

[02:41.21] ဘီလီယန်ဒေါ်လာများထက် အဖိုးတန်တဲ့

[02:44.40] စိတ်ကူးများရှိနေတယ်

[02:48.13] ဒါတွေဘယ်တော့ဖြစ်မလဲအချစ်

[02:52.37] နေရာအခွင့်အရေးလေး ပေးလိုက်စမ်း

[02:57.16] ဘယ်လိုဖြစ်မလဲ ကြည့်နေ

[03:02.47] အချိန်နဲ့တိုင်းတာမယ်(တိုင်းတာမယ်)

[04:46.08] ဘယ်လိုထင်ထင် ဖြစ်တယ်လေ

[04:50.88] ထာဝစဉ်မှန်ကန်တဲ့တရားမရှိနိုင်ပါ

[04:55.40] တစ်ချပ်မှောက်တဲ့ ကစားပွဲများ

[04:59.12] အဖြေဟာ ဝိုင်းသိမ်းတော့မှ သိမယ်လေ

[05:04.44] ငါထာဝစဉ်မတည်ငြိမ် မိုးတိမ်လို

[05:09.23] ဂျစ်ပစီတွေလို မရပ်မနားခရီးနှင်နေ

[05:14.01] ဂငယ်ကွေ့တွေအပြည့်နဲ့ လမ်းပေါ်မှာ

[05:17.72] ငါလျှောက်ခဲ့မိပြီလေ

[05:22.24] ဘဝကအပြောင်းကြီး ပြောင်းလဲခဲ့

[05:27.54] မရည်ရွယ်တာတွေ အကုန်လုံးဖြစ်လာတယ်

[05:32.35] ကြိုတင်ကာဇာတ်ညွှန်းဖတ်မလာသူ

[05:36.06] ဘဝဟာ မင်းသားတစ်ယောက်လိုပါ

[05:40.57] အရာရာဟာ အချစ်ရေ မတည်ငြိမ်ဘူး

[05:46.15] ငါနေထိုင်လာတဲ့နှစ်က သုံးဆယ်

[05:51.20] မယုံနိုင်ဘူး ရုပ်ရှင်ကြည့်ရသလို

[05:56.28] ဘဝက ဆန်းကြယ်တယ်