Lrc Player

04.Beloved Bones

Unknown artist
[05:06.23]·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:15.72] ငါ့ခေါင်းထဲမှာ အတွေးတွေမရှိတော့ဘူးဆိုတုန်း

[00:19.98] အချစ်တို့သေဆုံးခဲ့တဲ့မြို့တော်ကြီးမှာ

[00:23.69] အလင်းတန်းတွေ ပျောက်ဆုံး

[00:27.40] စတော်ဘယ်ရီရောင်ဆံနွယ်များနဲ့

[00:31.40] မင်းနှုတ်ခမ်းများဟာ Caster တစ်လိပ်ထက် ချိုမြိန်မလား

[00:37.53] ငါမသိခဲ့

[00:51.65] အချိန်တွေမှားယွင်းခဲ့တဲ့

[00:54.03] တို့ရဲ့ဆုံမှတ်တစ်ခု

[00:57.23] မျဉ်းပြိုင်တစ်ဖက်ကရှိမယ်

[00:59.89] ငါ့ရဲ့ဝိညာဉ်အို....

[01:03.63] မစခင်ပိတ်ကားချခဲ့ ငါတို့ရဲ့ဇာတ်လမ်းတို

[01:09.46] ဒိုင်ယာလော့ခ်များလည်း မရှိပါအလွတ်ကျက်ထားနိုင်ဖို့

[01:15.60] ပိတ်ထားတဲ့ တံခါးများဟာ သော့အထပ်ထပ်

[01:21.72] တိုက်ဆိုင်မှုများရှိလည်း မသိချင်ယောင်ဆောင်ခဲ့လိုက်

[01:27.32] ရုပ်ရှင်မဆန်တဲ့အဖြစ်ကို မီးရှို့ပြာချလိုက်

[01:32.10] ငါတို့

[01:39.55] မဖြစ်နိုင်တော့တဲ့ အရာတွေကို တွေးရင်း ရင်မောရ

[01:45.39] ငါလည်း ပိတ်မိခဲ့ပြီ မင်းမျက်ဝန်းညိုလေးများကြား

[01:51.53] ပလတ်စတစ်မြို့တော်ကြီးမှာ မင်းလက်ကို ကိုင်စွဲဖို့

[01:57.37] ငါဘာတွေ စတေးခဲ့ရမလဲ မင်းအနားမှာတည်ရှိဖို့

[02:18.57] ညို့အားပြင်းလွန်းခဲ့တဲ့ မင်းရယ်သံလေးများ

[02:24.70] အမြဲတမ်းပြုံးနေပေးပါ ငါ့ကဝေမလေးရာ

[02:30.82] လွဲချော်မှုများအတွက်ငါ နောင်တတွေရမလား

[02:36.49] ချရေးခဲ့တဲ့ မပြောဖြစ်တဲ့ စကားလုံးများအတွက်ပါ

[02:54.79] သွေးကြောထဲစီးဆင်းခဲ့တဲ့ မင်းနာမည်လေးအား

[03:00.65] ခေါင်းထဲက ထုတ်သွားဖို့ မရှိပါ တစ်သက်လုံးငါ

[03:06.55] မင်းနဲ့ဝေးတဲ့ငါ့အဖြစ်က ကန္တာရထဲမှာ၊

[03:12.66] ကျွမ်းလောင်ခဲ့တဲ့ညတွေ အမြန်ကယ်တင်ပေးပါ

[03:18.76] ပိတ်ထားတဲ့ တံခါးများဟာ သော့အထပ်ထပ်

[03:24.60] တိုက်ဆိုင်မှုများရှိလည်း မသိချင်ယောင်ဆောင်ခဲ့လိုက်

[03:30.75] ရုပ်ရှင်မဆန်တဲ့အဖြစ်ကို မီးရှို့ပြချလိုက်

[03:35.02] ငါတို့......

[03:42.73] မဖြစ်နိုင်တော့တဲ့ အရာတွေကို တွေးရင်း ရင်မောရ

[03:48.60] ငါလည်း ပိတ်မိခဲ့ပြီ မင်းမျက်ဝန်းညိုလေးများကြား

[03:54.71] ပလတ်စတစ်မြို့တော်ကြီးမှာ မင်းလက်ကို ကိုင်စွဲဖို့

[04:00.28] ငါဘာတွေ စတေးခဲ့ရမလဲ မင်းအနားမှာ

[04:04.53] မင်းအနားမှာ တည်ရှိဖို့