Khit
[00:16.91] အန်တီ
[00:17.45] ဘာလဲပြော
[00:18.25] အေးဆေးပဲလား
[00:18.95] ဒါပဲပေါ့
[00:20.00] ရပ်ကွက်ထဲကိုကျွန်တော်လာခဲ့တော့
[00:21.87] သိချင်တာမေးမယ် မညာပဲပြော
[00:23.98] ပြဿနာတော့ မရှာနဲ့နော်
[00:25.59] ခက်ပါရောလာတဲ့သဘောက
[00:26.91] ဒါတွေမဟုတ် ဘာတွေများ
[00:27.98] ဘာတွေလုပ် ဘာတွေစား
[00:28.77] နောက်ပြီးတော့
[00:29.57] မနက်စာရော ဘာနဲ့မျော
[00:31.16] အဝတ်လျော်တယ်
[00:31.96] တစ်ထည်မှတစ်ရာပဲပေါ့
[00:33.28] မသိချင်ပါနဲ့ စိတ်ပျက်စရာအများကြီးပဲ
[00:34.87] အိပ်မက်စရာ အားရှိတဲ့
[00:35.67] ကလေးနှစ်ယောက်ရဲ့ကျောင်းစရိတ်နဲ့
[00:36.47] ဒီဘက်ခေတ်ရဲ့ကျပ်တည်းမှုက
[00:37.53] နှိပ်စက်တာ ခါးသီးတယ်
[00:38.86] ချိန်းထားတဲ့နေ့မို့ရောက်လို့လာခဲ့တာလေ
[00:40.20] အဆင်မပြေတာတွေကိုကြော်ညာလာမထိုးနဲ့
[00:42.33] မနက်ဖြန်လောက်မှ..
[00:42.86] အာ ပြောပြန်ပြီ
[00:43.93] အခုကျတစ်မျိုး ပြီးတော့တော်ကြာတစ်မျိုးနဲ့
[00:46.05] အဆင်ပြေကြပါစေဒေါ်အဝှာတို့ရယ်
[00:47.64] ကြည့်နေရင်းနဲ့တောင်မှ ရင်နာလာပြီ
[00:49.77] အန်တီ့ခလေးတွေကျောင်းကို
[00:50.46] သွားလိုက်ပါဦးမယ်
[00:51.53] လေးလမ်းကျော်လောက်မှာသာဝင်သာရှာကြည့်တော့
[00:53.66] ဒီခေတ်ကလေးတွေ ပညာရှာပြီးတော့
[00:54.98] တိုင်းပြည်ကိုမောင်းနှင်မယ့်
[00:56.05] အစဉ်အလာပါရှိတယ်။
[00:57.10] မင်္ဂလာပါအကို
[00:58.44] အေး! မင်္ဂလာပါညီ
[01:00.55] ကျန်တဲ့အကြောင်းတွေကိုနောက်မှပြောပြမယ်
[01:02.42] အရေးကြီးတဲ့တစ်ချက်ကတော့ ရင်ထဲကျန်ရမယ်
[01:04.56] စိတ်ကြွရူးသွပ်ဆေးပြားတွေနဲ့
[01:05.34] တိုင်းပြည်ကြီးကို လူညွှန့်တုံးအောင်
[01:06.13] ဓာတုဗေဒစစ်ပွဲတစ်ခုကို
[01:07.22] ဆင်နွှဲခံရတယ်
[01:08.46] ဘယ်သူတွေရောင်းလဲ
[01:08.99] မသိချင်နဲ့ညီ
[01:10.06] ဘယ်ကထွက်လဲ
[01:10.58] မသိချင်နဲ့ညီ
[01:11.92] ဘာအကြောင်းနဲ့မှမသိချင်နဲ့ညီ
[01:13.26] ညီကြီးလာရင်မသုံးဖို့ရာ
[01:14.31] အသိအမြင်ပဲရှိ
[01:15.65] Billion ချီအောင်စီးဆင်းနေတဲ့
[01:16.36] စျေးကွက်ထဲကို တင်ပို့နေတော့
[01:17.42] ထားစရာမရှိအောင်ကို
[01:18.21] ပိုက်ပိုက်တော့ရမှာပဲ
[01:19.28] ပိုင်လို့ဆိုင်လို့ လမ်းတွေရှင်းပြီး
[01:19.98] နိုင်ငံထဲက အမှိုက်ကားကြီးတွေ
[01:21.31] ဖြတ်ချင်လည်း ဖြတ်ကြပါ
[01:21.76] အမှိုက်တော့မချပါနဲ့
[01:23.07] ရန်မဖြစ်ကြနဲ့ စည်းစည်းလုံးလုံးနေ
[01:24.40] တစ်ယောက်ပေါ်တစ်ယောက်လည်း
[01:25.21] အကောက်မကြံပါနဲ့
[01:26.80] အချိန်မရလို့အကိုသွားလိုက်ပါဦးမယ်
[01:28.13] အေးအေးဆေးဆေးမှတစ်ခေါက်ပြန်လာမယ်
[01:32.13] ဘာစားမလဲ ဘာသောက်စရာမှာမလဲ
[01:34.25] ပရီမီယာပလိန်းတစ်ခွက်နဲ့
[01:34.78] နံပြားတစ်ချပ်ကိုသာ
[01:35.58] ထောပတ်မသုတ်ပဲနဲ့ အခြောက်ခံလာခဲ့
[01:37.70] ဘယ်လိုလဲ အခြေအနေ
[01:39.04] အိမ်ကိုရော ပိုက်ဆံတွေ
[01:40.28] ပုံမှန်ရောပို့ဖြစ်သေးရဲ့လား
[01:41.50] အဖေဆေးရုံတင်ရပြီးတော့
[01:42.83] သုံးလစာကြိုထုတ်လို့
[01:43.63] ဒီလတော့မပို့ဖြစ်သေးခဲ့ပါ
[01:45.21] စိတ်ဓာတ်မကျနဲ့ ကြိုးစားကွာညီ
[01:46.80] လောကကြီးကိုသာရိုးသားစွာကြည့်
[01:48.95] အလုပ်နားတဲ့အချိန် စာအုပ်သာဖတ်နေ
[01:50.26] အသိပညာတဖြေးဖြေးနဲ့ တိုးပွားလာမည်
[01:52.39] ဟေးရောင်တွေ ငါသေတော့မယ်
[01:54.26] ဒီဘက်နားလေးမှာကယ်ပေးကြဦးကွ
[01:56.10] မင်းဘာမင်းလျှာရှည်ပြီးတစ်ယောက်ထဲတက်သွားတာ
[01:57.70] ဘာကိစ္စနဲ့ငါတို့က ကယ်ပေးရဦးမှာ
[01:59.83] တစ်ပွဲလောက်တော့ အစွယ်လေးပြဦးဟ
[02:01.42] ဂိမ်းဆော့ရတာလည်း စိတ်ညစ်ပါတယ်
[02:03.55] ဟိုမင်းသမီးရဲ့ရေချိုးတဲ့ပုံတွေ
[02:05.14] ဟေ့ယောင်တွေ
[02:05.67] ဒီမှာကြည့် သိပ်ချစ်စရာပဲ
[02:07.27] စကားပြောချင်လို့အကို ခဏထိုင်ဦးမယ်
[02:09.13] ဒီကညီလေးဘေးလေးနည်းနည်းဖယ်
[02:10.99] ဘာတွေလုပ်ကြလဲ?
[02:11.78] ကျောင်းသားတွေပါဗျ
[02:12.84] Day တက်နေတယ်
[02:13.63] အေးအေးဆေးဆေးပဲ
[02:14.70] ကျောင်းပြီးသွားရင်တော့
[02:15.49] အလုပ်တစ်ခုကိုဝင်လျှောက်မယ်
[02:16.56] ပြီးရင်တော့တစ်နေရာတော့ရောက်မှာပါ
[02:18.42] နည်းနည်းတွေးကြည့်
[02:18.95] နည်းနည်းတွေးကြည့်
[02:19.75] အရင်ကယန္တယားကြီးအတိုင်းပဲ
[02:20.81] လမ်းဆုံးအောင် လျှောက်မှာလား
[02:22.14] ဒီမှာကြည့်ကွာအကိုပြောပြမယ်
[02:23.73] ကမ္ဘာ့မြေပုံကို သေချာလာကြည့်လှည့်
[02:25.60] အကိုတို့နိုင်ငံ ပထဝီအနေအထားအရ
[02:27.21] အရမ်းကိုအရေးကြီးတဲ့နေရာမှာရှိတယ်
[02:29.59] ဘေးကနိုင်ငံရဲ့အိန္ဒိယသမုဒ္ဒရာအတွက်
[02:31.18] ထွက်ပေါက်တစ်ခုအဖြစ်ကို
[02:31.98] အဖြေသာရှာကြည့်လှည့်
[02:33.04] ကမ္ဘာပတ်ပြီးစျေးရောင်းကြမယ့်
[02:33.84] ပတ်လမ်းစီမံကိန်းတွေထဲမှာ
[02:34.64] ဒီနိုင်ငံပါပါ၀င်ပြီးတော့
[02:35.61] ကြေညာတာရှိတယ်
[02:36.93] ကမ္ဘာနဲ့ချီစာဖွဲ့သည့်ကိစ္စတွေ
[02:38.53] ကျွန်တော်တို့နဲ့ဘာဆိုင်လို့
[02:39.23] အသင်ဝင်ချပြလဲ
[02:40.57] အကျိုးအမြတ်ယူဖို့
[02:41.36] ဘာသာစကားအပါအဝင်
[02:42.15] ပြင်ဆင်သင့်တာကိုပြင်ဆင်ကြရမယ်
[02:44.28] ကြီးကြီးကျယ်ကျယ်နဲ့
[02:44.81] ဒါကြီးဟုတ်ပါတယ် ထား
[02:46.13] ခင်ဗျားကအဆိုတော်လေ
[02:46.93] ဆရာကြီးမလုပ်ပါနဲ့
[02:47.73] အေးအေးဆေးဆေးနဲ့
[02:48.80] သီချင်းပဲဆိုနေကွာ
[02:50.13] စိတ်မဝင်စားဘူး
[02:50.30] လာပြီးမရှုပ်ပါနဲ့
[02:51.64] မျက်စိဖွင့်ကြ နားစွင့်ကြပါဟ
[02:53.23] စီးပွားရေးတိုးတက်ဖို့ပဲ
[02:54.28] အလေးထားပါကွာ
[02:55.35] နဖူးကခြေမချွေးကျတာထား
[02:56.67] လူငယ်တွေထိုးဖောက်ပြီး
[02:57.73] စတေးရမှာကွ
[02:58.80] တော်ပြီမပြောတော့ဘူး တွေးလို့ရသမျှကို
[03:00.66] သွားတော့မယ်
[03:01.18] အချိန်ပေးဖို့ကမအားလို့
[03:02.52] ကျွန်တော်က Rap ဆိုတာ
[03:03.31] ၀ါသနာပါလို့ပါ
[03:04.38] သိချင်တာ ခဏလောက်မေးလို့ရမလားအကို
[03:06.24] ပြောလေဘာလဲ
[03:07.83] Rap ဆိုတဲ့လူတစ်ချို့ကပြောနေပါတယ်
[03:10.22] အကို့ရဲ့သီချင်းတွေက
[03:10.76] ဘာလို့အပြင်လောကကြီးထဲမှာဖြစ်ပျက်နေတဲ့
[03:12.26] အရာတွေနဲ့ပဲရောနေတာလဲ
[03:13.85] တစ်ချို့တွေက နိုင်ငံခြားက
[03:14.90] Hip Hop တွေရဲ့ပုံစံတွေကို
[03:15.97] လိုက်လုပ်ကြပြီး အပီကိုကြိုးစားတာ
[03:17.30] နေဦး ညီလေး မင်းပြောနေတာတွေက
[03:19.70] ဒီလိုမျိုးလားကွာ
[03:24.66] ပိုက်ဆံတွေ လေပေါ်မှာကြဲ
[03:25.92] ပိုက်ဆံတွေ ပိုက်ဆံတွေ လေပေါ်မှာကြဲ
[03:28.29] ပိုက်ဆံတွေ လေပေါ်မှာကြဲ
[03:29.63] ပိုက်ဆံတွေ ပိုက်ဆံတွေ လေပေါ်မှာကြဲ
[03:32.03] ပိုက်ဆံတွေ လေပေါ်မှာကြဲ
[03:33.34] ပိုက်ဆံတွေ ပိုက်ဆံတွေ လေပေါ်မှာကြဲ
[03:35.48] ပိုက်ဆံတွေ လေပေါ်မှာကြဲ
[03:37.06] ပိုက်ဆံတွေ ပိုက်ဆံတွေ လေပေါ်မှာကြဲ
[03:58.40] လူတွေရှိန်အောင် ငှားရိုက်ပြီးဂေါ်လီလုပ်
[03:59.73] မရှိတဲ့အရာအရှိလုပ်ပြီးတော်ကီထည့်
[04:01.60] သံစဉ်တူအောင်ကူးချမှ Copy မဟုတ်
[04:03.44] ဟိုကဘဝတွေကို ကူးချလည်းCopyပဲ
[04:05.32] အရူးထပြီးဆော်ကြည်မယ့်
[04:06.10] လက်တလောမှာခေတ်စားနေတဲ့
[04:07.17] Popping ဖြစ်တဲ့အကြောင်းအရာတွေက
[04:07.97] ရင်ဘတ်ထဲကမဟုတ်
[04:09.30] အနုပညာတစ်ခုပဲရှိတယ်
[04:11.16] ခံစားချက်တွေကို
[04:11.68] ရင်ဘတ်ထဲကထုတ်
[04:12.75] ရှေ့ဆက်ပြီးတော့
[04:13.81] အကို့ရဲ့အနုပညာလှုပ်ရှားမှုတွေ
[04:15.15] ဘယ်လိုမျိုးနဲ့လျှောက်လှမ်းသွားပါမလဲ?
[04:16.73] ဒုတိယမြောက်အခွေတစ်ခွေကိုလုပ်နေတယ်
[04:18.32] နောက်နှစ်ထဲလောက်တော့မှန်းထားပါတယ်
[04:19.94] အချစ်တွေ အလွမ်းတွေ အဆွေးတွေအပြင်
[04:21.53] မတူညီကွဲပြားတဲ့အကြမ်းစားတွေပါမယ်
[04:23.92] ဒီခေတ်ကြီးမှာ Quality မကောင်းပဲနဲ့
[04:25.51] အာရုံတွေကို ဘယ်လိုလုပ်ပြီးဖမ်းစားမှာလဲ
[04:27.38] နောက်ပြီးတော့ J-Fire အနေနဲ့
[04:29.23] အားပေးတဲ့ပရိတ်သတ်ကို
[04:30.46] ဘာပြောချင်သေးလဲ
[04:31.25] ကျွန်တော်ဆက်ပြီး ကြိုးစားနေပါတယ်
[04:33.11] မတူညီတာတွေ ချပြချင်သေးတယ်
[04:34.97] ဒါပြီးတော့ လူငယ်တွေ…
[04:42.66] တိုင်းပြည်ရဲ့ စတုတ္ထမဏိုင်ဆို
[04:44.53] မကြွေးကြော်နဲ့ စတုတ္ထမဏိုင်လို့
[04:46.38] ပိုပြီးတော့ မျက်စိတွေဖွင့်ပေးဖို့
[04:47.72] တစ်ကယ်ကိုပဲ အရေးကြီးတယ်
[04:48.50] စတုတ္ထမဏိုင်သို့
[04:49.84] လူမှုကွန်ယက် အပေါ်တွေမှာ
[04:50.89] ရှိတာတွေ လော်နေတာ
[04:51.69] ကြည့်ပါလေ အချင်းချင်းပဲဖဲ့
[04:53.56] တစ်ယောက်နဲ့တစ်ယောက်နဲ့
[04:54.09] အမြင်မတူလေးတွေနဲ့
[04:55.15] ဆဲနေကြဆိုနေကြပြီး
[04:55.95] အချင်းချင်းလည်းမတည့်
[04:57.02] A ခန်း B ခန်း မတည့်ရာကနေပြီးတော့
[04:58.87] လူကြီးပိုင်းထိကို
[04:59.68] အချင်းချင်းလည်းမတည့်
[05:00.73] နွားကွဲရင် ကျားဆွဲမယ်နော်
[05:02.59] ကွန်မန့်လေးရေး ဂျင်းအတင်းပဲထည့်
[05:04.45] ကမ္ဘာထိမြင်အောင်
[05:05.52] လိုက်ကြည့်ပါဆိုနေမှ
[05:06.49] တစ်ချို့တွေထင်တာ
[05:07.01] ကမ္ဘာပျက်မလားပေါ့
[05:08.07] အရှေ့ အလယ်ပိုင်း
[05:08.60] နိုင်ငံတစ်ခုကိုဆက်ရှင်ထိတာနဲ့
[05:09.66] ၃၅လမ်းဆီဆိုင်တွေမှာ၂၀၀ တက်သွားရော
[05:11.80] ဘာမှစိတ်မဝင်စားတော့ သွားရော
[05:13.65] တစ်ခုခုဖြစ်ခဲ့ရင် ရှောင်ဖို့ရာမလွယ်
[05:15.50] တစ်ကယ်ပဲ ညောင်ဦးကမ်းပါးပျိုတာနဲ့
[05:17.10] စပါးနဂိုကနွားမကြီးက ပေါင်ကျိုးပါတယ်
[05:19.24] နောက်ကလိုက်တဲ့
[05:19.93] စင်ကာပူ ဗီယက်နမ် ဒီလိုမျိုးတွေတိုးတက်လာဖို့
[05:21.79] ဘာလုပ်တာလဲပေါ့
[05:23.13] ဘာတွေဘယ်လိုပြင်ဆင်ထားပြီး
[05:23.94] ဒီနိုင်ငံက လူငယ်တွေက
[05:24.99] အနာဂတ်မှာ ဘာလုပ်မှာလဲပြော
[05:26.58] မင်းသဘောပဲ မကြိုးစားလည်းရတယ်
[05:28.44] မစည်းလုံးရင် မဖြစ်လို့ပါ
[05:29.24] လာမရှုပ်ပါနဲ့တော့
[05:30.31] အရှေ့ကိုလျှောက်မှာလား
[05:31.11] အနောက်ကိုဆုတ်မှာလား ပြော
[05:31.90] အမုန်းစကားအားလုံးကို
[05:33.24] ခါထုတ်လာခဲ့တော့
[05:34.21] ပြောတာလည်းများသွားပြီ
[05:35.53] တစ်ကယ်ပြောင်းလဲချင်တဲ့
[05:36.32] စိတ်နဲ့ ဆိုနေတာပါ
[05:37.66] သူတို့လည်းလူ ကိုယ်လည်းလူပဲလေ
[05:39.25] အမြဲစိတ်ဓာတ်ကျပြီးတော့
[05:40.05] ငိုနေမှာလား
[05:41.39] အချိန်ကိုအကျိုးရှိအောင်
[05:42.62] အသုံးချ
[05:43.15] မူးယစ်ဆေးဝါးနဲ့
[05:43.96] အပိုတွေအသာထား
[05:45.01] ဒီနိုင်ငံကြီး ပြောင်းလဲဖို့အတွက်က
[05:46.61] တစ်ကယ်ပဲ လူငယ်တွေကို လိုနေတာပါ
