Lrc Player

My Broadcast

Unknown artist
[04:48.97]·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:11.02] ကျွန်တော်တို့အားလုံးဟာ ဒီနေရာကို

[00:15.79] ဘ၀အတွေ့အကြုံယူဖို့အတွက်

[00:18.18] ရောက်လာကြတာဖြစ်တယ်

[00:20.85] ဒီနေရာနဲ့လိုက်ဖက်မယ့်

[00:22.98] ဒီခန္ဓာကိုယ်ကို ခဏဝတ်ဆင်ထားကြတယ်

[00:29.89] ပထမဆုံးထိတွေ့ရတဲ့အဖြစ်အပျက်တွေပေါ်မှာ

[00:32.55] ကိုယ်မသိတဲ့အကြောင်းအရာတွေရော

[00:35.47] ကိုယ်သိပြီးအကြိမ်ကြိမ်ပြန်ရချင်တဲ့

[00:37.23] အကြောင်းအရာတွေကိုပါ

[00:39.09] ကိုယ့်စိတ်အင်အား

[00:39.78] အနည်းအများပေါ်လိုက်ပြီး

[00:42.18] ဆင်ခြင်အသုံးပြုတတ်ဖို့ လိုတယ်

[00:46.45] ဒီနေရာက materialတွေနဲ့ဖွဲ့စည်းထားပေမဲ့

[00:50.72] စိတ်ခံစားချက် အတွေ့အကြုံကို

[00:51.95] အဓိက ယူရတဲ့နေရာဆိုတော့

[00:54.35] ဒီမှာရှိတဲ့ အနံ့အရသာတွေ

[00:56.99] အရောင်အဆင်းတွေ အထိအတွေ့တွေက

[01:00.18] ကျွန်တော်တို့အားလုံးအတွက်

[01:02.05] စွဲလန်းမှု ပြသာနာတွေ ဖြစ်လာပြီးတော့

[01:05.49] ကိုယ်တကယ်လုပ်ရမယ့်အလုပ်တွေကို

[01:07.10] မလုပ်တော့ဘဲနဲ့ ကိုယ့်ကိုကိုယ်

[01:09.22] အကျဉ်းချမိသလိုဖြစ်လာလိမ့်မယ်

[01:13.47] ဒီခန္ဓာကိုယ်ထိခိုက်တာ

[01:14.17] အနည်းဆုံး ကုသလို့ရပေမဲ့

[01:16.47] စိတ်လှုပ်ရှားမှုကိုသိပ်ကြိုက်နေကြတော့

[01:18.86] ကိုယ်သွားနေတဲ့ဒီခရီးမှာ အပေါ်မှာ

[01:21.52] ရောက်လိုက်အောက်ကျလိုက်နဲ့

[01:24.62] ရွာတွေလည်နေတဲ့ နေရာတခုဘဲ

[01:49.92] ဒီနေရာမှအခုလက်ရှိမြင်နေရတဲ့

[01:52.32] အတွေ့အကြုံလေးကိုပြောပြထားခဲ့မယ်

[01:56.03] ငယ်ငယ်တုန်းကသိထားတဲ့

[01:57.35] ဆိုးတာတွေကောင်းတာတွေဆိုတာ

[01:59.77] တကယ်တမ်းလက်တွေ့မှာ

[02:00.73] ပြောင်းပြန်ကြီးဖြစ်နေတယ်

[02:03.12] အားလုံးအတွက်

[02:04.19] အေးချမ်းမယ့်အရာကိုမလုပ်ကြဘဲနဲ့

[02:06.58] အားလုံးကဒုက္ခရောက်မယ့်အကြောင်းအရာကို

[02:08.96] ရွေးလုပ်နေကြတယ်

[02:11.09] ပြည့်စုံပါတယ်ဆိုတဲ့ပညာတတ်လူတစ်စုက

[02:14.28] တကမ္ဘာလုံးမှာရှိတဲ့ လူတွေကို

[02:15.88] ဒုက္ခရောက်အောင်lesson တွေပေးနေကြတယ်

[02:19.06] ကိုယ့်ခရီးမှာသယ်ယူလို့မရတဲ့အရာတွေကို

[02:21.19] နည်းမျိုးစုံနဲ့ရှာဖွေစုဆောင်း နေကြတယ်

[02:23.85] တစ်ခုသတိထားမိတာက

[02:25.97] ကိုယ်ဘယ်ခရီးကိုရောက်ရောက်အသုံးဝင်မယ့်

[02:28.36] မေတ္တာတရားတွေ ကိုယ်ချင်းစာတာတွေ

[02:32.09] တစ်ယောက်နဲ့တစ်ယောက်

[02:33.15] တန်ဖိုးထားချစ်ခင်ကြတာတွေ

[02:35.20] သိပ်မတွေ့ရတော့တာအမှန်ဘဲ

[02:37.84] ငြိမ်းချမ်းချင်တဲ့သူကိုကဲ့ရဲ့ကြတယ်

[02:40.78] ရုတ်ရုတ် ရုတ်ရုတ်ဖြစ်တာကိုပိုကြိုက်လာကြတယ်

[02:44.23] အဲ့တာကြောင့် လူဆိုးတွေလည်းမပျောက်သွားသလို

[02:46.37] လူကောင်းတွေလည်း ပေါ်မလာကြတော့ဘူး

[02:49.55] လူတစ်ယောက်ချင်းစီရဲ့

[02:50.62] လွတ်လပ်စွာပျော်ရွင်မှုဆိုတာ

[02:52.73] ဘာမှန်းကိုမသိကြတော့ဘူး

[02:55.12] အခုလိုဖြစ်နေတာတွေဟာ

[02:57.80] လူတွေရဲ့တိုးတက်မှုလို့ထင်နေကြရင်တော့

[03:01.17] တကယ်ဝမ်းနည်းစရာဘဲ

[03:25.50] အပြင်ကိုထွက်ကြည့်ရင် သဘာဝ တွေဟာ

[03:27.83] ဘာမှကိုမပြောင်းသေးပါဘူး အေးဆေးပါဘဲ

[03:31.54] လူတွေကဘဲအမျိုးမျိုးပြောနေကြတာပါ

[03:34.46] ဒါပေမဲ့လိုနေတာလေးတစ်ခုတော့ရှိပါတယ်

[03:36.85] လူတိုင်းစိတ်ထဲမှာလည်းသိကြပါလိမ့်မယ်

[03:38.90] အဲဒါ တစ်ယောက်နဲ့တစ်ယောက်တွေ့ကြတဲ့အခါ

[03:41.29] ပြုံးပြနှုတ်ဆက်ဖို့မမေ့ပါနဲ့