Lrc Player

Baw Di Pin Nhit Shwe Pa Lin

Unknown artist
[09:19.62]·Synced by Guest·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:06.29] မဟာ ဗောဓိပင် နဲ့

[00:12.94] တစ်လံ ကွာပါ သည် ...

[00:19.33] စကြဝဠာ ငြိမ်သက်၍

[00:23.04] မြက်ရှစ်ဆုပ် ကျဲတော်မူလေသည်

[00:34.47] အော် တစ်ဆယ့်နဲ့ လေးတောင်

[00:38.45] ကျယ်ဝန်း ပါတဲ့

[00:42.70] ပလ္လင်တော် ပေါ်ထွန်းလာခဲ့ သည်

[00:49.88] ဘုရားမဖြစ်သမျှ ငါမထဟု

[00:55.98] လုံ့လ ဥဿဟ စုံအညီ

[01:02.35] ဗောဓိပင် ရွှေပလ္လင် ထက်ဝယ်

[01:07.40] ထက်ဝယ် ဖွဲ့ခွေ

[01:09.25] နေတော် မူလေ သည် ...

[01:20.15] ဘဂဝါ ဇိန အရှင်သည်

[01:23.87] တဏှာရှိသမျှ စင်တော်မူပြီ

[01:25.99] အပရာဇိတ ပလ္လင်ကိုတဲ့

[01:28.65] အောင်မြင်တော် မူသည်

[01:30.78] ဘဂဝါ ဇိန အရှင်သည်

[01:33.96] တဏှာရှိသမျှ စင်တော်မူပြီ

[01:36.35] အော် . အပရာဇိတ ပလ္လင်ကိုတဲ့

[01:39.01] အောင်မြင်တော် မူသည်

[01:41.66] ရပြီ ရပြီ ဝဿဝတီ အထက်ဆီက

[01:46.72] အဓမ္မ ချီတက်ပါလို့

[01:48.84] လက်နက်တွေ ကိုယ်စီ

[01:51.24] စစ်သည်များစွာ အထင်လင်းစုပါလို့

[01:56.00] ပလ္လင်ကို အတင်းလုမယ်လို့တဲ့

[01:58.40] ဗိုလ်ထုနဲ့ ကြံစည်

[02:00.79] တကယ်ပဲ မကြောက်သည်

[02:02.38] အပါယ်ငရဲ ရောက်မည်

[02:04.51] မှားလိုက်တဲ့ မာရ်နတ်သည်

[02:07.43] ဘဂဝါမြတ်ကို သတ်ဖို့ သူကြံစည် ...

[03:02.20] အထက်ဘဝဂ်မှာ စုံညီ မာန်ဟုန်ချီ

[03:08.05] အောက်နရတ်ပါ မကျန်ပြီ

[03:09.91] ဖန်လာသည်

[03:12.34] အထက်ဘဝဂ်မှာ စုံညီ မာန်ဟုန်ချီ

[03:16.58] အောက်နရတ်ပါ မကျန်ပြီ

[03:18.98] ဖန်လာသည်

[03:23.19] မာရ်နတ်မင်း စက်ဘုန်းရောင် ရှိသည်

[03:27.72] သူ့ကိုမှာပင် လက်ရုံးတစ်ထောင် ရှိသည်

[03:31.17] မာရ်နတ်မင်း စက်ဘုန်းရောင် ရှိသည်

[03:35.15] သူ့ကိုမှာပင် လက်ရုံးတစ်ထောင် ရှိသည်

[03:40.00] ကျွန်မတို့ ဘုရားကို

[03:41.33] အသက်ဆုံးအောင် ဖိမယ်လို့တဲ့

[03:43.71] ရှိသမျှ သတ္တဝါတွေ အားလုံးစုသည်

[03:48.24] ကျွန်မတို့ ဂေါတမ ဘုရားကို

[03:49.83] အသက်ဆုံးအောင် ဖိမယ်လို့တဲ့

[03:52.23] ရှိသမျှ သတ္တဝါတွေ အားလုံးစုသည်

[03:57.27] သူ့ကိုယ်သူ လောကမှာ ဘုရားလို့

[04:00.45] မတရား ကြွေးကြော်သည်

[04:02.84] စောဘဂဝါ့ အနားမှာ

[04:04.97] ဒေါသတွေ ပွားလို့ နေလေပြီ

[05:14.59] မာရ်နတ်သားကို တရားနဲ့ အညီ

[05:18.56] မြတ်စွာဘုရားက မိန့်မြွက်ကာကြားသည်

[05:22.81] ဂေါတမ မြတ်စွာဘုရားက

[05:25.20] မိန့်မြွက်ကာ ကြားသည်

[05:27.85] မာရ်နတ်သားကို တရားနဲ့ အညီ

[05:31.84] မြတ်စွာဘုရားက မိန့်မြွက်ကာကြားသည်

[05:35.57] ဂေါတမ မြတ်စွာဘုရားက

[05:37.42] မိန့်မြွက်ကာ ကြားသည်

[05:40.08] သော ဘဂဝါ့ ဘဂဝါ

[05:42.21] ကေဝလံ ပစေတော့လို့

[05:44.33] ဝေသန္တရာ ဘဝရယ်က

[05:46.45] ဒါန ပါရမီ

[05:48.32] သော ဘဂဝါ့ ဘဂဝါ

[05:50.17] အော် . ကေဝလံ ပစေတော့လို့

[05:52.30] ဝေသန္တရာ ဘဝရယ်က

[05:54.68] ဒါန ပါရမီ

[05:57.35] ဇနီး သား သမီးကို လှူစဉ်အချိန်ခါမီ

[06:01.59] ဘူမြေနှစ်လွှာ အသိမဟုတ်လောဟု

[06:05.58] ဝိသုဒ္ဓေါ ဓမ္မခံ အခြေလှစ်လိုက်ပြန်တော့

[06:10.62] မာန်ရစ်တဲ့ ရန်စစ်တွေသည်

[06:14.35] ဆံညစ်ရေကြောမှာ မျောလေသည် ...

[07:25.53] ဝဠာ တစ်သောင်း ...

[07:35.90] ဗြဟ္မာ အပေါင်း .. ...

[07:53.44] အောင်ကြောင်းကို အမှန်

[07:54.23] ကြွေးကြော်ကြရ ပြန်လေသည်

[07:57.42] ဗုဒ္ဓ ဘဂဝါ အရှင်ဘုရား

[08:02.46] စတုတ္ထဇျန် ဝင်စား

[08:06.98] ဗုဒ္ဓ ဘဂဝါ အရှင်ဘုရား

[08:12.56] စတုတ္ထဇျန် ဝင်စား

[08:16.82] ပုပ္ဗေနိဝါသခေါ် ရွှေဉာဏ် ဓမ္မကိုလ

[08:21.07] ဧကန်ရပါတဲ့ ညဉ့်ဉီးယံ ချိန်ခါမီ

[08:25.59] ဒိပ္ဗစက္ခုဉာဏ်ကို မှန်းဆောင်ပြန်သပ

[08:30.37] သန်းခေါင်ယံ အချိန်ကျတော့

[08:33.30] ရတော် မူလေသည်

[08:34.90] ပရမေအရှင် ဆင်ခြင်ကာပွား

[08:39.94] တရားတော်များ ထင်ရှားသိပြီ

[08:44.47] အလုံးစုံမယွင်း အကြွင်းလဲ မရှိပြီ

[08:48.19] ပရမေအရှင် ဆင်ခြင်ကာပွား

[08:53.51] တရားတော်များ ထင်ရှားသိပြီ

[08:58.02] အလုံးစုံမယွင်း အကြွင်းလဲ မရှိပြီ

[09:01.74] ဝိသာခါ နက္ခတ်နဲ့ အညီ

[09:03.60] ရက်မြတ်တဲ့ ချိန် အခါမီ

[09:06.25] ဘုရား အဖြစ်ကို ဧကန်စင်စစ်

[09:10.25] ရတော်မူ လေ သည် ....