Lrc Player

Sway Pya Myoe Pya Thwar Kya Mal

Unknown artist
[06:36.04]·Synced by Guest·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:20.77] မင်္ဂလာရက်မြတ် လက်ထပ်ပွဲလည်း

[00:24.23] ပြီးမြောက်ခဲ့ပြီလေ

[00:27.95] သတို့သားသတို့သမီးတို့

[00:29.93] လိုက်လျှောညီထွေ

[00:32.58] နေနဲ့လ မြနဲ့ရွှေ

[00:34.60] နှစ်ပါးဂဟေဆက်လို့

[00:36.46] စုလျှားရစ်ပတ် နှောင်ဖွဲ့ အခြေ

[00:41.49] မင်္ဂလာရက်မြတ် လက်ထပ်ပွဲလည်း

[00:44.15] ပြီးမြောက်ခဲ့ပြီလေ

[00:48.13] သတို့သားသတို့သမီးတို့

[00:50.26] လိုက်လျှောညီထွေ

[00:52.39] နေနဲ့လ မြနဲ့ရွှေ

[00:55.05] နှစ်ပါးဂဟေဆက်လို့

[00:56.90] စုလျှားရစ်ပတ် နှောင်ဖွဲ့ အခြေ

[01:01.96] ချစ်ဇနီးသည် မိန်းမချောလေးမို့

[01:04.10] ပီတိဖြာဝေ

[01:06.78] ဆွေမျိုးမိဘတွေလည်း သိစေချင်လှပေ

[01:11.29] သူငယ်ချင်းအပေါင်းအသင်းတွေရှေ့

[01:13.17] ကြွားလိုက်ချင်ရဲ့လေ

[01:15.56] လိမ္မာယဉ်ကျေး

[01:17.42] နုသားတော် ဝင်းဝါစိုပြေ

[01:20.61] ပြစ်မြူမထင် ချစ်ကြင်သူ...ဆွေ

[01:29.12] ကြင်နာမှု သမုဒယ နှောင်အခြေ

[01:31.51] ချစ်သောမောင်ရေ

[01:33.90] မေ့ဘဝ ကမ္ဘာထဲမှာလည်း

[01:36.03] အလှကျက်သရေဆောင်

[01:38.15] မောင်သာပဲလေ

[01:40.55] ကြယ်မစုံ လမလင်း

[01:42.67] ညခင်း အလှပျက်ကြွေ

[01:45.32] ထို့အတူပါလေ မောင်နဲ့လွဲရင်ဖြင့်

[01:50.11] ငိုပွဲဆင်ရမည့် အခြေ

[02:02.06] ယုံတော်မူ ကြည်ဖြူစမ်း ပါလှည့်

[02:06.31] အသည်း အသက်ရေ

[02:09.50] ကိန္နရီ ကိန္နရာ ချစ်ချင်သလိုပ

[02:13.21] အမြဲအတူတွဲ မခွဲလိုဘူးလေ

[02:22.01] သွားကြစို့ရဲ့မွေးရပ်မြေ

[02:24.41] လှည်းယဉ်လေး စီးလို့လေ

[02:26.79] ခရီးနှင်ရင် တွင်တွင်ရောက်မယ်

[02:28.92] တခေါက် မနားပေါင်လေ

[02:31.05] ဆွေပြ မျိုးပြ သွားရင်လေ

[02:33.97] မောင့်မိဘ ဆွေမျိုးတွေက

[02:35.84] ဝိုင်းဝန်းချစ်မှာ အမှန်မလွဲပေ

[02:37.70] မေ့မိဘဆွေမျိုးတွေက

[02:40.09] ဝိုင်းဝန်းချစ်မှာ အမှန်မလွဲပေ

[02:45.14] တွေးမြင်ယောင်လို့သာ

[02:47.26] ကြည်နူးမြူးပျော်စရာ အခြေ

[02:49.66] တို့မောင်မယ် အတူယှဉ်တွဲလို့

[02:51.51] သွားကြမယ် သွားကြမယ်

[02:53.92] ဆွေပြမျိုးပြ သွားကြမယ်လေ

[03:03.22] ခရီးကပန်း လမ်းကကြမ်းလို့

[03:05.61] ပင်ပန်းနေမလား အချစ်ရေ

[03:07.73] နံ့သာပါးမို့မို့

[03:09.86] ချွေးကလေးတွေ စို့လာရင်ဖြင့်

[03:12.78] မောင် တို့ကာ တို့ကာ ပေးပါ့မလေ

[03:17.04] ချစ်သူမျက်နှာ ညိုပြန်ရင်လည်း

[03:19.16] မောင့်ရင်မှာ ဗျာပွေ

[03:21.53] အရေးတယူ ဖေးကူမယ်လေ

[03:23.93] ရွှေမျက်နှာ ညှိုးပါနဲ့မေရေ

[03:44.12] သ‌င်္ချေ သင်္ချာ ကမ္ဘာတွေရွေ့စေတော့

[03:48.64] မောင်နဲ့သာဆိုရင်လေ

[03:50.76] မျက်ရည်မကျစတမ်း ကြေငြာခန်းဖွင့်၍

[03:55.28] ရင်မှာ သိမ်းထားပါ့မယ်

[03:57.93] မယိမ်းမယိုင် မတိမ်းမငဲ့

[04:00.06] ဘယ်လောက်ပင် သံသရာရှည်ရှည်

[04:04.58] မောင်ခေါ်ရာလိုက်မယ့် သူပါလေ

[04:16.27] သ‌င်္ချေ သင်္ချာ ကမ္ဘာတွေရွေ့စေတော့

[04:20.51] မောင်နဲ့သာဆိုရင်လေ

[04:22.90] မျက်ရည်မကျစတမ်း ကြေငြာခန်းဖွင့်၍

[04:27.41] ရင်မှာ သိမ်းထားပါ့မယ်

[04:29.55] မယိမ်းမယိုင် မတိမ်းမငဲ့

[04:31.94] ဘယ်လောက်ပင် သံသရာရှည်ရှည်

[04:36.47] မောင်ခေါ်ရာလိုက်မယ့် သူပါလေ

[04:48.14] ယုံတော်မူ ကြည်ဖြူစမ်းပါလှည့်

[04:52.40] အသည်း အသက်ရေ

[04:55.58] ကိန္နရီ ကိန္နရာ ချစ်ချင်သလိုပ

[04:59.56] အမြဲအတူတွဲ မခွဲလိုဘူးလေ

[05:28.80] ယုံတော်မူ ဪ

[05:31.45] ကြည်ဖြူစမ်းပါလှည့်

[05:33.30] အသည်း အသက်ရေ

[05:36.49] ကိန္နရီ ကိန္နရာ ချစ်ချင်သလိုပ

[05:40.22] အမြဲအတူတွဲ မခွဲလိုဘူးလေ

[05:49.24] သွားကြစို့ရဲ့မွေးရပ်မြေ

[05:51.37] လှည်းယဉ်လေး စီးလို့လေ

[05:53.50] ခရီးနှင်ရင် တွင်တွင်ရောက်မယ်

[05:56.16] တစ်ခေါက် မနားပေါင်လေ

[05:58.27] ဆွေပြ မျိုးပြ သွားရင်လေ

[06:00.41] မောင့်မိဘ ဆွေမျိုးတွေက

[06:02.52] ဝိုင်းဝန်းချစ်မှာ အမှန်မလွဲပေ

[06:05.18] မေ့မိဘဆွေမျိုးတွေက

[06:07.04] ဝိုင်းဝန်းချစ်မှာ အမှန်မလွဲပေ

[06:12.10] တွေးမြင်ယောင်လို့သာ

[06:14.49] ကြည်နူးမြူးပျော်စရာ အခြေ

[06:16.89] တို့မောင်မယ် အတူယှဉ်တွဲလို့

[06:18.49] သွားကြမယ် သွားကြမယ်

[06:20.61] ဆွေပြမျိုးပြ...

[06:21.93] သွားကြမယ်လေ.....