Lrc Player

A Nu Pyin Nyar Pan Taing

Unknown artist
[03:10.59]·Synced by Guest·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:20.42] သီချင်းလေးတွေကို အတူတူဆိုရအောင်

[00:26.86] မေရယ်မောင်ရယ် သံပြိုင်ဆိုကြမယ်

[00:33.57] သံစဉ်တွေကို ပေါင်းစုလို့

[00:36.95] မေဆိုမယ်ဆို တေးသွားဖြစ်အောင်

[00:40.31] မောင်ကိုယ်တိုင်သီကုံး ပေးပါ့မယ်

[00:47.04] နှလုံးသားရင်မှာ ကြင်နာမှုများရယ်

[00:53.42] လှပတဲ့ ကမ္ဘာလေးတစ်ခုဖြစ်ရအောင်

[01:00.07] မေရယ်အတူတူ တွဲလျှောက်လို့

[01:03.48] ထာဝစဉ်တွယ်တာပြုစုရင်းနဲ့

[01:07.03] ယုံယုံကြည်ကြည် ဆက်လျှောက်ကြမယ်

[01:13.42] နှလုံးသားတို့ရဲ့ နားစက်ရာ

[01:16.77] ငြိမ်းချမ်းရာ အေးအရိပ်ဟာ အနုပညာပါ

[01:25.73] ဆက်ရမဲ့ ခရီးဆုံးမှတ်တိုင်

[01:28.54] အနုပညာ ပန်းတိုင်ဆီ

[01:31.62] မောင်မယ်တူစုံ လှမ်းရင်းဆက်ကြမယ်

[01:52.03] ပန်းကလေးတွေရယ်

[01:52.82] အစီအရီပွင့်ဖူးလို့

[01:57.95] ကျေးငှက်ကလေးတွေ

[01:59.65] ကျူးရင့်တဲ့ အရပ်ဆီ

[02:04.68] လှမ်းကြည့်လိုက်ကွယ့် တွေရလိမ့်မယ်

[02:07.78] မြင်နိုင်တယ်လေ တို့ရဲ့ပန်းတိုင်

[02:11.08] ပျော်ပျော်ရွှင်ရွှင်သွားစို့ ရောက်လုပြီ

[02:17.80] အားကိုးမိတယ် ရင်မှာမျှော်လင့်လို့

[02:24.52] ချစ်မိခဲ့သူ တို့နှစ်ယောက်ဘဝလမ်းမှာ

[02:30.95] ပူပင်စရာတွေ ထားရစ်ခဲ့ကွယ်

[02:34.31] ရင်မှာအစဉ်သာအမြဲတမ်းချစ်မယ်

[02:37.66] မေရယ်မောင်ရယ်လှမ်းရင်းဆက်ရမယ်

[02:44.40] တူစုံမောင်မယ် လှမ်းရင်းဆက်ရမယ်

[02:50.92] မောင်ရယ်မေရယ် လှမ်းရင်းဆက်ရမယ်

[02:57.33] မေရယ်မောင်ရယ်လှမ်းရင်းဆက်ရမယ်

[03:04.07] မောင်ရယ်မေရယ် လှမ်းရင်းဆက်ရမယ်