Lrc Player

03 EO Full_48000-1

Unknown artist
[05:00.04]·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:33.08] ဒီလိုအချိန် အိမ်အိုလေးထဲမှာ

[00:39.99] အရင်လို အိမ်ရှေ့တံခါးအနားသူရပ်စောင့်နေမလား

[00:45.83] အရင်လိုထိုင်ခုံလေးမှာ

[00:50.08] အခုအခါ သူတစ်ယောက်တည်းလား

[00:56.99] ဒီလိုအချိန်အိမ်အိုလေးထဲမှာ

[01:03.90] သူနေကောင်းသလား ကိုယ်မမေးမိပါလား

[01:09.22] နေညိုရင် အိမ်အိုလေးထဲမှာ

[01:15.33] သူမျှော်နေဦးမလား

[01:21.17] တစ်ခါတလေ ကြိုးစားထားသလောက်ဖြစ်မလာခဲ့ရင်

[01:27.27] တစ်ခါတလေ ယုံကြည်တာတွေပျောက်ဆုံးသွားရင်

[01:33.39] တစ်ခါတလေ မွန်းကြပ်မှုက မရုန်းနိုင်ခဲ့ရင်

[01:38.16] အိမ်ပြန်ချင်တယ်

[01:44.56] တစ်ချိန်မှာ လမ်းဆုံးတဲ့အထိမလျှောက်နိုင်တော့ရင်

[01:50.67] တစ်ချိန်မှာ ပိုင်ဆိုင်တာတွေကုန်ဆုံးသွားရင်

[01:56.77] တစ်ချိန်က နွေးထွေးဖူးတဲ့အမေ့အိမ်ပဲ

[02:01.81] ပြန်ခဲ့မယ်

[02:07.42] ဒီလိုအချိန်အိမ်အိုလေးထဲမှာ

[02:14.05] သူနေကောင်းသလား ကိုယ်မမေးမိပါလား

[02:19.37] နေညိုရင် အိမ်အိုလေးမှာ (ဒီအိမ်အိုလေးမှာ)

[02:25.21] သူမျှော်နေဦးမလား

[02:33.18] ကောင်းကင်ကကြယ်လေးကို

[02:34.24] လင်းလင်လာအောင်ပျိုးထောင်ရင်းနဲ့

[02:36.12] ဒီအိမ်ဟောင်းလေးထဲမှာ

[02:37.17] သူတစ်ယောက်တည်းဦးဆောင်ရင်းနဲ့

[02:38.76] နေတွေပူတဲ့အခိုက်မှာ ဒီပန်းပင်လေးညှိုးမသွားအောင်

[02:41.67] အရိပ်တစ်ခုလိုကာရံ အရွယ်ရောက်ရင်တောက်ပြောင်နေအောင်

[02:44.86] အတောင်ပံတွေစုံတဲ့အခါမှာ ပျံသန်းဖို့အချိန်ကျလာတယ်

[02:48.05] အမှောင်နံရံနဲ့ လူ့လောကကို ကျနော် အခြေချပါတယ်

[02:50.98] တကယ်တမ်းကျ ခက်ခဲမှုတွေကြားမှာ တစ်ယောက်တည်း

[02:53.63] အိမ်ကိုပြန်ချင်တယ် အမေ့ကိုအရမ်းသတိရလာတယ်

[02:57.35] ခံယူချက်တစ်ခုနဲ့ တစ်လှမ်းစီလျှောက်လှမ်းရင်း

[03:02.66] လမ်းတစ်ဝက်ခလုပ်ထိမှငါတမ်းတမိတယ်

[03:08.24] အနုပညာလမ်းမမှာ ပိတ်မိနေခဲ့

[03:10.89] မိဘဖြစ်စေချင်တဲ့ဆန္ဒတွေကျ မရိပ်မိနေဘဲ

[03:13.29] အသက်အရွယ်ရလို့ အိုလာတဲ့

[03:14.88] ဒီအိမ်လေးကို ဂရုမစိုက်မိခဲ့တဲ့

[03:16.74] ကျွန်တော်ဟာ လိုတာထက်ပိုပြီး

[03:17.81] အမေ့အပေါ်မှာ ဆိုးမိုက်မိခဲ့တယ်

[03:20.73] တစ်ခါတလေ ကြိုးစားထားသလောက်ဖြစ်မလာခဲ့ရင်

[03:23.64] တစ်ခါတလေ ယုံကြည်တာတွေပျောက်ဆုံးသွားရင်

[03:30.04] တစ်ခါတလေ မွန်းကြပ်မှုက မရုန်းနိုင်ခဲ့ရင်

[03:34.82] အိမ်ပြန်ချင်တယ်

[03:41.20] တစ်ချိန်မှာ လမ်းဆုံးတဲ့အထိမလျှောက်နိုင်တော့ရင်

[03:46.78] တစ်ချိန်မှာ ပိုင်ဆိုင်တာတွေကုန်ဆုံးသွားရင်

[03:53.68] တစ်ချိန်က နွေးထွေးဖူးတဲ့အမေ့အိမ်ပဲ

[03:58.99] ပြန်ခဲ့မယ်

[04:07.76] ခံယူချက်တစ်ခုနဲ့ တစ်လှမ်းစီလျှောက်လှမ်းရင်း

[04:13.33] လမ်းတစ်ဝက်ခလုပ်ထိမှငါ တမ်းတမိတယ်

[04:19.44] အကြိမ်ကြိမ်လဲပြိုလည်း

[04:21.84] သူဆွဲလို့ထူမှာ

[04:27.68] ဒီလိုအချိန် အိမ်အိုလေးတစ်လုံးဟာ

[04:34.32] ဒီကမ္ဘာမြေကြီးထဲ အို မရှိတော့ပြီလား

[04:39.36] နေဝင်ချိန် အိမ်ပြန်တဲ့အခါ

[04:49.46] ကိုယ်တစ်ယောက်တည်းလား