Lrc Player

09. Mhar Tae Bat Mhar

Unknown artist
[04:17.83]·Synced by Guest·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:02.84] ဝလုံးကလေးမှ ဝိုင်းအောင်မရေးနိုင်ခင်

[00:07.61] ရွှေလင်ဗန်းနဲ့ ထမင်းဆီဆမ်းရယ်

[00:12.93] အမေဆိုပြလိုက်တော့ ရွှေသားအတိပြီးတဲ့

[00:18.77] လင်ဗန်းကြီးပဲ မက်မောကာ

[00:23.54] ငါဟာ လောဘ တက်လာတယ်

[00:35.79] ပုခက်တွင်းမှဆင်း မြေကြီးပေါ်နင်းကာစ

[00:39.76] ရွှေယုန်လေးနဲ့ ရွှေကျားပုံရယ်

[00:44.30] အင်မတန် ကောက်ကျစ်တဲ့

[00:46.94] ယုန်ဆိုးလေးကို

[00:49.07] သိပ်ပြီး အားကျနေခဲ့တော့

[00:53.58] ငါဟာ ကောက်ကျစ် တတ်လာတယ်

[01:03.32] မျက်လုံးကတစ်ဖက် ကန်းနေခဲ့ပါလျက်နဲ့

[01:07.20] ဘုရင်ကိုဖမ်းပြီး အကျဉ်းချဝံ့သူ

[01:11.72] ငရမန်ကန်းကြီးအား အရမ်းဂုဏ်ပြုမိတော့

[01:16.49] တို့ကျောင်းက သမိုင်းဆရာလေးတောင်

[01:21.01] လူပေလေးလို့ ငါ့ကိုခေါ်

[01:30.31] ဘိုင်စကုတ် ကြည့်တော့

[01:32.16] လူကြမ်း ကိုအံ့ကျော်ကို

[01:34.56] အလွန်တရာ နှစ်သက်တတ်ခဲ့တယ်

[01:39.33] ငါနံဘေးက ချစ်သူလေးကတောင်

[01:44.04] တဖြည်းဖြည်း ငါ့ကိုလန့်ကာ

[01:48.55] ကြင်နာတတ်မယ့် တစ်ယောက်ကိုရှာ

[01:56.52] ဒီလိုနဲ့ ဆန့်ကျင်ဘက် အမြင်တွေကို

[02:00.77] သုံးသပ်ရင်း လူတွေအပေါ်

[02:05.57] ဘယ်သူက မှားပြီးမှန်တယ်လို့

[02:09.82] ဆုံးဖြတ် ခက် နေတယ် ..

[02:16.19] အဆိုးနဲ့အကောင်း တွဲနေတတ်တာကို

[02:20.44] မြင်နိုင်ဖို့ လေ့ကျင့်ခဲ့တယ်

[02:24.95] ဒီအတွက် အကျိူးအမြတ်က

[02:27.09] အများတကာ မေးငေါ့ကာ

[02:29.74] အမြင်ကတ်လို့ မုန်းစရာဖြစ်ကာ

[02:34.25] အရိုင်းအစိုင်း အဖြစ်မြင်လာ

[02:55.67] ဒီလိုနဲ့ ဆန့်ကျင်ဘက် အမြင်တွေကို

[03:00.21] သုံးသပ်ရင်း လူတွေအပေါ်

[03:04.99] ဘယ်သူက မှားပြီးမှန်တယ်လို့

[03:09.24] ဆုံးဖြတ် ခက် နေတယ် ..

[03:15.88] အဆိုးနဲ့အကောင်း တွဲနေတတ်တာကို

[03:19.88] မြင်နိုင်ဖို့ လေ့ကျင့်ခဲ့တယ်

[03:24.39] ဒီအတွက် အကျိူးအမြတ်က

[03:26.77] အများတကာမေးငေါ့ကာ

[03:29.42] အမြင်ကတ်လို့ မုန်းစရာဖြစ်ကာ

[03:33.67] အရိုင်းအစိုင်းအဖြစ်မြင်လာ