Lrc Player

ကြားလား မြင်လား မဝေဝါးနဲ့…သူငယ်ချင်

ဖြိုးဇေယျာသော်
[03:42.22]·Synced by Guest·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:24.42] ကြားလား မြင်လား မဝေဝါးနဲ့…သူငယ်ချင်း ။

[00:31.93] ငါပြောတာကို မင်းကြားပါစ ?

[00:35.27] ဒါမှ မဟုတ်,

[00:37.24] ငါ့စကားဟာ နားခါးစေတာမို့

[00:38.35] မကြားသလိုများ နေ,နေလိုက်တာလား ?

[00:43.66] သောကတွေ တပွေ့တပိုက်နဲ့

[00:46.18] မင်းတို့ငါတို့ရဲ့ ဘ၀ ချွတ်ခြုံကျ ၊

[00:49.53] ဒုက္ခတွေက အထွေထွေ ။

[00:52.32] ဒီအမှန်တရားတွေကို…

[00:54.56] မကြားဘဲမနေလိုက်ပါနဲ့……

[00:56.23] သူငယ်ချင်း ။ ။

[00:58.18] ‘မြင်အောင်ကြည့်ပါ’လို့ ငါကပြောတော့ ၊

[01:01.52] မင်းကဖြေတယ် ။

[01:03.47] ‘မြင်တယ်လေ မြင်တယ်’ ၊ ‘မြင်နေသားပဲ’တဲ့ ။

[01:08.52] ဒါပေမယ့်

[01:10.19] မင်းရဲ့အမြင်က ဘာလဲ ?

[01:13.54] သတိပဋ္ဌာန်တရားတွေ ရှုမှတ်ပွားနေသလို -

[01:16.61] ‘မြင်တယ်’ လို့မှတ်

[01:18.28] ‘မြင်သိစိတ်’ မှာတင်ရပ် နေရင် -

[01:20.79] ဟောဒီ လောကီအရေးမှာ..

[01:22.75] အလုပ်ဟာ မဖြစ်သေးဘူး…..သူငယ်ချင်း ။ ။

[01:26.09] မင်းကြားနေတဲ့

[01:27.21] ငါ့စကားနဲ့ ပတ်၀န်းကျင်အသံ၊

[01:30.01] မင်းမြင်နေတဲ့ ပုံမှန်မဟုတ်

[01:32.53] လူလုပ်တဲ့လောကဓံ

[01:34.76] မင်းဝေဖန် ဆန်းစစ်ကြည့်ပါ ။

[01:37.27] ဒီကာလမှာ မကြားသလို မမြင်သလိုနဲ့

[01:42.01] ယောင်ယောင်ဝါးဝါးလုပ်နေဖို့ကို

[01:44.52] အချိန်တွေမပိုတော့ဘူး…သူငယ်ချ င်း ။ ။

[01:47.32] မင်းတို့ငါတို့ ဘဝတွေဟာ

[01:49.83] ‘နမောတေ’ ဂါထာ အခါခါရွတ်ရုံနဲ့ပဲ

[01:52.91] ဒီအချုပ်အနှောင်ထဲက လွတ်ကြမှာလား ?

[01:56.81] မင်းနဲ့ ငါ့ရဲ့ လုပ်ရပ်များဟာ

[01:59.32] လတ်တလောအတွက်လဲ မကြီးပွား

[02:02.39] နောင်, နတ်သိကြား မလေးစားရင်နေပါ ။

[02:06.29] ‘အမှန်တရား’တော့ ဖြစ်ဖို့လိုတယ်…သူငယ်ချင်း ။ ။

[02:09.64] ဒါပေမယ့်

[02:11.59] လိုချင်တာ ‘အမှန်တရား’ မှာ

[02:13.54] လိုနေတာ ‘ရဲဝံ့ခြင်းများ’ ဆိုရင်

[02:16.33] မျှော်လင့်ချက်သစ်ပင် မရှင်သန်နိုင်ဘူး ။

[02:20.52] မကြိုက်တာကို ငြင်းဖယ်လွှဲပြီး ၊

[02:23.32] ကြိုက်တာကိုလဲ တောင်းဆိုရဲရမယ် ။

[02:26.40] မနှစ်သက်တာတွေ မဖြိုဖျက်နိုင်ဘဲ ၊

[02:29.19] နှစ်သက်တာလဲ မထူထောင်နိုင်သမျှ

[02:31.43] ငါတို့ တော်လှန်ရေးက

[02:33.11] မပြီးဆုံးသေးဘူး…သူငယ်ချင်း ။ ။

[02:35.91] မင်းရဲ့နားကို အစွမ်းကုန် စွင့်ပါ ။

[02:38.97] (အသံစုံကို ကြားအောင်လို့)

[02:41.76] မင်းရဲ့အမြင် အစွမ်းကုန် ဖွင့်ပါ ။

[02:44.83] (မညီတာတွေ မြင်စေဖို့)

[02:47.35] ကြားလား ? မြင်လား ? မဝေဝါးနဲ့

[02:52.94] ငါပြောတာကို မင်းကြားပါစ…သူငယ်ချင်း ။ ။ ။

[03:03.54] ကိုဖြိုးဇေယျာသော် ၁၂ရက်နေ့ ဧပြီလ ၂၀၀၈ခုနှစ်

[03:06.33] (ထောင်တွင်းမှရေးသားပေးပို့သည့်ကဗျာ)