Lrc Player

အမေ့ရဲ့ဒုက္ခအိုးလေး

ထူးအိမ်သင်
[05:40.85]·Synced by Guest·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:18.16] အမေ့ရဲ့ ဒုက္ခအိုးလေး

[00:20.70] တေးရေး-ထူးအိမ်သင်

[00:39.62] အမေ ကျွန်တော့်ကို စိတ်မပျက်ဘူးလား

[00:45.73] အမေ ယုံကြည်မျှော်လင့်ထားသမျှ

[00:49.23] ဘာတစ်ခုမှဖြစ်မလာ

[00:52.61] ကိုယ်မှန်တယ်ထင်ရင်ပြီးရော

[00:55.43] ခေါင်းမာတတ်တဲ့အကျင့်ကဆိုး

[00:59.02] အသက်သာကြီးလို့သွားတယ်

[01:02.32] ကျွန်တော့်အိပ်မက်များမပြောင်းလဲ

[01:05.62] အဆုံးအရှုံးများနဲ့ ရင်ခုန်ရင်း ...

[01:12.39] အမေ ကျွန်တော့်ကို စိတ်မညစ်ဘူးလား

[01:18.59] ဘဝမှာ အကြိမ်ကြိမ်အခါခါရှုံးလဲ

[01:21.98] မာနကအကြီးသား

[01:25.36] ကိုယ်ယုံကြည်ရာကို ဈေးကွက်တင်ရောင်းဖို့ ရှက်နေလို့တဲ့

[01:32.15] ပိုက်ဆံတစ်ပြားမှမရှိဘဲ

[01:35.24] ဂုဏ်သိက္ခာရှိချင်သေးသတဲ့

[01:38.25] ကဲ ... အမေ့ရဲ့ ဒုက္ခအိုးလေးပေါ့

[01:48.40] ကံအကျိုးပေးနဲရတဲ့အထဲ သူအပျင်းကလဲကြီးသေး

[01:55.10] အိုခက်ရချည်ရဲ့

[02:01.79] ဆင်းရဲတွင်းနက်ပေမယ့် အမေ့ရဲ့သားပါ

[02:08.00] ကျွန်တော်မိုက်မိုက်မဲမဲ ရိုးသားနေဆဲ

[02:14.41] ရင်ခုန်သံ သီချင်းလေးညည်းရင်းနဲ့

[02:18.36] ချစ်ခြင်းမေတ္တာအကြောင်း သင်ကြား

[02:28.79] အမေ ကျွန်တော်ကိုခွင့်ပြုတော့ ခွင့်ပြုပါအမေ

[02:35.00] ကျွန်တော်ဟာ ကမ္ဘာမြေကြီးရဲ့ သီချင်းလေးတစ်ပုဒ်ပေါ့

[02:41.78] ရှင်သန်နေထိုင်ခြင်းအတွက် ပေးဆပ်ရင်း ပေးဆပ်ရင်း

[02:48.19] မိတ်ဆွေတစ်ချို့ကပြက်ရယ်

[02:51.38] ချစ်သူကလေ နားမလည်

[02:54.76] အမေရဲ့ဒုက္ခအိုးလေး အသည်းကွဲ

[03:00.06] ***

[03:32.81] ဖြစ်ပုံများ

[03:33.66] ကံအကျိုးပေးနဲရတဲ့အထဲ သူအပျင်းကကြီးသေး

[03:40.35] အိုခက်ရချည်ရဲ့

[03:46.56] ဆင်းရဲတွင်းဘယ်လောက်နက်မလဲ

[03:49.66] ကျွန်တော်က အမေ့ရဲ့သားပါ

[03:52.96] မိုက်မိုက်မဲမဲ ရိုးသားနေမြဲ

[03:59.16] ရင်ခုန်သံ သီချင်းလေး ...

[04:03.97] သီချင်းလေးညည်းရင်းနဲ့

[04:08.43] ချစ်ခြင်းမေတ္တာအကြောင်းသင်ကြား

[04:20.84] အမေ ကျွန်တော်ကိုခွင့်လွှတ်တော့ ခွင့်လွှတ်ပါအမေ

[04:27.07] ကျွန်တော်ဟာ ကမ္ဘာမြေကြီးရဲ့ သီချင်းလေးတစ်ပုဒ်ပေါ့

[04:33.73] ရှင်သန်နေထိုင်ခြင်းအတွက် ပေးဆပ်ရင်း ပေးဆပ်ရင်း

[04:40.22] မိတ်ဆွေတစ်ချို့ကပြက်ရယ်

[04:43.23] ကျွန်တော့်ကိုချစ်သူကလေ နားမလည်

[04:46.63] အမေရဲ့ဒုက္ခအိုးလေး အသည်းကွဲ

[04:53.59] မိတ်ဆွေတစ်ချို့ကပြက်ရယ်

[04:56.41] ကိုယ့်ချစ်သူကလေ နားမလည်

[04:59.79] အမေရဲ့ဒုက္ခအိုးလေး အသည်းကွဲ

[05:04.79] အို အမေ့ရဲ့ ဒုက္ခအိုးလေး ... အသည်း ..... အသည်းကွဲ