Lrc Player

နာရီပေါ်ကမျက်ရည်စက်များ

ထူးအိမ်သင်
[04:27.29]·Synced by Guest·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:17.48] နာရီပေါ်မှ မျက်ရည်စက်များ

[00:52.22] နာရီသံတွေ ဆူညံလွန်းနေ

[00:55.63] ရင်ခုန်သံတွေ မြန်တယ် အချစ်ရေ

[00:59.29] ငိုချင်ပါတယ် မျှော်လင့်ခြင်းတွေ

[01:02.40] တို့တတွေ ဒီအချိန်ဟာ နောက်ဆုံးလား

[01:06.54] နှုတ်ဆက်လိုက်ဖို့ အားတင်းထားရင်း

[01:08.23] ပါးပြင်ပေါ်မှာ မျက်ရည်တွေဟာ

[01:09.83] အချိန်နာရီတွေပေါ်ကို

[01:11.16] ကျော်လွန် ရေလိုဖြတ်ပြီး

[01:13.60] စီးဆင်းနေဆဲ ... ချစ်သူရေ

[01:21.87] အို ... နှလုံးသားထဲဆွေး

[01:27.22] ကြင်နာတာတွေ ပြန်လည်တွေးနေ

[01:30.61] နာကျင်ပါတယ်ကိုယ့်အသည်းတွေ

[01:34.01] ငိုချင်ပါတယ် မျှော်လင့်ခြင်းတွေ

[01:37.86] ပြန်ဆုံနိုင်မယ် ထင်သေးလား

[01:40.97] ငိုရင်ပုလဲ ရယ်ရင်ရွဲ အရာရာအားလုံးပြည့်စုံတဲ့အချစ်နဲ့

[01:50.83] အခြေအနေမဲ့ ရွှေငွေမဲ့ အရာရာအားလုံးရှုံးနေတဲ့

[01:58.17] တို့နှစ်ယောက်ရဲ့ဘဝ

[02:02.40] ဒါဟာနောက်ဆုံးပဲ အချစ်ကလေးရယ်

[02:09.17] ဒါဟာနောက်ဆုံးပဲ

[02:28.66] ဟန်ဆောင်နေတာ လိမ်ညာခြင်းလေ

[02:31.77] ပိုင်ဆိုင်ချင်တာ ဝန်ခံပါရစေ

[02:35.16] မဆုံနိုင်တာ ဘာကြောင့်လဲမေ

[02:38.26] တို့တွေ ဒီနေရာမှာ နောက်ဆုံးလား

[02:41.93] နှုတ်ဆက်လိုက်ဖို့ အားတင်းထားရင်း

[02:43.62] ပါးပြင်ပေါ်မှာ မျက်ရည်တွေဟာ

[02:45.33] အချိန်နာရီတွေပေါ်ကို

[02:46.46] ကျော်လွန် ရေလိုဖြတ်ပြီး

[02:48.44] စီးဆင်းနေဆဲ ... ချစ်သူရေ

[02:59.06] နှလုံးသားထဲဆွေး

[03:01.61] တကယ်ကြင်နာ မြတ်နိုးနေ

[03:04.72] မပန်ခင်မှာ မခြွေရက်ဘူးလေ

[03:08.11] တစ်ချိန်ချိန်ကို ကိုယ်မျှော်လင့်နေ

[03:10.92] တို့တွေပြန်ဆုံနိုင်မယ် ထင်သေးလား

[03:14.22] ငိုရင်ပုလဲ ရယ်ရင်ရွဲ အရာရာအားလုံးပြည့်စုံတဲ့အချစ်နဲ့

[03:24.09] အခြေအနေမဲ့ ရွှေငွေမဲ့ အရာရာအားလုံးရှုံးနေတဲ့

[03:31.15] တို့နှစ်ယောက်ရဲ့ဘဝ

[03:35.01] ဒါဟာနောက်ဆုံးပဲ အချစ်ကလေးရယ်

[03:42.06] ဒါဟာနောက်ဆုံးပဲ ဒါဟာနောက်ဆုံး .... နောက်ဆုံး...ပဲ