03.Maung A Yine Pann
[00:10.83] ညှာတာမှုကင်းမဲ့လှစွာ လေပွေသရမ်းတွေ
[00:15.86] အမှတ်မထင်ဘဲ တိုက်ခိုက်ရက်စက်လာ
[00:20.40] နုငယ်တဲ့ မောင့် အရိုင်းပန်း
[00:24.92] အသိမကြွယ်တဲ့ မောင့် တစ်ပွင့်ပန်း
[00:30.49] အညှာမခိုင်သေးတော့ကွယ် မဖွံ့ဖြိုးခင်
[00:33.68] ကြွေကာ ကျရရှာပြီ
[00:48.56] စာနာမှု လုံးဝမရှိတဲ့ လူယဉ်ကျေးတွေ
[00:53.33] အလစ်ကိုချောင်းတစ်ဖက်သားတစ်ချက်အငိုက်ကို
[00:57.86] အပြစ်နာမဲ့ မောင့်အရိုင်းပန်း
[01:02.38] သန့်စင်တဲ့ မောင့်တစ်ပွင့်ပန်း
[01:08.49] အနီရောင် စွန်းထင်းကာ အလှမပြည့်ခင်
[01:10.88] မြေမှာ ခရရှာပြီ
[01:19.12] ကြည်လင်ကာ ပြန့်ပြူးတဲ့ရေပြင်ဟာ
[01:23.90] ဝဲဂယက်ထန် လှုပ်ရှားသွားရပြီကော
[01:29.75] သာယာကာအေးချမ်းတဲ့ အခြေအနေတွေ
[01:34.00] ရုတ်တရက်ကွယ် လွင့်ပါးသွားပြီပဲ
[01:38.79] မောင့် အရိုင်းပန်း
[01:41.18] မောင့် အသဲပန်း
[01:44.37] ကံဇာတာ ခေချိန်လား
[01:46.76] ဝဋ္ဋ်ကြွေးတွေ မကုန်လို့လား
[01:49.41] ရေတိမ်မှာ နစ်မွမ်းရတာ
[02:02.44] သန်းခေါင်ယံည လမိုက်ခိုက်တောင်
[02:05.35] မမှီနိုင်ဘူးထင်
[02:06.96] စိတ်ဆင်ရိုင်း လောကသားရဲ့အမှောင်
[02:11.72] မေတ္တာတရား ခေါင်းပါးလွန်းနေ
[02:17.05] ဂရုဏာမဲ့ သွေးသားအလိုအတွက်
[02:18.92] ပင်ကိုယ်အားနွဲ့သူ အရှုံးနဲ့သာ
[02:25.28] ခန္ဓာကိုယ် စတေးရရှာတယ်
[02:29.81] သေတမန် ပြောင်းဝကို အရိုင်းပန်းငယ်
[02:33.26] မလွန်ဆန်နိုင် ဆက်သရုံပဲ
[02:50.27] ကြည်လင်ကာ ပြန့်ပြူးတဲ့ရေပြင်ဟာ
[02:54.78] ဝဲဂယက်ထန် လှုပ်ရှားသွားရပြီကော
[02:59.84] သာယာကာအေးချမ်းတဲ့ အခြေအနေတွေ
[03:04.37] ရုတ်တရက်ကွယ် လွင့်ပါးသွားပြီပဲ
[03:09.41] မောင့် အရိုင်းပန်း..
[03:12.07] မောင့် အသဲပန်း..
[03:15.25] ကံဇာတာ ခေချိန်လား
[03:17.65] ဝဋ္ဋ်ကြွေးတွေ မကုန်လို့လား
[03:19.50] ရေတိမ်မှာ နစ်မွမ်းရတာ
[03:24.03] မောင့် အရိုင်းပန်း
[03:26.41] မောင့် အသဲပန်း
[03:29.34] မောင့် အသဲပန်း
[03:31.74] မောင့် အရိုင်းပန်း
