07.Min Shi Mha Pal
[00:20.64] မင်းရှိမှပဲ
[00:22.76] လောကအလှအပတရားကိုလဲ
[00:26.22] ပိုမြင်မိသလို
[00:30.99] မင်းရှိမှပဲ
[00:33.38] ချစ်ခြင်းမေတ္တာတရားကိုလဲ
[00:36.31] အရင်ထက် ပိုပြီးခံစားမိသလို
[00:43.74] မင်းရှိမှပဲ
[00:46.67] ကျေးငှက်တေးသံများဟာလဲ
[00:49.58] ပိုချိုမြသလို
[00:54.37] မင်းရှိမှပဲ
[00:56.50] ပန်းရဲ့အမွှေးရနံများဟာလဲ
[00:59.68] အရင်ထက်ပိုပြီး ရင်ထဲစွဲသလို
[01:07.65] အတူနေရရင် အတူနေရရင်
[01:11.63] အိုနေတာ ပြန်လည်ပြီး
[01:15.10] နုပျိုမှာပဲ
[01:20.42] အတူနေရရင် အတူနေရရင်
[01:24.67] မှောင်နေတာပြန်လည်ပြီး
[01:27.86] လင်းဦးမှာပဲ
[01:33.17] မင်းရှိမှပဲ
[01:35.30] ကိုယ့်ညချမ်းရဲ့မီးဖိုလေး
[01:39.02] ပိုမိုနွေးသလို
[01:43.53] မင်းရှိမှပဲ
[01:45.92] ကိုယ့်ရဲ့အိပ်ယာလေးဟာလဲ
[01:48.84] အရင်ထက် ပိုပြီးကြည်နူးနွေးသလို
[01:56.55] မင်းရှိမှပဲ
[01:58.93] စားတဲ့မုန့်ရဲ့အရသာလေး
[02:02.13] ပိုလျှာတွေ့သလို
[02:07.18] မင်းရှိမှပဲ
[02:09.84] ခက်တဲ့ပြဿနာပုစ္စာများ
[02:12.23] အရင်ထက် ပိုပြီးလွယ်သွားရသလို
[02:20.20] အတူနေရရင် အတူနေရရင်
[02:24.47] အခြေအနေဟာအရင်ကထက်
[02:27.37] ကောင်းလာမှာပဲ
[02:32.96] အတူနေရရင် အတူနေရရင်
[02:37.20] မောင်မယ်တူရွှေလက်တွဲ
[02:40.39] ခေါင်းမော့နိုင်မယ်
[03:20.23] မင်းရှိမှပဲ
[03:22.37] အဗန္ဓရသရက်သီးမှီဝဲလို့
[03:25.83] ပိုပျိုမြစ်သလို
[03:30.60] မင်းရှိမှပဲ
[03:32.99] စိတ်လက်ကြံခိုင်မှုဟာလဲ
[03:35.65] အရင်ထက်ပိုပြီးအစဥ်ပြည့်ဝသလို
[03:43.10] မင်းရှိမှပဲ
[03:46.02] တစ်ချက်ကောင်းအတွေးအခေါ်များဆိုလဲ
[03:49.19] မကြာမကြာထွက်သလို
[03:54.25] မင်းရှိမှပဲ
[03:56.64] တယောက်ကောင်း
[03:58.22] မောင်းမပေါင်းတထောင်နဲ့
[03:59.29] အရင်ထက်ပိုပြီး ညီမျှသွားသလို
[04:07.26] အတူနေရရင် အတူနေရရင်
[04:11.25] နှစ်ကိုယ်ရင်ခွင် အပူအပင်မဲ့
[04:14.16] ဖြစ်ပါစေသား
[04:19.48] အတူနေရရင် အတူနေရရင်
[04:24.00] ဒီရာဇဝင်ကမ္ဘာထွင်ပြီး
[04:27.71] ကြွင်းရစ်စေသား
