12.A Chit Su Taung
[00:23.31] ရွှေကြာဆစ်ရိုးလေးများ
[00:24.89] ချိုးလို့ရယ် ဆွဲကြိုးလေး
[00:26.75] ချစ်ခြင်းနဲ့ အချောသပ်ပြီး
[00:28.88] ဆက်သမယ်သခင်
[00:35.26] ရွှေရင်ခုန်မောပန်းတော့
[00:36.84] စမ်းကျရေ လက်တခုပ်နဲ့
[00:38.98] ချစ်ခြင်းရယ် ရောစပ်ပြီး
[00:40.84] တိုက်ပါ့မယ်သခင်
[00:57.59] နေပူမှာ ချွေးစို့တော့
[00:59.18] ခေါင်းလေးကိုမော့ထားနော်
[01:01.32] အချစ်များနဲ့ တို့နမ်းပြီး
[01:03.17] ချွေးသုတ်မယ်သခင်
[01:09.55] သန်းခေါင်ယံမှာသန်းသန်းပြီး
[01:11.13] မျက်လုံးငယ်မှေးစင်းတော့
[01:13.53] အချစ်များနဲ့တေးဖွဲ့ပြီး
[01:15.12] ချော့သိပ်မယ်သခင်
[01:20.70] စိန္တေရှင်မြတ်ဘုရားထံပါး
[01:24.17] ဆုတောင်းပန်ချွေမယ်
[01:29.22] တူနှစ်ကိုယ်ဘဝရှေးရေစက်လေး
[01:34.27] မဆုံးပါရစေနဲ့
[01:58.19] တနေကုန်ကြည့်လို့မဝ
[01:59.52] တညလုံးလဲ အိပ်လို့မရ
[02:01.37] အချစ်များရဲ့ ဆိုးနွဲ့သမျှ
[02:03.23] ခွင့်ပြုပါသခင်
[02:10.14] ခန္ဒာကိုယ်ပျက်ကိန်းနဲ့
[02:11.73] ခွဲသွားမယ့်နေ့ကျတော့
[02:13.59] အချစ်များကို ထားရစ်ခွင့်
[02:15.72] ပေးသနားပါသခင်
[02:24.22] ခန္ဒာကိုယ်ပျက်ကိန်းနဲ့
[02:25.82] ခွဲသွားမယ့်နေ့ကျတော့
[02:27.94] အချစ်များကို ထားရစ်ခွင့်
[02:29.80] ပေးသနားပါသခင်
[02:54.24] ရွှေကြာဆစ်ရိုးလေးများ
[02:55.83] ချိုးလို့ရယ်ဆွဲကြိုးလေး
[02:57.70] ချစ်ခြင်းနဲ့ အချောသပ်ပြီး
[03:00.08] ဆက်သမယ်သခင်
