08.O Datesa A Lon
[00:45.63] ရင်ထဲကနှင်းများကျတဲ့
[00:47.77] ဒီဟေမာန်နံနက်ခင်းမှာ
[00:49.64] ချယ်ရီပန်းများလည်းဖူးပွင့်ဝေပြီ
[00:53.89] အမှောင်ကွယ်ကာတိမ်တွေကြားက
[00:55.75] ပြူထွက်မယ့်ရှင်နေမင်းလို
[00:57.87] မျှော်ကိုးဆဲချစ်သူရယ်မလာတော့
[01:02.66] တုန်ချမ်းလို့ခိုက်ခိုက်အေးနေ
[01:04.25] အပြင်ဘက်ကတိုက်တဲ့မြောက်လေ
[01:06.38] ဝတ်ထားတဲ့ကိုယ့်ရဲ့အနွေးထည်
[01:08.52] မကာနိုင်ရှာ
[01:10.63] ဒါပေမဲ့သေချာလည်းလေ
[01:12.78] ကြင်နာသူပေါ်မဲ့လမ်းမှာ
[01:14.88] မျက်လုံးကမှိတ်လည်းစိတ်နဲ့မြင်နေမယ်
[01:19.95] ဥဒ္ဒိစ္စအလွန် ကမ်းကုန်နေပြီ
[01:26.33] ချစ်လုံ့လ ချစ်ဝီရီယများ
[01:32.70] ရင်ထဲကမီပြင်းတိုက်သလို
[01:34.29] ဒီဂိမာန်နွေမွန်းတဲ့
[01:36.69] နွေဥဩကလေးလဲ လွမ်းတေးသီပြီ
[01:40.93] ချောင်ငယ်မှာထိုင်ကာတွေးမိ
[01:43.06] လိုချိန်မှာမသာတဲ့လလို့
[01:45.45] မျှော်လင့်ဆဲညချိန်ရယ်မလာတော့
[01:49.44] ကျိန်စာတွေပြုကာထားသလား
[01:51.57] ဝေဟင်ကကျတဲ့မြှားပမာ
[01:53.68] ကိုယ်ဆောင်းတဲ့ထီးကပျော့တယ်
[01:55.55] မခံနိုင်ရှာ
[01:57.93] ဒါပေမဲ့သေချာလည်းလေ
[01:59.80] ကြင်နာသူပေါ်မဲ့လမ်းမှာ
[02:02.19] မျက်လုံးကမှိတ်လည်းစိတ်နဲ့မြင်နေမယ်
[02:06.72] ဥဒ္ဒိစ္စအလွန် ကမ်းကုန်နေပြီ
[02:13.10] ချစ်သောက ချစ်စိတ္တဇများ
[02:43.11] ရင်ထဲက ကျတဲ့မျက်ရည်
[02:44.71] ဒီဝသာန်ခါညချမ်းမှာ
[02:46.83] ကိုယ်တစ်ယောက်တည်းမဖောက်လွဲ
[02:48.16] ထီးထီးကျန်နေ
[02:50.82] လှောင်ရယ်ကာနေနိုင်ရက်သူ
[02:52.95] ရွာလေပြီလျှပ်ပြက်မိုးခြိမ်း
[02:55.06] မျက်လုံးထဲနားခံနိုင်ရည်ဝ
[02:59.84] မုန်းတိုင်းကြားပုန်းတဲ့ ငုပ်ကောင်
[03:01.44] မျှော်လင့်ချက်ဆက်၍ထားကာ
[03:03.56] မာနလည်းမထားဘူးမရှိပြီယုံပါတော့
[03:08.08] ဆိုချင်လည်းသေချာလည်းလေ
[03:10.20] ကြင်နာသူပေါ်မယ့်လမ်းမှာ
[03:12.33] မျက်လုံးကမှိတ်လည်းစိတ်နဲ့မြင်နေမယ်
[03:16.84] ဥဒ္ဒိစ္စအလွန် ကမ်းကုန်နေပြီ
[03:23.22] ချစ်အတိတ်ကောင်း ချစ်နမိတ်ကောင်းများ
