05.Pa Lat Phaung Minn Thar
[00:46.69] ကြယ်ရောင်တွေပျောက်တဲ့ညမှာ
[00:49.08] အပြင်လောကထဲထွက်လာသူ
[00:51.74] အဆူအပူခံကာ မှီခိုရာဌာန
[00:56.25] အိမ်ဆိုပေမယ့် အိမ်ရယ် မမည်တော့ဘူး
[01:03.16] မာကြူရီ မီးလုံး အောက်မှာ
[01:05.55] ကိုယ့်အိတ်ထဲ လက်နှိုက်ရှာကြည့်
[01:08.20] ငွေရယ်ဆိုလို့ တစ်ဆယ်တန်နဲ့အကြွေတစ်ချို့
[01:13.25] ရင်ခွင်မှာတော့ မျှော်လင့်ချက်ကြီးတစ်ခု
[01:19.92] မျက်ရည်ကျပြီး လိုက်ခေါ်သူရယ်မရှိ
[01:22.82] သေလိုက သေနိုင်၏
[01:25.48] ရှင်လိုကရှင်နိုင်၏
[01:31.06] ကိုယ့်ခြေထောက်ပေါ်ရပ်ကာနေနိုင်မှ
[01:33.46] ပြန်လာမယ် ပြန်ခဲ့မယ်
[01:36.37] ယောကျာ်းမို့
[01:37.96] ကိုယ်သူဌေးဖြစ် ခွေးဖြစ်ပါပဲ
[01:42.49] ဒီလိုနဲ့ရက်ပေါင်းများစွာ
[01:44.62] ငတ်ခြင်းနဲ့ ပြေးတမ်းလိုက်တမ်း
[01:47.55] လူဆိုတာ တော်ရုံနဲ့သေခဲ
[01:51.79] ကြာလာတော့လည်း ခံနိုင်ရည်ဝ
[01:58.70] အပျံသင်စ တဖြစ်လဲတဲ့အခါ
[02:01.36] ကိုယ် ပလက်ဖောင်းမင်းသား အရင့်စား
[02:04.28] ရေဆိုတာဟာ နွေခါမှာခက်သေး
[02:08.53] ငွေဆိုတာဟာ ရှာနိုင်သူအဖို့မရှား
[02:15.71] လုပ်စရာရှိတာ ပြီးအောင်မြန်မြန်လုပ်
[02:18.11] သိပ်မတွေးနဲ့ သိပ်မမေးနဲ့
[02:21.29] အချိန်ကုန်တယ် လေကုန်တယ်
[02:26.85] အရလွယ်တိုင်းလဲ တွေ့တာ အကုန်မယူနဲ့
[02:28.99] အန္တရယ်က လက်တစ်ကမ်းမှာ
[02:32.17] ကြာကြာဝါးမဲ့သွား
[02:33.49] ဘာစားစား အရိုးကြည့်ရှောင်ဟေ့
[02:50.79] ဖော်မစုံသူသောက်တဲ့ အလင်းဆိုင်
[02:53.17] ကိုယ်ကြိုက်တဲ့ ခုခေတ်ပေါ်သီချင်း
[02:56.09] ဖီလင်ဆိုတာ ဒီဟာကိုခေါ်သလား
[03:00.34] ဘာရယ် ညာရယ် ကိုယ်လေ မသိဘဲဆွေး
[03:07.24] အချိန်တန်တော့ ဘဝပေးကုသိုလ်
[03:10.19] ကိုယ်လဲဘဲ အတွဲကလေးနဲ့မိ
[03:12.85] မဒီကိန္ဒီရီ စံချိန်မမီပေမဲ့
[03:16.83] ဟာနေတာကိုမဟာရုံ သူဖြည့်ပေး
[03:24.00] ရွေးနေရအောင် မင်းက ဘာကောင်လဲ
[03:26.91] အကောင်းဆုံးက အကောင်းဆုံးပေါ့
[03:29.59] တန်ရာက တန်ရာပေါ့
[03:35.43] ရုပ်ရှင်ကြည့်ပြီး ရူးချင်တယ်ဆိုလဲ
[03:37.82] ကပ်လက်စနဲ့ ကပ်ဦးပေါ့ ထရံထက်မှာ
[03:42.06] ရွှေမင်းသမီး ဇာတ်ကားကြော်ငြာ
[03:46.84] လူဆိုတာ အကျင့်ရဲ့ကျေးကျွန်
[03:49.79] ထီထိုးရင်း တိုက်ဖို့မေ့နေရင်း
[03:51.90] ဒီအခြေအနေကို ပျော်တယ်လို့ မယူဆရင်
[03:56.42] ပျော်တယ်ဆိုတာ ဘာလဲ ကိုယ်မသိတော့
[04:03.06] နာမည်ကျော်ငွေရှိတဲ့ဘဝဟာ
[04:05.98] အိပ်မက်နဲ့ပဲ ကျိမ်းကျေတက်
[04:08.90] ဒီအရွယ်မှာမှ ကိုယ်ဘာကောင်လဲမသိရင်
[04:12.89] ကိုယ်ထင်တာထက် ကိုယ်ဟာ ပိုအပေါ့
[04:19.82] ကြိုက်တာရမယ် သူ့တန်ရာတန်ကြေး
[04:22.74] ဘရာသာရေ ဇေပါတယ် ငွေသာအရင်မစပါ
[04:30.97] ကိုယ့်ဖြေထောက်ပေါ် ရပ်ကာနေနိုင်သရွေ့
[04:33.64] လျှောက်ဦးဟေ့ လျှောက်ဦးဟေ့
[04:36.81] နောက်ဆုံးနေ့အထိ ကိုယ် ပလက်ဖောင်းမင်းသား
[04:39.20] အရင့်စား
[04:42.67] ကြိုက်တာရမယ် သူ့တန်ရာတန်ကြေး
[04:45.09] ဘရာသာရေ ဇေပါတယ် ငွေသာအရင်မစပါ
[04:53.31] ကိုယ့်ခြေထောက်ပေါ်ရပ်ကာ နေနိုင်သရွေ့
[04:55.97] လျှောက်ဦးဟေ့ လျှောက်ဦးဟေ့
[05:01.81] နောက်ဆုံးနေ့အထိ ကိုယ်ပလက်ဖောင်းမင်းသား
[05:02.34] အရင့်စား
