Lrc Player

03.Chit Arr Nae Mha Chit Arr Kyi

Unknown artist
[05:20.91]·Synced by Guest·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:36.08] စိတ်ဓာတ်အကျဆုံးတစ်နေ့ရဲ့

[00:37.93] ညနေချိန် အကူးမှာ

[00:41.40] ဘယ်လိုမျှော်လင့်ချက်မှ

[00:43.51] မထားနိုင်တဲ့အဆုံးမှာ

[00:48.02] အမှောင်တကာအမှောင်ဆုံးလမ်းက

[00:49.08] လျှောက်ခဲ့တဲ့တစ်ယောက်မို့

[00:52.82] ဒီပြင်နေရာတိုင်း

[00:54.69] လင်းလွန်းအားကြီးသလို အဖြစ်ပါ

[00:58.14] ချောင်ပျော်သူရဲ့ မျက်လုံး

[01:01.05] ထင်ယောင်ထင်မှား ဝေဝါး

[01:04.24] မှုန်နံသာမခြယ်ဘဲ မသဘဲ

[01:06.64] ယဥ်တကာအယဥ်ဆုံးပါပဲ

[01:09.82] ကိုယ်လေသန့်ရှင်းတဲ့အကြည့်နဲ့တောင်

[01:12.23] လက်ဖျားခါ

[01:15.67] သူသာအလှဆုံးပဲမို့ တွေ့ရတာဝမ်းသာ

[01:21.26] ရင်မှာကုန်ပြီမှတ်တဲ့

[01:23.39] ကိုယ့်ရဲ့သုညနှလုံးသားဟာ

[01:26.58] ပြန်ပြီး လှုပ်ချင်လာ

[01:29.23] တဖန်ထပ် ချစ်ချင်လာ

[01:32.16] ဒဏ်ရာတွေဟာတစ်သက်လုံးမပျောက်ဘူး

[01:35.08] ဆိုခဲ့တဲ့အကောင်ဟာ

[01:38.00] သိပ်သိပ်ရှက်စရာ ဖြစ်ရပြီပေါ့တစ်ခါ

[01:48.90] ရုပ်နဲ့နာမ်ရင့်ကျက်ခြင်းစလာတဲ့

[01:51.55] တစ်ယောက်မို့

[01:53.40] ကိုယ့်ထက်ပိုပြီးတရားဓမ္မအရိပ်မှာ

[01:56.08] ကြာမြင့်သူ

[01:58.99] အကြင်နာ ချစ်စကားပြောဖို့

[02:01.12] ကိုယ့်လိပ်ပြာ မသန့်ပါ

[02:04.83] ဒီလိုအခွင့်အရေးမျိုးလဲ

[02:07.22] နောက်ထပ် မလာတော့ပါ

[02:10.41] ငြိမ်နေပြန်တော့ သူလေး

[02:13.33] ကိုယ်စိတ်ဝင်စား တာမှန်း

[02:15.98] မမြင်မသိပါဘဲ ဒီကိုပြန်သွားမှာပဲ

[02:21.82] ဒီဘဝခရီးတွက်

[02:23.16] လက်တွဲဖို့ရာ အခါနှောင်းလဲ

[02:27.68] နောင်လာလတ္တံမဲ့ဘဝများတွက်

[02:30.07] တန်းစီခြင်းပါ

[02:33.78] ဣန္ဒြေရှင်ရေ နောက်တွန့်မသွားနဲ့

[02:35.91] ကိုယ်သိပ်ပွင့်လင်းလို့

[02:38.83] တို့ထုံးတမ်းစဥ်လာ

[02:41.49] လှည့်စားမှုရယ်မပါ

[02:44.41] စိန္တေရှင်ရဲ့ရှေ့မှောက်ရောက်တုန်း

[02:47.34] အတူဆုတောင်းပါစို့ ဦးခိုက်ဝပ်တွား

[02:53.18] ပေါင်းလိုက်သော်ဆယ့်နှစ်ခါ

[03:00.35] တစ်အပေါင်းတစ်သည်နှစ်ကျော်မည်

[03:02.74] အချစ်အပေါင်းအချစ်သည်သစ္စာမည်

[03:05.66] ဘယ်သူ့နောက်လိုက်မဟုတ်ပါဘူး

[03:08.58] နဂိုကရှိရင်းစွဲပါကွာ

[03:11.50] ပုံပမာပြုပြရရင်တော့

[03:14.42] သမင်ဆိုလဲ တောထဲအတူတူ

[03:17.07] ပျံတဲ့ငှက်ဆို တစ်ပင်ရဲ့တစ်ကိုင်း

[03:19.73] လူဆိုအနီးကပ်ဆုံးမောင်နှံ

[03:22.92] သူကအမဆို ကိုယ်ကအထီး

[03:25.58] ကိုယ်ကအမဆို သူကအထီး

[03:28.24] လိင်အနေနဲ့လဲကျား မ မတူ

[03:31.17] ဆုံဖို့ ပေါင်းဖို့သာအဓိက

[03:34.35] သူနဲ့တပည့်တော်သည်

[03:37.01] ပါရမီဖြည့်ဖက်အဖြစ်

[03:39.65] သံသရာထဲရှိစဥ် ဖြစ်လို၏

[03:45.78] ဘယ်မှာလဲ ဘယ်မှာလဲ

[03:48.15] ချစ်အားနည်းရပ်ဝန်းတစ်ခုကို

[03:51.08] ရှောင်နေသူ ရှောင်နေသူ

[03:53.47] လွှတ်မဲ့လွှတ်တော့လဲ

[03:56.65] နေရာဟောင်းမှာပဲနေရာဟောင်းမှာပဲ

[04:03.83] ဘယ်မှာလဲ ဘယ်မှာလဲ

[04:06.75] ချစ်အားကြီးရပ်ဝန်းတစ်ခုကို

[04:09.40] မရှာဘဲနဲ့ မရှာဘဲနဲ့

[04:12.33] တွေ့မဲ့တွေ့တော့လဲ

[04:14.99] ကိုယ့်အနားမှာပဲ ကိုယ့်အနားမှာပဲ

[04:22.16] ကိုယ့်အနားမှာပဲ