05.A Sar Htoe Ma Ya Tae Sone Shone Mhu
[00:11.95] ဆက်နိုင်အောင် ကြိုးစားရင်း
[00:14.80] အမြင့်ရယ် ကွာခြားလွန်းတဲ့
[00:17.34] ကမ်းပါးနှစ်ခုကို
[00:19.99] နေအဝင်မှာ ဖြတ်ကူးအလာ
[00:23.91] မခိုင့်တခိုင်နဲ့ တံတားလေး ကြိုးပြတ်ကာ
[00:29.22] ညအမှောင်မှာ စမ်းတဝါး လမ်းပျောက်ကွယ်
[00:35.87] ချည်နှောင်တဲ့ ကြိုးကလေး ဘယ်သူ ဖြတ်တာလဲ
[00:43.57] အဖြေရယ်မရှိတဲ့ ဒီအမေးတွေထဲ
[00:50.66] အဖြေရှာရင်း
[00:54.57] အိုမင်းလို့သာ လာပါပြီကွယ်
[01:00.86] လမ်းစရယ် ဖွေမရှာနိုင် ယနေ့တိုင်ပဲ
[01:15.24] အချစ်ကိုလေ ကိုးစားခဲ့
[01:17.89] စိတ်အလိုကို အားဖြည့်လို့
[01:20.72] မျက်ကန်း တစ်ယောက်လို
[01:23.28] အရာရာကို စွန့်ခဲ့တာ
[01:27.27] ပွင့်ချိန်မှာ ပန်းကလေး ပွင့်ခဲ့တယ်
[01:32.35] မေတ္တာရည်ခမ်းခြောက်လို့ နွမ်းခဲ့ပြီ
[01:39.17] ကြင်နာသူပါးကလေး ဘယ်သူ နမ်းပြီလဲ
[01:47.05] ကယ်တင်ရှင်လက်ကလေး ဘယ်သူ ဖမ်းကိုင်လဲ
[01:54.13] ရင်အပူမီး
[01:58.04] ဘဝဆုံးထိအောင် လောင်ကာ နေမယ်
[02:04.33] ငြိမ်းမယ့်သူ ဘယ်မမြင်နိုင် ယနေ့တိုင်ပဲ
[02:32.17] နှောင်းချိန်မှာ သတိရမိ
[02:34.73] နုပျိုတဲ့ နှလုံးသား ကျွမ်းခဲ့ပြီးပြီ
[02:39.80] ဘယ်အရာနဲ့ အစားထိုးမလဲ
[02:43.77] ဘဝကံကြမ္မာ ဒုက္ခတွင်းထဲမှာ
[02:48.84] ဇာတ်ဆရာရဲ့ခိုင်းသမျှ လုပ်ဖို့ပါ
[02:55.76] ဘယ်ရင်ခွင်မှေးလို့ ဘယ်သူ ထွေးပြီလဲ
[03:03.73] ပိုင်ဆိုင်တဲ့နှလုံးသား ဘယ်သူ နားပြီလဲ
[03:10.55] အချိန်တွေရယ်
[03:14.45] ကုန်ဆုံးလို့သာ အရွယ်လွန်နေပြီ
[03:20.83] သောကရယ် ဖြေမဆည်နိုင် ယနေ့တိုင်ပဲ
