09.Min Shi Mha Pal
[00:20.68] မင်းရှိမှပဲ လောကအလှအပတရားကိုလဲ
[00:26.20] ပိုမြင်မိသလို
[00:31.26] မင်းရှိမှပဲ ချစ်ခြင်းမေတ္တာတရားကိုလဲ
[00:36.49] အရင်ထက် ပိုပြီး ခံစားမိသလို
[00:44.51] မင်းရှိမှပဲ ကျေးငှက်တေးသံများဟာလဲ
[00:49.82] ပိုချိုမြသလို
[00:55.15] မင်းရှိမှပဲ ပန်းရဲ့အမွှေးရနံ့များဟာလဲ
[01:00.19] အရင်ထက် ပိုပြီး ရင်ထဲစွဲသလို
[01:08.16] အတူနေရရင် အတူနေရရင်
[01:12.41] အိုနေတာ ပြန်လည်ပြီး နုပျိုမှာပဲ
[01:21.18] အတူနေရရင် အတူနေရရင်
[01:25.43] မှောင်နေတာ ပြန်လည်ပြီး လင်းဦးမှာပဲ
[01:34.11] မင်းရှိမှပဲ ကိုယ့်ညချမ်းရဲ့မီးဖိုလေး
[01:39.69] ပိုမိုနွေးသလို
[01:45.00] မင်းရှိမှပဲ ကိုယ့်ရဲ့အိပ်ယာလေးဟာလဲ
[01:50.05] အရင်ထက် ပိုပြီး ကြည်နူးနွေးသလို
[01:57.83] မင်းရှိမှပဲ စားတဲ့မုန့်ရဲ့အရသာလေး
[02:03.43] ပိုလျှာတွေ့သလို
[02:08.75] မင်းရှိမှပဲ ခက်တဲ့ ပြဿနာပုစ္စာများ
[02:13.78] အရင်ထက် ပိုပြီး လွယ်သွားရသလို
[02:21.75] အတူနေရရင် အတူနေရရင်
[02:26.04] အခြေအနေဟာ အရင်ကထက် ကောင်းလာမှာပဲ
[02:34.54] အတူနေရရင် အတူနေရရင်
[02:39.05] မောင်မယ်တူ ရွှေလက်တွဲ ခေါင်းမော့နိုင်မယ်
[03:22.39] မင်းရှိမှပဲ အဗန္ဓရသရက်သီး မှီဝဲလို့
[03:27.96] ပိုပျိုမြစ်သလို
[03:32.92] မင်းရှိမှပဲ စိတ်လက်ကြံ့ခိုင်မှုဟာလဲ
[03:38.28] အရင်ထက် ပိုပြီး အစဥ်ပြည့်ဝသလို
[03:45.98] မင်းရှိမှပဲ တစ်ချက်ကောင်း အတွေးအခေါ်များဆိုလဲ
[03:51.56] မကြာမကြာထွက်သလို
[03:56.88] မင်းရှိမှပဲ တစ်ယောက်ကောင်း
[04:00.06] မောင်းမပေါင်းတထောင်နဲ့
[04:01.57] အရင်ထက်ပိုပြီး ညီမျှသွားသလို
[04:09.74] အတူနေရရင် အတူနေရရင်
[04:13.99] နှစ်ကိုယ်ရင်ခွင် အပူအပင်မဲ့ ဖြစ်ပါစေသား
[04:22.76] အတူနေရရင် အတူနေရရင်
[04:27.03] ဒီရာဇဝင် ကမ္ဘာတွင်ပြီး ကြွင်းရစ်စေသား
