Lrc Player

11.Arr Lone Ko Pyaw Say Chin Khae Thu

Unknown artist
[04:28.72]·Synced by Guest·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:20.11] အစကတည်းက အတွယ်အတာတွေများ

[00:24.79] အားလုံးကို ပျော်စေချင်တာ ကိုယ့်အားနည်းချက်

[00:31.35] မြွေမသေ တုတ်မကျိုး မလွယ်တဲ့ အဖြစ်မျိုး

[00:36.32] မျှော်လင့်ချက် တကယ်ကြီးမားခဲ့သူ ကိုယ်ပါ

[00:43.76] ရင်မှာလေ ဘယ်လို ရှိမယ် ပြောဖို့ရာ လူမဟုတ်ဘူး

[00:51.20] မင်းစိတ်နဲ့ပဲ နှိုင်းပေါ့

[00:55.44] ရွှေမျက်နှာ ကြည်လင်နေတာပဲ

[00:59.08] ကိုယ်တွေ့ချင်တယ်

[01:02.80] အသံကလေးတွေ ရယ်ရွှင်နေတာပဲ

[01:06.25] ကိုယ်ကြားချင်တယ်

[01:09.72] ဒါပေမယ့် ထင်သလို စေတနာအကျိုး မပေးပုံရယ်

[01:14.13] ချစ်သူရေ တို့နှစ်ယောက်ရဲ့ကံကိုပဲ ယိုး

[01:18.63] ချစ်သူရေ တို့နှစ်ယောက်ရဲ့ကံက ဆိုး

[01:28.90] ချစ်သမျှကို ဆိုတဲ့နှုတ်ဖျား

[01:33.58] ဖြစ်ရလေ ဆိုတဲ့သက်ပြင်း ကိုယ် ချရပြီ

[01:39.96] ဟိုလူချော့ရင်း ဒီလူသိပ်ရင်း

[01:44.74] နောက်ဆုံးတော့ အိပ်ရေးပျက်ရသူ ကိုယ်ပါ

[01:52.45] ရင်မှာလေ ရွှေလိုဥတဲ့

[01:56.16] ချစ်ကရုဏာတွေတောင်မှ

[01:59.35] ဒေါသအတောင်ပေါက်ခဲ့ပေါ့

[02:04.13] ချော်လဲရင် ဖုန်တွေခါကာရယ် ထူပေးချင်တယ်

[02:11.33] နာတဲ့အခါ အကြင်နာ အာငွေ့နဲ့ မှုတ်ပေးချင်တယ်

[02:18.47] ဒါပေမယ့် ထင်သလို ထာဝစဉ် လုပ်မပေးနိုင်တယ်

[02:22.36] ချစ်သူရေ တို့နှစ်ယောက်ရဲ့ကံကိုပဲ ယိုး

[02:27.14] ချစ်သူရေ တို့နှစ်ယောက်ရဲ့ ကံက ဆိုး

[03:05.97] ကောင်းကွက်တွေ ထောင်ချီပေမယ့်

[03:10.49] ဆိုးကွက်တစ်ခု ဝင်လာတာနဲ့ အကုန်ပျက်ရမယ်

[03:17.13] ငိုချိန်ရောက်မှ ငိုလေဦးပေါ့

[03:21.65] မျိုသိပ်ရင်း ပေါက်ကွဲခဲ့ရသူ ကိုယ်ပါ

[03:29.35] ရင်မှာလေ မြင်ခဲ့ဖူးတဲ့ ချစ်ဗိမာန် ဘယ်လိုချဉ်းမလဲ

[03:36.27] လက်လျော့ကာနီးလေးပေါ့

[03:41.00] ဘယ်စကားတွေ ဘယ်နေရာတုန်းက

[03:44.13] ကိုယ်ပြောမိမှားတာလဲ

[03:48.38] ဘယ်အပြုအမူ ဘယ်အချိန်တုန်းက

[03:51.29] ကိုယ်လုပ်မိမှားတာလဲ

[03:55.29] အဖြေမှန်တွေ ရှာလေကြာလေ ရှုပ်ထွေးလေလေ

[03:59.53] ချစ်သူရေ တို့နှစ်ယောက်ရဲ့ ကံကိုပဲ ယိုး

[04:04.32] ချစ်သူရေ တို့နှစ်ယောက်ရဲ့ ကံက ဆိုး